☺️ "ဗျို့ အုပ်ကြီးကိုရိုး ရပ်ကွက်ရုံးက
အခုလာခဲ့ဘာဒဲ့ အရေးကြီးလို့ဒဲ့ --
🙄 တနဂ်နွေနေ့ တစ်နေ့လောက်နားရ
မလားမှတ်တယ် နားကိုမနားရဘူး
အသက်တစ်ရာ မနေရပေမဲ့ အမှု့တစ်ရာ
ပွေရ ဝူး --
🤔 "ဘယ်သူတွေ ဘာဖြစ်ပြန်တာလဲကွာ-?
🥺 "ဒေါ်ပိုက် အသုဘ မှာ ကိုခန့်နဲ့ ထွန်းလင်း
ဖဲ ကစားရင်း ရန်ထဖြစ်ကြလို့တဲ့ အုပ်ကြီးရေ--
🤔"ဘယ်က ဒေါ်ပိုက်လဲကွ-?
🙄"ရွာတောင်ပိုင်းက သပွတ်အူနဲ့စာသိုက်
အမေ ဒေါ်ပိုက်လေဗျာ --
😉"ဪ အေးအေး အရှုပ်ထုပ်အိမ်မှာ
ရှင်းမတဲ့ နှစ်ကောင် ရန်ဖြစ်ကြတာဆိုတော့
သွားဦးမှဘာ --
😔 ရပ်ကွက်ရုံးရောက်တော့ လူစုံ
တက်စုံ ရန်ဖြစ်တဲ့ နှစ်ကောင်က ရှေ့မှာ
ငခန့် ခေါင်းလည်း ပတ်တီးနဲ့ 🤕
😰"ဘယ်ကနေ စဖြစ်ကြတာလဲ
အေးအေးဆေးဆေးပြောပြစမ်းပါဦး-?
🤕 "ကျနော် သီချင်းဆိုတာကို သူ့ကို
စောင်းမြောင်းဆိုပါတယ် ဆိုပြီးစကား
များရာက ကျနော်ကို ထွန်းလင်းက
ဓါတ်မီးနဲ့ ခေါင်းကို ထုတာ အုပ်ကြီး--
😠"မင်း ငါ ဖဲရှုံး နေမှန်းသိရဲ့နဲ့ စောင်းပြီး
ဆိုတာ ငါသိတယ် --
🤗"ကဲကဲ နေကြစမ်းပါဦး ငါအုပ်ကြီး
အုပ်ကြီးဆရာ ငါ မေးပါရစေဦးဟ--
🤔"ဟေ့ကောင် ငခန့် မင်းက ဘာ
သီချင်း ဆိုတာလဲ-?
😜"ဟာ အုပ်ကြီးတောင် ဦးဂျိုကာ
ကာရာအိုကေ မှာ လာအော်နေတဲ့ ဟိုဗျာ
သုမောင်ရဲ့ နဂ်ါးနီ သီချင်းဆိုတာပါဗျာ--
🤔"အေးလေကွာ နဂ်ါးနီ သီချင်းနဲ့ထွန်းလင်း
ဘာဆိုင်လို့လဲ-?
😠"ဆိုင်တာမှ သိပ်ဆိုင် အုပ်ကြီး
ငခန့်ကို အဲ့သီချင်း ဆိုခိုင်းကြည့်ဗျာ--
🙄"ဟေ အေးကွာ လက်တွေ့စံတာပေါ့
ငခန့် ဆိုကွာ နဂ်ါးနီသီချင်း ငါလည်း
ကြိုက်သကွ --
😠"လက်တွေ့စံချင်ရင် လက်တွေ့
ပြရတော့တာပေါ့ ဟင်း --
🤔"ထွန်းလင်း ဒေါသကိုလျှော့ မင်းကွာ
သီချင်းလေး ဆိုမိတာနဲ့ ကဲ ဆိုကွာ
ငခန့် --
🤩#အဟမ်း ငခန့် ချောင်းဟန့်လိုက်ပြီး
ရပ်ကွက်ရုံးထဲ မု့ အပြည့်နဲ့ ဆိုပါလေရော--
🎤#ဆင်းရဲခြင်းလွတ်ကင်းအောင်လမ်းပြဆောင်ပါမည်
😜"ကဲ ဘယ်လောက်ကောင်းလဲ ထွန်းလင်း
သီချင်းနဲ့ မင်း ရန်ထဖြစ်ရအောင်ဘာ
ဆိုင်လို့လဲ-?
