အမှတ်တရ DJ
============
အခုရက်တွေမှာ Pop Newsတွေနဲ့
ပတ်သက်ပြီးထူးခြားချက်တစ်ခုကို
သတိထားမိတယ်..
ဘယ်မင်းသားကတော့ DJ လိုင်းဝင်
သွားပြီ|ဘယ် မင်းသမီး(ဒါမှမဟုတ်)
မော်ဒယ်မ,လေးလည်း DJ အလုပ်
ပဲလုပ်တော့မယ်..စသည်ဖြင့်တကူး
တက..တရားဝင်'အော်'ပြနေတာမျိုး
ကိုပါ..
အဲ့ဒီ DJ ဆိုတာ တူရိယာ/ဂီတနဲ့
ဆိုင်တဲ့ Instrument အသုံးတစ်ခု
အနေနဲ့ပဲသိပြီး တီးခတ်ရတာလား..?
မှုတ်တာလား..? ဒါမှမဟုတ်ဘဲ
Computer Program နဲ့ Arrange
လုပ်ရတာမျိုးလား..?ကိုယ်သေချာ
မသိပါဘူး..
(အနုပညာနဲ့ပတ်သက်လို့ လေချွန်
တာတောင်အဖြစ်မရှိတဲ့ကိုယ့်
အတွက် DJ ဆိုတာတော်တော်စိမ်း
နေတဲ့အကြောင်းပါ..😜)
ဒီနေ့ ကာတွန်းတစ်ကွက်ကိုဖတ်မိ
တော့မှ DJဆိုတာဘာလဲဆိုတာကို
ရိပ်မိတယ်..
ဒီကာတွန်းကိုဖတ်ရင်း 'ကလျာ'
မဂ္ဂဇင်းတစ်အုပ်မှာဖေါ်ပြခဲ့တဲ့ဆရာ
ကာတွန်း'မောင်ဝဏ္ဍ'လက်ရာတစ်ခု
ကိုသတိရနေမိတယ်..
အိမ်ဆောက်နေသူက 'ဘဝဆိုတာ
တည်ဆောက်ခြင်း'လို့ပြောတယ်|
ပန်းပုထုရင်းမလိုတဲ့အသားတွေကို
ဖဲ့ထုတ်နေတဲ့ ပန်းပုဆရာက'ဘဝ
ဆိုတာ ဖဲ့ထုတ်ခြင်းပဲ'လို့ဆိုပြန်တယ်|
အိုးထိန်းသည်ကတော့ ရွံ့နဲ့လုပ်ထား
တဲ့အကြမ်းထည်ကို စက်တင်ပြီး
ချောမွေ့အောင်ပွတ်ရင်းဘဝဒသန
ဖွင့်တယ်..'ဘဝဆိုတာပွတ်ယူခြင်းပဲ'
လို့ အနက်ဖွင့်ပြတယ်..
သူတို့တစ်ယောက်ချင်းစီရဲ့'ဘဝ
ဒသန'ကိုမေးမြန်းလေ့လာ သုတေ
သနပြုနေသူလည်းအာရုံတွေပြား
ရင်းရေရွတ်မိသတဲ့..
ဪ..
ဘဝဆိုသည်မှာ'ဆောက်ဖဲ့ပွတ်'ကြီး
ပါပဲလား..ဆိုပြီး😜😜😜
ဟဲဟဲ..
DJ ဆိုတာဘာမှန်းမသိတဲ့ကိုယ့်
အတွက်ဒီနေ့ကာတွန်းတစ်ကွက်
ကိုမြင်မှ အလင်းရသွားတယ်..
'ဪ..DJ ဆိုသည်မှာ ပွတ်ခြင်း
ပါပဲလား..'ဆိုပြီး..
Crd
***(Cartoon Credit)

DJ ဆိုတာ Dog Joy ပါ
ReplyDeleteAdmin ...
Clickerတွေကလဲ Phဘေးပွတ် ပွတ်ပီး click ရတဲ့အတွက် CJ တွေပေါ့