အသစ်စက်စက်မင်္ဂလာစုံတွဲ

မင်္ဂလာဧည့်ခံပွဲပြီးတာနဲ့

ငပလီကို လေယာဉ်စီးပြီး

ဟန်းနီးမွမ်းထွက်ခဲ့ကြတယ်။


မထွက်ခင် နှစ်ဖက်မိဖတွေကို ကန်တော့တဲ့အခါ

သတို့သားရဲ့အမေက

သားအနားမှာ တတွတ်တွတ်နဲ့ဆုတောင်းပေးနေတယ်။


အသစ်စက်စက်စုံတွဲ

ရေမိုးချိုး ညစာစား လမ်းလျှောက်ကြပြီး

ဟိုတယ်အခန်းထဲ ပြန်ဝင်ကြတယ်။

ညဉ့်လည်း နက်လာပြီ။


ယောက်ျားက လေသာဆောင်မှာ

ကောင်းကင်ကကြယ်တွေကို ရေတွက်ရင်း

သောင်ခြေနဲ့မြူးတူးနေတဲ့ ရေလှိုင်းပုတ်သံ 

ပင်လယ်ရေပြင်ထဲ ကနေတဲ့လရိပ်ဖြူဖြူ

အုန်းလက်တွေ လေတိုးသံနဲ့အတူ ဆော့မြူးနေတာကို

မက်မက်မောမော ထိုင်ကြည့်နေတယ်။


ဒါနဲ့ အသစ်စက်စက်သတို့သမီးက

' ကိုရေ - ညဉ့်နက်နေပြီ

လာလေ အိပ်ရာဝင်ကြရအောင် "

ညုတုတု ခရာတာတာလေး လှမ်းခေါ်လိုက်တော့


" နေစမ်းပါအုံး အမေကမှာလိုက်တယ်

ဒီည အလှဆုံးညပဲ သား တဲ့။

ငါ ဒီအခွင့်အရေးကို လက်လွတ်မခံချင်ဘူး။

အချစ်လေး အိပ်တော့ " တဲ့ 

Crd


😂😂😂


MHA

Comments

Popular posts from this blog

ချောတယ်လို့