Posts

Showing posts from August, 2022
Image
  တစ်နေ့ မိန်းမဖြစ်သူက.မေးတယ်..  ယောက်ျား.. " ရှင့်ပိုက်ဆံအိတ်ထဲမှာ ဘာဖြစ်လို့  ကျမ ဓာတ်ပုံလေးက " အမြဲ ထည့်ထားရတာလဲ ဟင်! .  " ... .... "အော်.. ဘာမှမဟုတ်ပါဘူး " မိန်းမရယ် .......ငါ အခက်အခဲတွေ ကြုံလာရင် ...   မင့်ပုံလေးကြည့်ပြီး အခက်အခဲတွေကို အလွယ်တကူ ကျော်လွှားနိုင်အောင်လို့ပေါ့ .. ! " " ဟယ်... ကျမ က  အဲဒီ လောက်တောင် အစွမ်း ထက်တာပဲလား..?? " " အင်းပေါ့.. !! "ဟုတ်မယ်....  " ဟုတ်မယ်.... (မိန်းမ ရှိခိုး သွားမကျိုး )... ဆိုတဲ့ စကားပုံလိုပေါ့ ..!  ဒါနဲ့ ကျမ ဓာတ်ပုံကို "ဘယ်လို သုံးရတာလဲ... ?? "အော်.. ဒီလိုပါ....'' အခက်အခဲဖြစ်တိုင်း  ဒီဓာတ်ပုံလေးကို ထုတ်ကြည့်ပြီးတော့ စဉ်းစားလိုက်တယ်လေ..  အော်.. ငါ့နှယ်..  ဒီအခက်အခဲကြီးကို တောင်  ယူထားနိုင်မှတော့  "ဒီထက် ခက်ခဲတာ ရှိပါ့ဦးမလားလို့ ဆိုပြီး... "  " ဘာ...!. !!!!! 😉🙂😁 & 😊☺😝 & 😊😀😋 ကဲ! ပြေးနိုင်မှလွတ်မှမို့ ပြေးပြီဗျို့. """""!!!!!       Crd Crd .. & Myo Hein !!!
 ဘယ်သူပြောလဲ 😁 ~~~~~~~ အိမ်အကူ အမျိုးသမီး မိဂျမ်းပုံ ဟာ သူ့အိမ်ရှင်  အမျိုးသမီးကြီးကို လခတိုးတောင်းတယ်။  အိမ်ရှင် အမျိုးသမီးကြီးက စိတ်ဆိုးပြီး  ဒီလို စကားများကြတယ်။ . အိမ်ရှင်မ။ ။"လခတိုးတောင်းရအောင်  နင်က အလုပ်မှ ကောင်းကောင်းမလုပ်တာ။"😏 . မိဂျမ်းပုံ ။ ။" ဒါက ဒီလိုရှိပါတယ် ကျမက  အချက်သုံးချက်ကြောင့် လခ ပိုလိုချင်ပါတယ်။ ☺ ပထမ အချက်က ကျမ မီးပူတိုက်တာ အမထက်  ပိုကောင်းတယ် တဲ့။"😋 . အိမ်ရှင်မ။ ။"အောင်မယ်၊ ဘယ်သူကပြောတာလဲ။"😒 . မိဂျမ်းပုံ ။ ။"အမယောက်ျား ပြောတာပါ။"☺ . အိမ်ရှင်မ။ ။"သူကများ။ ပြန်လာပါစေဦး။ တွေ့မယ်။"😠 . မိဂျမ်းပုံ ။ "ကျမက ဟင်းချက်တာလည်း  အမထက် ပိုကောင်းတယ်တဲ့။"😋 . အိမ်ရှင်မ။ ။"ဘယ်သူပြောတာလဲ။"😒 . မိဂျမ်းပုံ ။ ။" အမယောက်ျားပြောတာပါပဲ။"☺ . အိမ်ရှင်မ။ ။"ဒီကောင် ပြန်လာရင်တော့ အသေပဲ။"😠 . မိဂျမ်းပုံ ။ ။"နောက်ဆုံးအချက်ကတော့ ကျမက  အိပ်ယာထဲမှာ အမထက် ပိုကောင်းတယ်တဲ့။"😨 . အိမ်ရှင်မက ဒေါသအရမ်းထွက်ပြီး မိဂျမ်းပုံကို  စားမလို၊ ဝါးမလို ကြည့်ပြီး ထပ်မေးတယ်။  "ဘယ်သူပြောတာလဲ။😠 ငါ့ယောက်ျား ပ...
