ဆိုင်ကယ်နဲ့သွားနေရင်းနဲ့ တစ်ယောက်က လှမ်းအော်သွားတယ်...
💥 အရှေ့မှာ ပစ်နေပြီ ...
ပြန်လှည့် ...
ပြန်လှည့်...
ပြန်လှည့် တဲ့......
အာ့တာ ကြားတာနဲ့ ၂လမ်းကျော်လောက်က
ဆိုင်ကယ်တွေ ကားတွေ ပြန်လှည့်သွားကြတယ်၊
တချို့တွေလည်း စပ်စပ်စုစုနဲ့ လာမေးတယ်၊
"ဘာဖြစ်တာလဲ အကို" တဲ့၊
"ရှေ့မယ် ပစ်နေလို့၊ရပ်စောင့်နေတာ"
ဆိုတော့"ဒီကောင်တွေ တော်တော်ယုတ်မာ
နေပြီ" တဲ့
တချို့ကလည်း လှမ်းပြောတယ်၊
"ဆိုင်ကယ်တွေ ကားတွေကို ကန့်လန့်
ပိတ်လိုက်" တဲ့
အဲ့အနီးအနားက အိမ်တွေကတော့အိမ်ရှေ့
ရပ်ထားတဲ့ကားတွေကို အထဲသွင်းလိုက်ပြီ၊
တချို့ လူတွေကတော့ ဒီဖက်ကို မလာဖို့
အိမ်ရှေ့ရပ်ပြီး အော်ပေးနေကြတယ်...
"ခဏလေး သွားကြည့်မယ် အန်တီ---
ဆိုင်ကယ် ခဏထားခဲ့မယ်" လို့ ပြောတာကို
မြန်မာကားထဲက အမေခန်းသရုပ်ဆောင်
တွေလို
"မသွားပါနဲ့ သားရယ်" လုပ်နေလို့
"သား သွားမှဖြစ်မယ် အမေ" ဆိုပြီး
ထွက်လာတော့လူတွေအများကြီးပဲ
ဆာလာအိတ်တွေခြင်းတောင်းတွေနဲ့
ထွက်ပြေးနေကြတာ...
ငါတော့ ပစ်ကွင်းထဲ ဝင်နေပြီလားဆိုပြီး
နီးစပ်ရာတစ်ယောက်ကို လှမ်းမေးတာပေါ့၊
"ဘာဖြစ်တာတုန်း" ဆိုတော့........
"ခဏလေးစောင့်အုံး အကို" တဲ့
"သူတို့က ၃ရက်နေမှ တခါလာတာ"ဆိုပြီး
အမှိုက်ကားကြီး မေးဆတ်ပြသွားတယ် ။
😁😁😁
Credit
ဟာသစာတိုများကိုဆက်လက်တင်ပေးနေမှာဖြစ်လို့
နေ့စဥ်ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်ဗျ😘😍
Comments
Post a Comment