ဂျင်းကောင်နဲ့သူ၏မိန်းမ
≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈
ငယ်ငယ်ကတိုင်းကျိုးပြည်ပြုပေါ်လစီကားတွေကြည့်ပီး ဇာတ်ကားထဲကဇာတ်ကောင် အင်ဂျင်နီယာ လင်မယားကို
ကျွန်မ အရမ်းကိုအားကျခဲ့ဖူးတယ် ကိုယ့်စိတ်ကူးကလည်းဖြစ်ချင်တာတောင် အင်ဂျင်နီယာမဟုတ်ဘူး အင်ဂျင်နီယာရဲ့မိန်းမ🤪
ဇာတ်ကားထဲမှာတော့တကယ်လည်းအားကျစရာကြီးလေ မနက်မိုးလင်းတာနဲ့ ယောက်ကျားစားဖို့ မနက်စာကို မိန်းမဖြစ်သူက ပြင်ဆင်ပေး ပီးရင် မောင်စားပါ မေစားပါနဲ့ တယောက်တလှည့်စီခွံကျွေး စားသောက်ပီးရင် ယောက်ကျားအဝတ်စားလဲတာမိန်းမက ကူပေး အဝတ်စားလဲပီးတာနဲ့ မိန်းမက လက်ဆွဲအိတ်ကလေးကို ဆွဲပေးခဲ့ပီး အိမ်အရှေ့ကိုလိုက်ပို့
အိမ်ရှေ့ရောက်တော့ ယောက်ကျားလက်ထဲကို လက်ဆွဲအိတ်ကလေးထည့် ယောက်ကျားက ပါးကလေးကို လက်ညှိုးလေးနဲ့ထောက်ပြတော့ မိန်းမ ကအာဘွားပေး(အခန်းထဲမှာပေးခဲ့ရင်ရရဲ့သားနဲ့ကို🤣)
ကိစ္စဝိစ္စပီးရင် ယောက်ကျားက ဂျစ်ကားလေးတက်မောင်းသွား မိန်းမဖြစ်သူက လက်ကလေးတပြပြနဲ့ကျန်ခဲ့
ဟောညနေရောက်တော့ ယောက်ကျားအလုပ်ကပြန်အလာကို မိန်းမက သနပ်ခါးလေးမှုန်မှုန်လေး ကားပေါ်က ဆင်းလာတဲ့ ယောက်ကျားလက်ထဲက လက်ဆွဲအိတ်ကလေးကိုယူ မောင်မောလာပီ မေ သံပုရာရည်လေး သွားယူလိုက်ဦးမယ်ဆိုပီး နောက်ဖေးဘက်ဝင်သွား ယောက်ကျားက စားပွဲပေါ်အသင့်ချထားတဲ့ သတင်းစာလေးကောက်ကိုင် ဟိုလှန်ဒီလှန်လုပ် သံပုရာရည်လေးသောက် ညရောက်တော့လည်း စကားတွေပြောကြတာ အလုပ်ကြောင်းတွေစိတ်ညစ်စရာ လုံးဝမပါဘူး
ချစ်ကြည်နှူး တစ်တီးတူး ပျော်စရာ ကြည်နှုးစရာတွေကြီးဘဲ ဒီလောက် ပျော်စရာကောင်းတဲ့ ဘဝမျိုး ငါလည်း ရချင်တယ် အင်ဂျင်နီယာ ယောက်ကျားရရင်သိပ်ကောင်းမှာဘဲလို့
စိတ်ကူးတွေယဥ်ခဲ့ဖူးတယ်
အရွယ်ရောက်လာတော့ ကိုယ့်စိတ်ကူးတွေပြည့်ဝဖို့ အကြောင်းက ဖန်လာတယ် ကိုယ်တွေရပ်ကွက်ထဲမှာရှိတဲ့ စက်မှု့လက်မှု့အထက်တန်းကျောင်းနေရာကို နည်းပညာကောလိပ်ဖွင့်လိုက်တော့ အိုးးး ကိုယ်တွေရပ်ကွက်ထဲမှာ အင်ဂျင်နီယာ အလောင်းအလျာ တွေ ပလူပျံနေတာဘဲ ကြိုက်ရာရွေးစမ်းဘဲ
ရှေ့က လူတွေအကြောင်းတော့မပြောတော့ပါဘူး 😜
အင်ယာတယောက်နဲ့အကြောင်းပါညားကြလေသတည်းပေါ့
အင်ဂျင်နီယာ အစစ်တော့မဟုတ်ဘူး ကျောင်းသားဘဲရှိသေးတာ အို မတတ်နိုင်ပါဘူး ကျောင်းသားလည်း နောင်တချိန် အင်ဂျင်နီယာ ဖြစ်လာမှာဘဲ ဆိုပီး ကိုယ်ကိုတိုင် ရုန်းကန်လှုပ်ရှားပီး ကျောင်း ၂နှစ်ဆက်ထားပေးခဲ့တာ
