တနေ့သ၌ စုဖုရားလတ်သည် public ဖြင့် post တစ်ခုကို တင်လိုက်သည်။


” လောကမှာ ယောက်ကျားဒီလောက်ရှားသလား သူများလင်ကိုလုသူစနှိုက်ကြော်မတွေ အရှင်မထားဘူး 


ပုံ

 အချစ်ကြီးသူ su "


မောင်းမတော်တွေက 

"Share ပါရေစ ဖုရား"

"အားပေးတယ် ဖုရား"

"အံ့ပါရဲ့တော် ဒီလိုမိန်းမတွေ ဒီခေတ်ကြီးထဲရှိနေတာ၊ တိုင်းပြည်သိက္ခာကျတယ် ချချ "

စသည်ဖြင့် မြှောက်ထိုးပင့်ကော်လုပ်နေကြတာပေါ့။


ဒါကို စုဖုရားကြီးမြင်တော့ လိုက်တော့မပေးဘူး မန့်တစ်ခုရေးတယ်။


" ဟဟတောင် တစ်ဝက်ပဲရမယ်ကောင်မ "


အဲ့လိုလည်းမန့်ရော စုဖုရားလတ်က replyပြန်တယ်။

"ယောက်ကျားမရနိုင်တော့တဲ့ FA အပျိုကြီးတွေ အေးဆေးနေပါ"


ဆင်ဖြူမရှင်က အသည်းလေးပေးပြီး မန့်တယ်။

”ချချအားပေးတယ် စမီးတဲ့ "


ကင်းဝန်မင်းကြီးက.

"ဒီကိစ္စက လွတ်တော်မှာအဆိုတင်သွင်းပြီးမှ ဝိုင်းဝန်းဆုံးဖြတ်သင့်ကြောင်း" မန့်တယ်။

ဒါကိုလည်း ချက်ချင်းဆိုသလို reply ပြန်တယ်။

"နေ့ရွှေ့ညရွှေ့လုပ်နေမယ်ဆိုရင် ဟွင်းဟွင်း "တဲ့


ဒါကို သီပေါမင်းကလည်း တွေ့တယ်" woo..."reacted ပေးတယ်။ ပြီးတော့ မောင်မောင်တုတ်နဲ့ မောင်ဖေငယ် သိအောင်လည်း share ပေးလိုက်သေးတယ်။( သဘောက သူ့ကြောင့် ဒုက္ခရောက်သွားနိုင်တဲ့ ဒိုင်းခင်ခင်ဘေးကင်းစေဖို့ ပြီးတော့ သူ့မိန်းမကို မျက်နှာချိုသွေးထှာ...)


ဒိုင်းခင်ခင်က စုဖုရားလတ်ကို ကြောက်လေတော့ အကောင့်ကိုကြို blockထားတာ။ စုဖုရားရဲ့ ပို့စ်ကို တိုက်ရိုက်မြင်ရတာမဟုတ် ဒီအကြောင်းတွေကို မောင်ဖေငယ်က သူ့ဖုန်းနဲ့ ပြလို့ သိရတာ လန့်လည်းလန့်သွားတယ်။


ချက်ချင်းပဲ သီပေါမင်းထံ မက်ဆေ့ပို့တယ်

”စမီးကြောက်တယ် မောင်တော်ရယ် စမီးတို့ ဘယ်လိုလုပ်ကြမလဲ တဲ့”

ဒါပေမယ့် စာက ပို့မရတော့ဘူး ( ဘယ်ရမလဲ သီပေါမင်းက messanger ဖြုတ်လိုက်တာလေ။ သူ့ဖုန်းကိုလည်း စုဖုရားလတ်က ခဏခဏယူစစ်တော့ ကာ ကွယ်ဆေးထိုးထားတဲ့သဘော)


ဒီအကြောင်းတွေဟာ နာရီပိုင်းအတွင်း 

like 5k.

