" တော့်...ကိုကိုညို.. ''


" ဟေ့..ဘာတုန်း မိန်းမရ ။ အော်လိုက်တာ..အရမ်းပဲ..''


" လာပါအုံး..လာပါအုံး ။ ဒီကို လာလိုက္စမ်းပါအုံး..''


" ဟာကွာ..အေးအေးကို မနေရဘူး ။ ကဲ..ဘာလဲ..ပြော..''


" ဒီမှာ..ကြည့်စမ်း ။ ရှင် fb မှာ တင်ထားတာ..ဘာတဲ့ #ငါ့အမေသာအလှဆုံး တဲ့..။ အဲ့ဒါ ဘာသဘောလဲ?..ပြော "


" ဟ..ဘာ သဘောရမှာလဲ ။ ငါ့အမေ အလှဆုံးမို့..အလှဆုံးလို့..ပြောတာ..။အာ့ ဘာဖြစ်လဲ? "


" ဪ...ရှင်ပြောတော့..ဒီကမ္ဘာမှာ ကျုပ်သာ အလှဆုံး ဆို..''


" ဟေ...ပြော..ပြောမိလို့လား..''


" ဘာ...!''


" ဪ...ဟိုဟို...အေးး..ဟုတ်တယ်လေကွာ ။ မိန်းမက အလှဆုံးလေ..''


" ဒါဆို..ဒီစာက..ဘာလဲ? "


" ဪ...ဒါတော့ မိန်းမရယ် ။ အမေတွေရဲ့ အလှနဲ့ ။ဇနီးမယားတွေရဲ့ အလှက ဘယ်တူပါ့မလဲ..''


" ဘယ်လို မတူတာလဲ ။ ပြောပါအုံး ''


" အယ်..ဘယ်လိုလဲ ဆိုတော့..အမေတွေရဲ့အလှက.. လမင်းကြီးလို အလှမျိုးပေါ့ကွာ ။ ချောက်ချားစရာ ညအမှောင်မျိုးကို သူ့ရဲ့လရောင်နဲ့ အလင်းဓာတ်ပေးတယ် ။အားအင် ပေးတယ်။အေးမြမှုကို ပေးတယ်။

.. လပြည့်ညမျိုးမှာ လမင်းကြီးကို ငေးကြည့်နေရတဲ့အရသာက ဘာနဲ့မှ မလဲနိုင်ဘူး..''


" အင်း..ဒါဆို ကျုပ်တို့ အလှကြတော့ရော..''


" အဲ..မိန်းမတွေရဲ့ အလှကြတော့...ဟို..နေမင်းကြီးလိုပေါ့.ကွာ.''


" အင်း..ပြောပါအုံး..?''


" သူလည်း..အလင်းရောင် ပေးတယ် ။ အားအင်ပေးတယ် ။ နွေးထွေးမှုကို ပေးတယ်လေ..''


" တကယ်နော်.။ဒါဆို..ကျုပ်က နေမင်းလို အလှမျိုးပေါ့...''


" အင်းပေါ့...။ တစ်ခုပဲ..သူက ကြာကြာ ကြည့်လို့တော့ မရဘူး..''


" ဘာ..!''


😁😁😁😁😁😁😁


ပူတယ်လေ..😁


♡︎𝐜𝐨𝐩𝐲 𝐛𝐲 𝐨𝐧𝐥𝐢𝐧𝐞 𝐥𝐢𝐛𝐫𝐚𝐫𝐲 𝐩𝐚𝐠𝐞➪📖


♡︎ᴾ͟ʰ͟ᵒ͟ᵗ͟ᵒ͟ ͟ᶜ͟ʳ͟ᵉ͟ᵈ͟ⁱ͟ᵗ͟ ͟ᵗ͟ᵒ͟ ͟ᵒ͟ʳ͟ⁱ͟ᵍ͟ⁱ͟ⁿ͟ᵃ͟ˡ͟ ͟ᵃ͟ᵘ͟ᵗ͟ʰ͟ᵒ͟ʳ͟➪📖

♡︎𝑂𝑛𝑙𝑖𝑛𝑒 𝐿𝑖𝑏𝑟𝑎𝑟𝑦➪📖

#လူချွန်တော်

📚♡︎📚♡︎📚♡︎📚♡︎📚➪📖

Comments

Popular posts from this blog

ချောတယ်လို့