တနေ့ ညနေခင်းလေးပါ... ။
ကောင်မလေး တစ်ယောက် chat box ကနေဆက်သွယ်လာချိန် ကျော် လည်းကောင်းနေချိန်ပေါ့...
"ဦး ... နေကောင်းလား?/??"
" ဟေ..ကောင်းပါ့ဗျာ..!!"
"ဦးကို ခင်း ချင်လို့"
"ဟမ်... ကျုပ်ကို ခင်းရအောင်
ဖျာ မှတ်နေလို့လား??"😒😁😂
"ခ်ခ် ခင်ချင်တယ်လို့ ပြောတာပါ၊ ရတယ်မလား? "
"ခင်လို့ ရပါတယ်၊ ပိုက်ဆံမချေး ပြီးရော.:."
"ဦးက ဘယ်မှာနေတာလဲ??"
"အိမ်မှာ..!! "
အက်လိုပြောလေ့မရှိသူ..
ကျော့် ကအက့်လယ် သာယာနေတာ. :.!!
"ဟုတ်ဘူးလေ... ဘယ်မြို့မှာလဲ မေးတာ..."
"အော်...တာမွေမှာ နေတာ...!"
"ဘာအလုပ် လုပ်တာလဲ??"
"ဗိုက်တွေ ပြင်တယ်...!"
"ဒါဆို ဆရာဝန်ပေ့ါ..."
"မဟုတ်ဘူး၊
သင်္ဘောဝမ်းက ဗိုက်တွေကို ပြင်တာ
လူဗိုက်မဟုတ်ဘူး"😕😁😂
"ဟွင့်...,ဦးက လူပျိုလား"
"ပြို ပြို ကျတာတော့ ၃ ခါရှိပြီ.."
"အင်..., သဘောရော ကောင်းလားဟင်"
"အင်း... ကောင်းပါတယ်၊
မညာတမ်းပြောရရင်
မိန်းကလေးတွေအတွက်ဆို
သဘော အတော်ကို ကောင်းတာပါ"
"ငင်... တမျိုးဂျီးပဲနော်"
"မွေးရာပါ ရောဂါ ဆိုပါတော့...!!"
ကျော်လည်း သောက်လိုက် ဖုန်း ပွတ်လိုက်
နက်ကောင်းနေတာ... ။
"ဦးရဲ့ မိသားစုအကြောင်း၊
ဦးအကြောင်း နည်းနည်းလောက် ပြောပြပါလား??"
"ခင်ဗျားက လ၀က ကလား???"😏
"ဟုတ်ပါဘူး ဦးရဲ့ သိချင်လို့ပါ..."
"အင်း... ဦးက တစ်ဦးတည်းသောသား၊
ညီအကို သုံးယောက် ရှိတယ်"😐
"အာ... ရှုပ်နေတာပဲ၊
ညီအစ်ကို သုံးယောက်ရှိတာ
ဘယ့်နှာလုပ်ပြီး တစ်ဦးတည်းသောသား
ဖြစ်ရတာလဲ...??"
"အိုး ... ကျန်တဲ့ နှစ်ယောက်က
ဦး အဖော်ရအောင် မွေးစားလိုက်တာလေ..."
"အင်း... ဆက်ပြော..."
"ဦးတို့ မိသားစုကို
ငွေရေးကြေးရေးနဲ့ ပတ်သက်လို့ လျှော့မတွက်နဲ့..!!"
"ဟုတ်ကဲ့ ရှင့်"
"ဦးတို့က ပိုက်ဆံမရှိလို့
မွဲချင်ယောင် ဆောင်နေတာ၊ အချဉ်ဟုတ်ဘူး"
"ငင်... ဦးကလည်း၊ ပိုက်ဆံမရှိမှတော့ မွဲပြီပေ့ါ"
"ဟ... ပိုက်ဆံမရှိဘူးဆိုတာ
ခေတ်ကာလမကောင်းတော့ ဓားမြတိုက်မှာစိုးလို့
ငွေသားအနေနဲ့ မရှိတာ..."
"အော်..."
"ဦးတို့ နေတာက တိုက်နဲ့ ဟိုင်းလက်ငါးချိတ်နဲ့..."
"မဆိုးပါဘူး တိုက်နဲ့နေတာဆိုတော့ သူဌေးပေ့ါ.."
