လင်မယားနှစ်ယောက်
မြို့ပြင်ကို ကားမောင်းထွက်လာကြရင်း
တစ်ယောက်နဲ့တစ်ယောက် အငြင်းအခုန်လုပ်ကာ
စိတ်ဆိုးနေကြလို့ ကားထဲတိတ်ဆိတ်နေတယ်။
မြို့ပြင်တစ်နေရာအရောက်
လမ်းဘေးမှာ
ဝက်တစ်ကောင်ရယ်
ခွေးတစ်ကောင်ရယ်
နွားတစ်ကောင်ရယ်တွေ့တော့
ယောက်ျားလုပ်သူက ဇနီးကို လှမ်းမေးလိုက်တယ်။
" အဲဒါတွေ - မင်းနဲ့ အမျိုးတော်သလား "
ခေသူမဟုတ်တဲ့ဇနီးက
ချက်ချင်း ခွန်းတုန့်ပြန်ဖြေလိုက်တာက
" တော်တာပေါ့ ....
သူတို့က ခဲအိုရယ် မတ်ရယ် ယောက်မရယ် "
🤣🤣🤣🤣🤣
MHA
Comments
Post a Comment