Image
  နေ့လည်စာအတွက်.. နောက်ဖေး မီးဖိုချောင်မှာ.. ချက်ပြုတ်ဖို့..လုပ်နေတုန်း..... " မီတာ..ဗျို့..'' အိမ်ရှေ့က..ခေါ်သံ.. ဒါနဲ့ ကျတော်လည်း.. အိမ်ရှေ့ကို..အပြေးအလွှား..ထွက်ကြည့်တော့. မီတာသမားက.. " ဒီမှာ..ညှပ်ခဲ့ပြီနော်..''. .လို့.. ပြောရင်း အိမ်ရှေ့ ခြံတံခါးမှာ.. ညှပ်ခဲ့ပြီး.. ပြန်ထွက်သွားတယ် ကျတော်လည်း ညှပ်ခဲ့တဲ့ မီတာစာရွက်ကို ယူကြည့်တော့.. " ဟာ..'' စုစုပေါင်း..၃ ရွက်.. ငွေပမာဏက..တစ်သိန်းကျော်.. အရမ်း အံ့သွားတယ်.. ကိုယ်တွေအိမ်က.. အမြဲတမ်း တစ်လက်ု.. ယူနစ် ၁၀၀ ကျော်ပဲ သုံးတာ.. အခု ၃ လကို တစ်သိန်းကျော်..ဆိုတော့.. မဖြစ်နိုင်တာ..နဲ့.. အိမ်ရှေ့ကို  အမြန်ထွက်ပြီး.. မီတာသမားကို.. " ဟျောင့်...နေအုံး..'' ကျတော့်အသံကြောင့်.. မီတာသမားက..လှည့်ကြည့်ပြီး..မျက်လုံးပြူးသွားတယ် " ဟင်..'' ကျတော်လည်း.. " ခဏ ခဏ..''. .ဆိုပြီး.. သူ့ဆီ အပြေးသွားတော့... " ဟာ....'' သကောင့်သားက ပြေးပါလေရော.. " ဟာ..နေအုံး လို့..'' ကျတော်လည်း အော်ပြောရင်း..နောက်က လိုက်တော့. သကောင့်သားက.. အော်ပါလေရော.. " ကယ်ကြပါအုံးဗျို့.။ ကျတော့်က...
Image
 🔴...ဘာလဲဟဲ့.....ဘဲ...🔴 ဘဲဆိုတဲ့အကောင်က  ပြေးလဲပြေးတတ်တယ်..  လမ်းလဲလျှောက်တတ်တယ်.. ရေလဲကူးတတ်တယ်..  ပျံလဲပျံတတ်တယ်.. ဆိုတော့ကာ  တကောင်ထဲက အမျိုးမျိုးလုပ် တတ်နေတာကတော့ အမှန်ပဲ... ကျန်တဲ့သတ္တဝါတွေက သူ့လောက်အမျိုးစုံအောင် မလုပ်တတ်တော့ သူက ဆရာကြီးဆိုပြီး ထင်တလုံးနဲ့ပေါ့ဗျာ ဒါပေမယ့်.. ဘဲကပျံတတ်တယ်သာဆိုတယ်  စာကလေးလောက်တောင်  မြင့်မြင့်နဲ့မြန်မြန်  မပျံနိုင်သလို ရေထဲမှာလဲ တကယ့်ငါးအစစ်တွေလို မြန်မြန်လဲ မကူးနိုင်ပါဘူး.. ပြေးတော့လဲ ခွေးလောက်တောင် မြန်မြန်မပြေး နိုင်သလို လမ်းလျှောက်ပြန်တော့လဲ လိမ်ဖယ်လိမ်ဖယ် ဖင်တယမ်းယမ်းနဲ့မို့ ကြက်လမ်းလျှောက်သလောက်တောင် ကြည့်မကောင်းလှဘူး..🤔 ဒီတော့ တခြားသတ္တဝါတွေရဲ့အမြင်မှာတော့ ဘဲဆိုတဲ့ အကောင်ဟာ ဟိုစပ်စပ်ဒီစပ်စပ်နဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက် လောက်လောက်လားလား မလုပ်တတ်ပဲ သူ့ကိုယ်သူ အထင်ကြီးနေတဲ့  အောက်ကလိအာကောင်  အာပလာကောင်ဖြစ်နေတော့တာပေါ့.. ပြီးတော့ ခင်ဗျားတို့လဲ ဘဲတွေကို  ဘဲကျောင်းသားတွေက ဘယ်လိုကျောင်းသလဲဆိုတာ မြင်ဖူးကြမှာပါ .. ဘဲကျောင်းရတာ အတော်လွယ်တယ်ဗျ.. မနက်မိုးလင်းလို့ ခြံထဲကဘဲတွေကို  ထုတ်တော့မယ်ဆို...