"ဟုတ်ဘူး၊
အိမ်ရဲ့ထုတ်တန်းက နိမ့်နေတော့
နဖူးနဲ့ အထွက်လည်းတိုက်
အဝင်လည်းတိုက် တိုက်လို့"
"ဟွင့် အဟုတ်မှတ်လို့၊
ဒါပေမယ့် ဟိုင်းလက်ငါးချိတ်လေး ရှိတယ်ဆို၊
တော်သေးတာပေ့ါ"
"မတော်နဲ့အုံး၊
ဟိုင်းလက်က ဘာလို့ ငါးချိတ်ဖြစ်ရတာလဲ သိလား"
"သိဘူး၊ ပြောပြ..."
"ဦး ကားမောင်းပြီး ခြံထဲကထွက်တာ
ခြံစည်းရိုးကို တစ်ခါ ချိတ်တယ်၊
အိမ်ရှေ့လမ်းမှာ နွားလှည်းကို တစ်ခါ ချိတ်တယ်၊
ရှေ့နားကျတော့ စက်ဘီးသမားနဲ့ တစ်ခါ ချိတ်တယ်၊
နောက် ရုံးတံခါးကို တစ်ခါ ချိတ်တယ်၊
နောက်ဆုံး တာလမ်းထွက်လိုက်တာ
ကုန်ကားနဲ့ ချိတ်လိုက်တော့မှ ကိစ္စပြတ်တော့တယ်၊
အဲဒါ ငါးခါ ချိတ်လို့ ဟိုင်းလက် ငါးချိတ်..."
"မှတ်သားဖွယ် ကောင်းပ့ါ..."
ကျော်လည်းသောက်လိုက် ဖုန်းပြော ပွတ်လိုက်
တော်တယ် ကောင်းနေတာ... !!!
"စာရိတ္တကတော့ ရွာမှာတုန်းက
ထန်းရေလေး တစ်ခါတလေသောက်တယ်..."
"တစ်ခါတလေဆိုတော့ မဆိုးပါဘူး..."
"ဟုတ်တယ်၊
ထန်းရေ မသောက်ရတဲ့ရက်ကျတော့
အရက်ပဲ သောက်တော့တယ်..."
"ရွှမ်..."
"မူးလာရင်၊ အဆင့်မြင့်မြင့် ရန်ဖြစ်တယ်..."
"ရန်ဖြစ်တာတောင် အဆင့်မြင့်ရသေးတယ်၊
ဘယ်လိုမြင့်တာလဲ..???"
"ရန်ဖြစ်ရင် အိမ်ခေါင်ပေါ် တက်တက်
ဆဲတာလေ"🙃
"ဘာလို့ အောက်မှာ မဆဲတာလဲ..??"
"အိမ်ခေါင် ပေါ်တက်ဆဲတော့
ကိုယ်ဆဲတာ တစ်ရပ်လုံးကြားတဲ့အပြင်၊
ကိုယ့်ရိုက်ချင်လည်း လက်လှမ်းမမီအောင်လို့"
"ဘုရား ဘုရား..."
"ခင်ချင်သေးလား ဦးနဲ့..."
"ခင်ချင်သေးတယ်..."
"ဟင်...
ဒီလောက် စိတ်ညစ်အောင်ပြောတာကို
ခင်ချင်သေးတယ် ဟုတ်လား..?!"
"ဟုတ်တယ်၊
မီး ကလည်း ထောင်ကထွက်လာတာ
မကြာသေးဘူး၊
ဦးနဲ့ဆို သူတော်ချင်းချင်း သတင်းလွေ့လွေ့
ပေါင်းဖက်တွေ့ပေ့ါ..."
"ဖျား ဖျား... ဘာမှုနဲ့ ထောင်ကျတာလဲ ငင်..."
"အလကားပါ ဦးရာ၊
လူတစ်ယောက်ကို ခင်ချင်တယ်လို့
သွားမိတ်ဆက်တာကို အင်တင်တင်
ပေါကြောင်ကြောင် လုပ် နေလို့၊ ပြီးတော့ ရက်သမားကြီးလေ.:::!ဒါနဲ့
နောက်ကြောင်းကို လိုက်ပြီး
အပြင်မှာချိန်းတွေ့ပြီး ဓားနဲ့ ထိုးလိုက်တာ.
အပြင်းပြေ အပြင်မှာတွေ့တုန်းပါ ..!!! "
"ဘို..😨😰
ဘိုလို 🙄🤔😬
ကျော်အမူးပြေသွားတယ်... ။😁😄😏😒😞
ဂိ ဂိ ဂိ....😁🤗😟😁😂
ထိုနေ့ညနေမှစ၍...
ကျနော်.ဖုန်းမသုံးတော့ပါ... ။ ။ ။
Credit #
Myo Hein !!!
Comments
Post a Comment