ချောချောတောင့်တောင့်မိန်းမငယ်တစ်ဦး
ကာစီနိုကစားဝိုင်းကို ရောက်လာတယ်။
သူမဟာ ဂဏန်းတစ်လုံးထဲမှာ
ပိုက်ဆံတွေပုံအောထိုးထားတယ်။
ပြီးတော့ သူမကိုဝိုင်းကြည့်နေတဲ့ ဒိုင်တွေကို
သူမက ပြောလိုက်တယ်။
"ကျမ အပေါ်ပိုင်းဗလာနဲ့ ကာစီနိုကစားတိုင်းနိုင်တယ်။
ကျမကို အပေါ်ပိုင်းဗလာကျင်းခွင့်ပြုပါ"
ပြောပြောဆိုဆို အင်္ကျီကိုဆွဲချွတ်ပစ်လိုက်တယ်။
ဒိုင်များနဲ့ ကျန်ထိုးသားများရဲ့မျက်လုံးများဟာ
သူမအပေါ်ပိုင်းကို စုပုံရောက်လာတယ်။
ပြီးတာနဲ့ အံစာတုံးကိုခေါက်ပြီး ပစ်လိုက်တယ်။
ပါးစပ်ကလည်း
"နိုင်ကွ နိုင်ကွ"
လို့အော်ဟစ်ရင်း ခုန်ပေါက်နေတော့
ဗို့အားပြည့်မျက်လုံးတွေ
သူမကိုယ်ပေါ်မှ မခွါနိုင်ဖြစ်နေကြတာပေါ့။
"ဟာ နိုင်ပြီကွ နိုင်ပြီ"
ဆိုပြီး ထိုးသားငွေကိုကောက်ယူပြီး
ဒိုင်တွေကို ပျော်ပျော်ရွှင်ရွှင် လိုက်ဖက်တယ်။
ဒိုင်တွေလည်း သူမသိုင်းဖက်မှုအောက်
အရည်ပျော်ကုန်ကြတယ်။
သူမဟာ နိုင်ငွေယူပြီးနောက်
အင်္ကျီပြန်ဝတ်ကာ ထွက်သွားတော့တယ်။
ဒီတော့မှ ဒိုင်တွေအချင်းချင်း
"ကောင်မလေး ဘာဂဏန်းထိုးတာလဲ"
လို့အပြန်အလှန်လိုက်မေးကြပေမဲ့
ဘယ်သူမှ သေချာမသိကြဘူး။
ထိုးဂဏန်းထက် ပိုစိတ်ဝင်စားစရာကိုကြည့်မိတော့
ရော်တာရော်လိုက်တယ်
ဘာဂဏန်းပေါ် ငွေပုံထိုးသွားသလဲ
အံစာတုံးမှာ ဘာဂဏန်းပေါ်လဲ
ဆိုတာ ဘယ်သူမှသေချာ မသိကြဘူးရယ် .......
အော် - ယောက်ျား ယောက်ျား
🤣🤣🤣🤣🤣
Crd
MHA
Comments
Post a Comment