အငြိမ်းစားအရာရှိကြီးတစ်ယောက်
လေယာဉ်စီးပြီး နယူးယောက်မြို့ကို သွားတယ်။
လေယာဉ်တက်ပြီး သိပ်မကြာမီပဲ
ရိုးရိုးတန်းမှနေ ပထမတန်းခုံကို ပြောင်းထိုင်တယ်။
ဒါကြောင့် လေယာဉ်မယ်လေးက
သူ့လက်မှတ်ကို တောင်းကြည့်ပြီး
ရိုးရိုးတန်းကို ပြန်ပြောင်းထိုင်ဖို့ပြောရာ
"ငါက ရာထူးကြီးတယ်၊ လူကောင်လည်း ကြီးတယ်၊
နယူးယောက်ကိုသွားမှာ အကြာကြီးစီးရမှာမို့
ဒီမှာပဲထိုင်မယ်"
လေယာဉ်မယ်က ပြောမရတဲ့အဆုံး
တွဲဖက်လေယာဉ်မှူးကို သွားခေါ်လာတယ်။
တွဲဖက်လေယာဉ်မှူးလည်း ကိုယ့်နေရာကိုယ်ထိုင်ဖို့
ဖျောင့်ဖျပြောဆိုပေမဲ့
"ငါက ရာထူးကြီးတယ်၊ လူကောင်လည်း ကြီးတယ်၊
နယူးယောက်ကိုသွားမှာ အကြာကြီးစီးရမှာမို့
ဒီမှာပဲထိုင်မယ်" လို့ပဲပြန်ပြောနေတယ်။
နောက်ဆုံး လေယာဉ်မှူးကြီးကို
အကျိုးအကြောင်းသွားပြောပြတဲ့အခါ
"ငါ့ယောက္ခမလည်း အရာရှိဟောင်းပဲ၊
ဘယ်လိုပြောဆိုရမယ်ဆိုတာ ငါသိတယ်"
လို့ပြောပြီး လေယာဉ်မောင်းခန်းက ထွက်သွားတယ်။
လေယာဉ်မှူးကြီးက အငြိမ်းစားအရာရှိကြီးနားကပ်ပြီး
တိုးတိုး တိုးတိုးပြောလိုက်တယ်။
တအောင့်နေတော့
အငြိမ်းစားအရာရှိကြီး
ရိုးရိုးတန်းကို ပြန်ပြောင်းသွားတယ်။
တွဲဖက်လေယာဉ်မှူးလေး အံ့အားသင့်ပြီး
"ဆရာ - ဘယ်လိုပြောလိုက်လဲ သိပါရစေ"
"ငါ ဘာမှ အထွေအထူးမပြောရပါဘူး။
ပထမတန်းက နယူးယောက်မြို့ကို မသွားဘူး။
ရိုးရိုးတန်းကပဲ နယူးယောက်မြို့ကို ရောက်မယ်။
ဒါပဲ ငါပြောလိုက်တာ"
🤣🤣🤣
Crd
MHA

Comments
Post a Comment