"""""""""" ယောင်ရဲ ယောင်ကြည့် """""""""


မိစိုး အဖေက ယောင်....တတ်တယ်ဗျ..... 😁

ပြီးရင် သူမဟုတ်သလိုပဲ....😂


မိစိုး ငယ်ငယ်တုန်းပေါ့......😁

အိပ်နေတုန်း အဖေ ထ ယောင်ပြီး.......

ကိုယ့်ကို လည်ပင်းညှစ်ပါလေရော......🤧

ပါးစပ်ကလည်းးးးး


"ဟဲ့ သူခိုးမ နင်ပြေးစမ်းးးး😡

ငါ့လက်က လွတ်မယ်ထင်နေလားးးးးးး😡

သေစမ်းကွာ.... သေ.... သေ.... သေစမ်းးးးးးး"😡


ဆိုပြီး ကိုယ့်လည်ပင်း ကိုညှစ်နေတာ.......😖

အမလေးးးးးးးးးအမေက ဝင်ဆွဲပြီးးးးးးး

အဖေ့လက်ကို....ကိုက်ဆွဲတော့မှ... လွှတ်တယ် 😤


ပြီးတော့မှ အိပ်မက်ထဲမှာ သူခိုးလိုက်နေတာတဲ့😕


အဲ ဒီ တစ် ခေါက် ယောင်တာတော့ .......

အတော်ဆိုးဗျာ..... 🤧

ညီအစ်ကို မောင်နှမ သံယောဇဉ်ပါ .......

တစ်ခါတည်းပြတ်သွားတယ်.....🥴


အိမ်ကို ရွာက ဦးလေး အလည်လာတယ်......

အဖေ့ အစ်ကို ဝမ်းကွဲပေါ့.....


အဲ.... ညဖက် ကျ အမေနဲ့ကိုယ်နဲ့ တစ်ခန်းးးးးး

အဖေနဲ့ သူ့အစ်ကိုနဲ့ တစ်ခန်း အိပ်ကြပါလေရော......


ထုံးစံ အတိုင်း အဖေ ယောင်ပြီလေ.....😕

ဧည့်သည်ကို လည်ပင်း ထညှစ်ရော......😔


ဟိုကလည်း အကြောင်းမသိဘူးလေ....

အငယ်ဖြစ်ပြီးးးးသူ့ညှစ်တော့...... ပြန်ထိုး တာပေါ့ 😠

အမယ်.... အဖေက သူ့ကိုပြန်ထိုး ရမလားဆိုပြီးးးးးးး

ဓားမ.... ကြီး ဆွဲပြီးးးးးး ခုတ်မယ်လုပ်တာ 😣

ဧည့်သည်မှာ ပြေးလိုက်ရတာ...🤣🤣🤣

ပုဆိုး.....တောင် ပါမသွားဘူးးးးးး😂😂😂😂


အဲ့တာလည်း အဖေ မနိုးသေးဘူး😂

ယောင်နေတုန်းပဲ.....🤣


မိုးလင်းလို့ ဧည့်သည် လဲမတွေ့ 🤔

အဲ့တော့မှ အမေ့ကို မေးလေရဲ့...😳


မေမေက


"ရှင့်အစ်ကို က ဒီတစ်သက်

 ရှင့်ဆီ လာမှာ မဟုတ်တော့ဘူးးးးး

 ရှင်လုပ်တာ ကံကောင်းလို့ မသေတယ်.... 

 ရှင် ဓားမ နဲ့လိုက်တာလေ 

 ပြေးရင်းပုဆိုးတောင် ပါမသွားဘူး

 အိမ်ရှေ့မှာ ဂုန်နီအိတ် ပတ်ထားတာ 

 လူမြင်မကောင်းးးးးးးးးးး

 ကျွန်မမှာ မနက်အစောကြီး

 ပုဆိုး လိုက်ပေးရသေးတယ်....."


ဒါတောင် အဖေက


"မင်း အပိုတွေ မပြောနဲ့

 ငါ ဘယ်မှာ ယောင်လို့လဲ " တဲ့လေ


"အေးးးးနောက်တစ်ခါ ယောင်ပြီးးးး

 ကျွန်မ လာညှစ်ကြည့်.......

 ရှင့်လည်း အသေ ပြန်ညှစ်ပစ်မှာ ........" 


*လည်ပင်း*ပြောတာဖြစ်မှာပါ


😂😂😂😂😂

 

soe


#Credit


            #Kokolin

Comments

Popular posts from this blog

ချောတယ်လို့