ဆရာကန်တော့ပွဲ

******************


" ကျူပ် ဝေခွဲမရတဲ့ပွဲပဲ "


မတိုင်မီတော့ အလှူငွေ လာကောက်ရင်း ပြောသွားတယ် ဘာတဲ့.......


" တို့ သူငယ်ချင်းတွေ ဆုံရတာပေါ့ ။ လာဖြစ်အောင် လာနော်တဲ့ "


မျှော်လင့်စိတ်နဲ့ အစောကြီးပဲ ကျောင်းကို ရောက်သွားတယ်


ဘယ်မှာလဲ ကျူပ်ရဲ့ အတန်းဖော်သူငယ်ချင်းတွေ......


​မြို့ပြ အင်ဂျင်နီယာဆိုတဲ့အကောင်က ကားအကောင်းစားကြီးနဲ့ လာတယ် ။ နှုတ်မဆက်ဘူး ။

ဆရာဝန်မက ဆိုင်ကယ်အကောင်းစားနဲ့ လာတယ် ။ ငဲ့မကြည့်ဘူး ။

ကုမ္ပဏီပိုင်ဆိုတဲ့အကောင်က ဘွတ်ရှ်ရှူးအကောင်းစားနဲ့ လာတယ် ။ ဖုန်းပြောမပျက်ဘူး ။


အတန်းပိုင်ဆရာမက ကျူပ်ကိုတွေ့တော့


" ငဖျင်းကောင် ခုထိ ဖျင်းနေတုန်းလားတဲ့ "


သူငယ်ချင်းတွေ ဝိုင်းရယ်ကြတယ် ။ ဟိုအကောင်က


" မင်း အလုပ်လိုချင်ရင် ငါ့ကုမ္ပဏီမှာ လျှောက်လွှာ လာတင်ထားလိုက်လေ ။ အင်တာဗျူးဖြေလို့ ငါ့ မန်နေဂျာက ခန့်ရင် ငါကုမ္ပဏီမှာ မင်း အလုပ်ရပြီတဲ့ "


သူ့မန်နေဂျာက ခန့်မှ အလုပ်ရမယ်တဲ့လား ။ အဲ့ဒါဆို မင်းနဲ့ငါ သူငယ်ချင်းဆိုတဲ့ အခွင့်ရေးကြီးက အလကားပေါ့ ။ အေးပါလေ ကြည့်ရသေးတာပေါ့


အခန်းနား စပြီ ။ ကျူပ်လည်း ကျောင်းအပြင်ဘက်ကို လွတ်လပ်ပေါ့ပါးစွာ ထွက်လာခဲ့ပြီ ။ ဆရာကန်တော့ပွဲဆိုတာကြီးကတော့ တိတ်ဆိတ် ညိမ်သက်ကျန်နေလို့ပေါ့ ။ 


" ဟာ....စက်ဆရာ ဘယ်ရောက်သွားလဲဟ ရှာကြပါဦး "


ဟုတ်တယ်


အသံချဲ့စက်နှင့်တွဲထားတဲ့ မီးကြိုးတွေ မစ်ဆာကြိုးတွေ မိုက်ကြိုးတွေ စပီကာကြိုးတွေ ဟွန်းကြိုးတွေ လိုင်းကြိုးတွေ ကျူပ် အကုန်ဖြုတ်ပြစ်ပြီး မိန်းပါ ချခဲ့တယ် ။ မှတ်ထား


" ငါလည်း အော်ဒီယို အင်ဂျင်နီယာကွ "


🤣🤣🤣🤣🤣🤣🤣

Crd


( လွယ်လေး )

Comments

Popular posts from this blog

ချောတယ်လို့