Image
 #ဉာဏ်ကောင်းဖို့တော့လိုတယ်။             ************** ဒမြတစ်ယောက်ကဘဏ်ကို ဓားပြတိုက်ပြီးငွေတွေအကုန်ယူပြီးထွက်မသွားခင်၊ကြမ်းပြင်ပေါ်ဝပ်နေတဲ့ ဘဏ်လာသူတွေထဲကတစ်ယောက်ကိုမေးလိုက်တယ်။ ကျုပ်ဓားပြတိုက်တာ ခင်ဗျား တွေ့တယ်နော်...။ ဟုတ် ဟုတ်ကဲ့ တွေ့ပါတယ်ဗျာ။ ဒမြက ဒိုင်းကနဲ သေနတ်နဲ့ပစ်ချလိုက်တာ ဟိုလူသေပါလေရော။ ဒမြက နောက်တစ်ယောက်ကိုထပ်မေးတယ်။ ဟေ့လူ  ကျုပ်ဘဏ်ဓားပြတိုက်တာ ခင်ဗျား မြင်လား .. ။ လုံးဝမမြင်လိုက်ပါဘူးဆရာ..။ ဒါ ...ဒါပေမယ့် ဒီက ကျနော့်ဇနီးကတော့ အစအဆုံး အကုန်တွေ့လိုက်ပါတယ်ဆရာ.... ။  😀😀 #knm
 RS သက်တမ်း ၅ နှစ်ကို  နေ့စဉ်ရက်ဆက် ချစ်ကြည်နူးစွာကျော်ဖြတ်လာတယ်လို့ထင်ရင်  ခွက်ခွက်လန်ကို မှားပါတယ်နော်။ တခါတလေ တကယ်ပြတ်တော့မယ်တို့ တခါတလေ နောက်တစ်ယောက်သာထားရင် ငါဒီလောက်စိတ်ညစ်ရမှာ မဟုတ်ဘူးတို့ ဘာတို့ပေါ့။ ကျနော်စိတ်ရှုပ်လာတဲ့အခါ သုံးတဲ့နည်းက တစ်နည်းတည်း သူဘယ်လောက်ဖုန်းဆက်ဆက် မကိုင်တော့ဘူး။ အဲဒိီအချိန်အတွင်းမှာ သူ့ကိုပြောချင်နေတဲ့စကားတွေကို စိတ်ထဲကနေ ထိုင်ပြောနေပစ်လိုက်တယ်။ တစ်နာရီ၊ တကယ်ကို အလွန်ဆုံးကြာ တစ်နာရီဝန်းကျင်ပေါ့။ လူ့စိတ်ဆိုတာကလည်း ခက်သား၊  တစ်ယောက်တည်း တွေးလိုက်၊ပြောလိုက်လုပ်ပြီး  ပြောစရာ ဘာမှမကျန်တော့လည်း သေချာသွားရော … ဖြစ်ထားသမျှ ဒေါသအကုန်ပြေသွားတော့တာနဲ့ တဆက်တည်း စာများပြန်ပို့နေပြီလားဆိုပြီး မက်စင်ဂျာကို ပြန်ပြန်စစ်နေရတော့တာပဲ။ အဲဒီအချိန် … တစ်ယောက်တည်းပြောတဲ့ စကားတွေ သူ့ရှေ့သာ ပြောကြည့်ပါလား ! ကြာပေါ့ ပြတ်တာ။  ဒါကလည်း တစ်ဖက်တည်းတော့ ဟုတ်ဟန်မတူဘူး။ သူ့ဘက်ကလည်း ကျနော့်နည်းတူ ဖြေရှင်းပုံ ဖြေရှင်းနည်းချင်းပဲ ကွာတာဖြစ်လိမ့်မယ်တူရဲ့။    မောင်ကောင်းထိုက်ဟာသလေးသတိရမိတယ်။ တစ်ခါက တောတွင်းက ဆိုင်တစ်ဆိုင်ထဲကို ယုန်တစ်ကောင်နဲ့ ခြင်္သေ့တစ်ကော...