အွင်း စထဲက ဟုတ်တော့မဟုတ်ဘူး TVထဲကလိုလည်းမဟုတ်ဘူး အေးလေ ကျောင်းမပီးသေးလို့နေမှာပါ
ကျောင်းပီးသွားရင်တော့ TVထဲလိုဖြစ်ကောင်းပါရဲ့
ကျောင်းပီးသွားတော့လည်း TVထဲကလိုမဖြစ်သေးဘူး
ကိုယ်သာ အလုပ်ပေါင်းစုံလုပ်ပီး တော်တော်လေးလက်ကြောတင်းတဲ့အနေထားတွေဖြစ်လာပီ သူကတော့ TVထဲကလိုဖြစ်မလာဘူး အွင်းပါ TVထဲက လူလို ရာထူးမရှိသေးလို့ နေမှာပါဆိုပီး ကိုယ်လည်း TVထဲကလို ဘဝမျိုးနေရဖို့ သူ့အလုပ်ထဲကို သူ့ကိုကူရင်း ရောက်မှန်းမသိရောက်သွားခဲ့တယ်
အဲ့အထိလည်း အားမလျော့သေးဘူး တနေ့တော့ ငါလည်း
ဇာတ်ကားထဲက ကိုယ်အားကျရတဲ့ဘဝမျိုးရောက်ကိုရောက်ရမယ်ပေါ့ ရာထူးတွေကလည်း သူ့အဆင့်နဲ့သူတော့ရလာပါရဲ့ စီမံ AEတဲ့ အမလေး သူကစီမံရုံ ကိုယ်တွေက အနောက်ကနေအောက်ခြေသိမ်း လိုက်လုပ်ပေးရတာ
ဘာပွဲဟေ့ဆိုလည်း မီးဖိုချောင်ကနေမထွက်ရဘူး ညာပွဲဟေ့ဆိုလည်း မီးဖိုချောင်ကနေမထွက်ရဘူး
သနပ်ခါးလေးမှုန်မှုန်လူးပီး မောင်ရေ သံပုရာရည်လေးသောက်လိုက်ပါဦးလို့ ပြောဖို့နေနေသာသာ အဆီတဝင်းဝင်းနဲ့ ကိုယ်မျက်နှာ ကိုယ့်ဟာကိုယ်တောင် ရွံတယ်
သာသာယာယာ ချစ်ကြည်နှုးဖို့နေနေသာသာ တခါတလေ တယောက်နဲ့တယောက် ၃လလောက် မတွေ့ဖြစ်ဘူး
တွေ့ရလို့ မျက်နှာချင်းဆိုင်မိရင်လည်း အလုပ်ထဲက စိတ်ရှုတ်စရာတွေ မပြေလည်စရာတွေဘဲပြောရတယ်
စကား၁၀ခွန်းလောက်လောက်မှာ ၃ခွန်းလောက်ဘဲ အကောင်း
ကျန်တဲ့၇ ခွန်းလောက်က ရန်စကားတွေကြီးဘဲ
အဆုံးသတ်စကားက ငါကနင့်တပည့်မဟုတ်ဘူး နင့်မိန်းမ
နင့်တပည့်တွေကိုဘဲသွားအော် ငါ့ကိုလာမအော်နဲ့နင့်မျက်နှာကို ကို မကြည့်ချင်ဘူးလို့ပြောရင် ဒင်းကလည်း ပြန်ပြောတယ် အတူတူဘဲတဲ့
နင့်ကို ယူခဲ့တာ TVထဲကလိုများဖြစ်မလားလို့ အလကား
ဂျင်းကောင် ဂျင်းကောင် အကြီးစား ဘာအင်ဂျင်နီယာလည်း
အထင်ကြီးလိုက်ရတာ ခုတကယ်လက်တွေ့ဘဝမှာတော့
သူက မိန့်မိန့်ကြီးအနောက်ကစီမံ ကိုယ့်မှာတော့ လုပ်သားတသိုက်နဲ့ အလုပ်သမားခေါင်းသာသာဘဝမျိုးနဲ့နေပူ မိုးရွာ အလုပ်ဆိုဒ်ထဲမှာ ပေတိပေစုတ်ဘဝ ခါးသီးလိုက်တာ
ဒါကြောင့် လင်မစိသားမစိ ညီမလေးတွေ မမတွေလည်း ယောက်ကျားယူတော့မယ်ဆိုရင် အင်ဂျင်နီယာဆိုတိုင်း ဇွတ်အထင်မကြီးကြလိုက်နဲ့ အာ့လူတွေက
ဂျင်းကောင်တွေ😜😜😜
Crd
မယ်ငြိမ်း
Comments
Post a Comment