အမျိုးသမီးတစ်ယောက်သည်အကျဉ်းထောင်သို့ သွားပြီးသိပ်မကြာခင်ကမှအနှစ် ၄၀ ထောင်ချခြင်းခံခဲ့ရသော ခင်ပွန်းဖြစ်သူထံသို့ ထောင်ဝင်စာ သွားတွေ့လေသည်။
သူမသည် ဧည့်တွေ့ခန်းအတွင်းတွင် ခင်ပွန်းဖြစ်သူ နှင့် တွေ့လျှင်တွေ့ခြင်းခင်ပွန်းဖြစ်သူအား ဖက်လိုက်ပြီး နောက် အော်ဟစ်ကာငို လိုက်လေသည်။
" အမလေး! ကိုဘမောင်ရဲ့ အနှစ် ၄၀ ကြီးများတောင်တဲ့
ကိုဘမောင် ရဲ့!"
ထိုအခါ ခင်ပွန်းဖြစ်သူက နှစ်သိမ့်လိုက်သည်။
" အေးပါကွာ! မိန်းမရာ...ဒါ့ထက် မင်း ဘာတွေ လုပ်မယ်လို့ စိတ်ကူးထားလဲ ဟင်?"
အမျိုးသမီးကလည်း တရှုံ့ရှုံ့ လုပ်လိုက်ပြီးမှ ပြန်၍
ပြောလိုက်သည်။
" ကိုဘမောင်ရယ်... ကျမလေ ရှင့် အမှုကိုကိုင်တဲ့
တရားသူကြီးကို သွားတွေ့လိုက်တယ်...ရှင့်!"
" သူက မင်းကို ဘာပြောသလဲ?"
ဟု ကိုဘမောင်ကမေးသောအခါ သူမက ပြန်၍ ပြောလေသည်။
" သူက လေ... ကျမကိုသူနဲ့ တစ်ညတာ လာအိပ်တိုင်း
ရှင့်ရဲ့ အပြစ်ဒဏ်ကိုတစ်နှစ် လျှော့ပေးမယ်..တဲ့ "
" ဘာ...!! တော်တော်စက်ဆုတ်စရာကောင်းတဲ့
အကောင်ဘဲ!အဲ့ဒီတော့ အဲ့ဒီ့ခွေးမသားကို မင်းက
ဘာပြန်ပြောလိုက်သလဲ?"
ဟု ကိုဘမောင်က ဒေါသတကြီး
အော်၍ ပြောလိုက်သည်။
ထိုအခါ အမျိုးသမီးသည် ဤကဲ့သို့ ပြန်၍ ပြောလိုက်လေသည်။
" အမလေး ကိုဘမောင်ရယ်! ဒါတွေကို နောက်တော့
သေသေခြာခြာပြောပြပါ့မယ်တော် အခုတော့ ရှင့် ပစ္စည်းတွေသိမ်းတော့နော်....ကျမတို့ အိမ်ကို ပြန်ကြရအောင် ပါ... ရှင် " 🤧
😬😬😬😬😬
Credit
via kyaw kyaw myint lwin
#လူကြီးမင်း
Comments
Post a Comment