3k comment

6k share တွေ ဖြစ်သွားတယ်။

ဆယ်လီတွေဆိုတော့ စိတ်ဝင်စားကြသူများတဲ့သဘောပဲ။


အဲ့လို share တဲ့အထဲ မောင်မောင်တုတ်လည်းပါတယ်။ မောင်မောင်တုတ်က ဒီလိုရေးတယ်။

" ဓားခုတ်ရာ လက်ဝင်လျှိုရတော့မယ် ထင်ပါရဲ့ " တဲ့


မောင်ဖေငယ်က

" စိတ်ညစ်လိုက်တာ ဖြစ်နိုင်ရင် တစ်ယောက်တစ်ခွန်း ဝိုင်းဆဲပေးပါလား" ထပြီး status တင်တယ်။

တချို့ကလည်း တကယ်ဆဲကြ၏။

တချို့က ခင်၍ ဆဲကြ၏။

တချို့က အချောင်ဝင်ဆဲသွားသေး၏။

အားပေးကြမ်းချက်။


ဒီလိုနဲ့ ရက်ပိုင်းအတွင်းမှာ နေပြည်တော်သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ မျက်စိကို အနက်ရောင် မဖုံး ထားတဲ့ ဒိုင်းခင်ခင်ပုံရဲ့အောက်မှာ"စနိုက်ကျော်သူကို ဖမ်းဆီးလိုက်ပြီ "ဟူသောသတင်း....


ကြံရာပါ မောင်မောင်တုတ်နှင့် ဝရမ်းပြေး မောင်ဖေငယ်တို့ကို ဆက်လက်ဖမ်းမိဖို့ဆောင်ရွက်နေကြောင်းသတင်းတွေ ပါလာတယ်။


နောက်တနေ့ကြပြန်တော့လည်း တရားခံ ပြေးရဲ့ မိသားစုဝင်များနှင့် ဆွေမျိုးများကို ကြံရာပါအဖြင့် ဖမ်းဆီးလိုက်ပြီဆိုတာ ကြားရတော့ Online တစ်ခုလုံး ဝေဖန်သံတွေ ပလူပျံကုန်တယ်။.ထောက်ခံသူတွေလည်း အနည်းငယ်မျှ ရှိ၏။.ဤကိစ္စတရားမျှတစွာ ဆောင်ရွက်ပေးဖို့ တောင်းဆိုကြပေမယ့် နောက်ဆုံးတွင် ဒိုင်ခင်ခင်၏ ဖုန်းထဲမှ သီပေါမင်းဆီ ပို့ထားသော မက်ဆေ့များကို သက်သေအဖြစ်ထား၍ သတ်စေအမိန့်ချလိုက်သည်။


မောင်မောင်တုတ်နဲ့ မောင်ဖေငယ်၏ အကောင့်များလည်း အဟက်ခံလိုက်ရ၍ သူတို့ရှိရာကို သိရှိသွားပြီး ဖမ်းဆီးသုတ်သင်ခံလိုက်ရပြန်သည် ။


စုဖုရားလတ် public အား status တစ်ခုတင်သည်။

" တလင်တမယားစနစ် ချမှတ်လိုက်သည် မလိုက်နာလျှင် သေဒဏ် "ဟူသတည်း။


ထိုpost တက်လာပြီးနောက်မှာတော့ လင်ရှိမယားတချို့ သဘောကျ၍ share ကြသည်။ တချို့စနိုက်ပါသမားများက လူ့အခွင့်ရေး ဘာညာ သာရကာ အော်ကြသည်။ လင်မယူချင်သော အပျိုကြီးများက ထောက်ခံသည်။ လင်မရသေးသော အပျိုကြီးများက ကန့်ကွက်သည်။


ဤဖြစ်ရပ်မှန်အား သမိုင်းသုတေသီများ မသိရှိကြပါ။

Crd

#ခက်မာန်သွေးတပ်ကုန်း

#WN

Comments

Popular posts from this blog

ချောတယ်လို့