😠"မဟုက်သေးဘူး အုပ်ကြီး ဆက်ဆို
ခိုင်းပါဦးဗျ --
🤔"အေး ငခန့် ဆက်ဆိုကွာ--
🎤#ရတနာခုနှစ်သွယ်တကယ်ပင်စုံညီဒို့အမျိုးသားတိုင်းပြည် --(၂)
🤔"ကဲ ဟေ့ကောင်ထွန်းလင်း ဒီလောက်
ကျက်သရေရှိတဲ့ သီချင်းကိုကွာ--
😠"ဒီမှာ အုပ်ကြီး ဆက်ဆိုပါစေဦးဗျ--
🤔"အေး ဒါဆိုလည်း ဆိုကွာ ငါက
ရပ်ဆိုမှ ရပ် ဟုက်ပြီလား --
😜ဘာပြောကောင်းမလဲ ငခန့် ဆက်
ဟဲ တော့တာပေါ့ ရပ်ကွက်ရုံးထဲ ကာရာအိုကေ
ထောင်ထားတယ် အထင်နဲ့ ရပ်ကွက်ထဲက
လူတွေ လာကြည့်ကြတာ လူအုပ်ကြီးကို
မနည်းမနောပဲ --
🎤#မွဲတဲ့သူလှုဒါန်းနိုင်မည်ကျောင်းဆောက်ကာဘုရားပါတည်
😔"ဂလု (ရေသောက်လိုက်သေး)
🎤#ဘိုးဘိုးအောင်နဲ့ရှင်အစ္စဂေါဏမတဲ့ကိန်းစိုက်မည် --
🎤#ကျန်းကျန်းမာမာချမ်းချမ်းသာသာဘေးရန်ကာစီးမည်
🎤#လူမွဲတွေလည်းမနှေးခေတ်မှီသူဌေးဖြစ်တော့မည် (၂)
🎤#ဒို့နဂ်ါးနီသိန္ဓိတန်ခိုးနဲ့အကျိုးထူးပေးတော့မယ်တဲ့ဗျ(၂)
🎤#ခေတ်သစ်ထူထောင်မည်အေးရန်မြန်မာပြည်နဂ်ါးနီတန်ခိုးနဲ့အမျိုးဂုဏ်တက်စေမည် --
🎤#သိန္ဓိအဖုန်ဖုန်အကုန်လုံစေမည်နေ့စဉ်ညစဉ်ဖိုမထိုးပဲအကျိုးထူးစေမည် (၂)
🎤#ဘာသာရောင်သာသနာရောင်ထွန်းလင်းပြောင်မည် --
🤕 #တိန်
🥴 #ခွပ်
🤔"ဟာ ဟေ့ကောင် ထွန်းလင်း မင်း
ဘယ်လိုလုပ်လိုက်တာလဲဟင်-?
😠 ထွန်းလင်း ဘာမှ မပြောမဆိုနဲ့
ငခန့်ကို ရုံးစားပွဲပေါ်တင်ထားတဲ့
စက္ကူဖိတဲ့ ဖန်တုံးတဲ့ ကောက်ထုတာ
ငခန့် ထိပ် ထပ်ကွဲပါရောလား 🤕🤧
😠"အုပ်ကြီးမကြားဘူးလားဗျ
#ဘာတဲ့ထွန်းလင်းပြောင်မည် ဆိုတာ
ဒါ ကျနော့ကို ဖဲရှုံးနေမှန်းသိလို့ စောင်း
ဆိုတာ --
🥴 #ငင့်
😂အုပ်ကြီးကြားထဲကနေ ငခန့်ဆေးခန်း
လိုက်ပြပေးပြီး ဆေးဖိုးပေးဖြောင်းဖြရပေါ့--
✍️ Cartoon - Credit
🥰 K T A @ 😁🥴🤧
Comments
Post a Comment