ဇနီးသည်ကစိတ်ဆိုးပြီး
မိဘအိမ်ပြန်သွားလိုက်တယ်
သွားရင်းနဲ့ပြောသွားတယ်
ဘယ်တော့မှ ပြန်မလာတော့ဘူး …
နှစ်ရက်လောက် ကြာတော့
ယောက်ကျား က ဖုန်းဆက်ပြီး
ပြောတယ်…
အသဲလေးကိုယ်မှားသွားတယ်
ကိုယ့်ကိုခွင့်လွှတ်ပါ အိမ်ပြန်လာပါ
ဇနီး ။ ။ ခွင့်မလွှတ်ဘူး ရှင်ကျွန်မ
နှလုံးသားကို ခွဲလိုက်တယ်
ပြန်မလာဘူး ...!
ယောက်ကျား ။ ။ နှလုံးသားကို
ပြန်ဆက်လိုက်လေ အသဲ
လာသာလာခဲ့ပါ ...
ဇနီး ။ ။ ရှင့်အနားမှာရေခွက်ရှိလား ?
ယောက်ကျား ။ ။ ရှိပါတယ် ။
ဇနီး ။ ။ ခွက်ကိုမြေကြီးပေါ် အားနဲ့
ပေါက်ချ လိုက်...!
ယောက်ကျား က လိုက်လုပ်လိုက်တယ်
ဇနီး ။ ။ ရှင်အခုအဲဒီကွဲသွားတဲ့
ခွက်အပိုင်းအစတွေကို
ပြန်ဆက်နိုင်သလား...!
ယောက်ကျား ။ ။ ခွက်ကကွဲမသွားဘူး ... စတီးခွက်ကြီး ဟီး
ဇနီး ။ ။ ရှင်ဟာလေ သိပ်ယုတ်တယ်
ညလာခေါ်လှည့် ...!
:-)
:p
Credit#
#တာဇဲ
😁😁
#လူကြီးမင်း
Comments
Post a Comment