Image
 ဧည့်သည် ။ ။ ဒီမှာရေတခါချိုးရင် ဘယ်လောက်လဲ? ဆိုင်ရှင် ။ ။ ကျား ရေကူးကန်မှာဆို 1000၊ မ ရေကူးကန်မှာဆို 10000 ! ဧည့်သည် ။ ။ ခင်ဗျားဟာက စျေးကွာလှချည်လား ? ဆိုင်ရှင် ။ ။ ကျား ရေကူးကန်လား? မ,ရေကူးကန်လား? မြန်မြန်လုပ် နောက်မှာ တန်းစီနေတာတွေ အများကြီး ရှိသေးတယ်။ ဧည့်သည် ။ ။ ရော့ 10000 ! မ,ရေကူးကန်မှာ ကူးမယ်။ အထဲလည်း ရောက်သွားရော မ,ရေကူးကန်မှာ ယောင်္ကျားတွေချည်းဖြစ်နေတယ်။ ရေကူးကန်ထဲကလူတွေ အော်လိုက်တာက... "သေစမ်း . . . နောက်ဘဲတစ်ပွေ . . . လာ လာ ဂျင်းရေ လာစိမ်လှည့် !!! "😜😜 Crd Credit: original uploader.
Image
  *** တခါက ... 🏕️     ရွာတရွာမှာ လင်မယားနှစ်ယောက်ရှိသည် မယားလုပ်သူက အကျင့်တခုရှိတယ် အဲ့ဒါကတော့ သူ့ကိုဘာပြောပြော " ဟုတ်လား ကျွန်မအစထဲကထင်တော့ထင်သားပဲ" ဆိုပြီး အမြဲအဲ့သလိုပြောတတ်သတဲ့။ ဒါကိုနေ့တိုင်းကြားနေရတော့ ယောကျ်ားဖြစ်တဲ့သူဟာ သူ့မိန်းမကိုအမြင်ကပ်လာတယ်။ ဒီလို့နဲ့တနေ့မှာတော့ ... ယောကျ်ားလုပ်သူဟာနွားနှစ်ကောင်လှည်းတတ်ပြီးလယ်တောကိုသွားလိုက်တယ် ...🐂🐂 အချိန်မတန်မှီ နွားနှင်တံ(နွားမောင်းရာတွင် နွားကိုရိုက်ရန် သုံးသောဒုတ်)ကိုကိုင်ပြီး သူတယောက်ထဲပြန်လာခဲ့တယ်။ ဒါကိုမိန်းမမြင်တော့ ... "ဟော ရှင်တယောက်ထဲဘာလို့အိမ်ကိုအစောကြီးပြန်လာတာလဲ" ဒါနဲ့ လှည်းတွေနွားတွေရော မမြင်ပါလား ... ယောကျ်ားလုပ်သူက "အေးကွာ မပြောကိုမပြောချင်တော့ပါဘူး" ငါလယ်ထဲရောက်လို့လှည်းကနွားတွေကိုချွတ်လိုက်တာနဲ့  နွားနှစ်ကောင်ဟာ အတောင်ပံတွေပေါက်ပြီး . မိုးပေါ်ကိုပျံကုန်ကြတယ်ကွာ... ဒီတောမိန်းမက သူ့ဝစီအတိုင်း ... ဟုတ်လား ~ ကျွန်မအစထဲက ထင်တော့ထင်တော့ထင်သားပဲ ... ဒီနွားနှစ်ကောင် ဒီမနက်မြင်ရတာထူးဆန်းနေသလားလို့လည်းပြောလိုက်ရော ... ... ဒီတော့ ယောကျ်ားကလက်ထဲကအသင့်ကိုင်ထားတဲ့ နွားနှင်တံနဲ့မိန်းမကိုလှိမ့်ရိုက်ပြီ...
 လေယာဉ်မူး ---------- လေယာဉ် သန့်ရှင်းရေး အလုပ်သမားတယောက်ဟာ လေယာဉ်မှူးရဲ့ အခန်းကို  သန့်ရှင်းရေးလုပ်ဖို့ ဝင်သွားတော့ "အတွေ့အကြုံမရှိသေးသူများအတွက်လေယာဉ်ပျံသန်းနည်း(အတွဲ၁)" ဆိုတဲ့စာအုပ်တစ်အုပ်ကို တွေ့လိုက်ပါတယ်။ သူကပထမ စာမျက်နှာကိုလှန်လိုက်ပါတယ်။ ''အင်ဂျင်ကို နိုးရန် အတွက် အနီ ရောင် ခလုပ် ကို နှိပ်ပါ၊" ွအဲသည်အတိုင်းလုပ်လိုက်တာနဲ့ လေယာဉ်အင်ဂျင် စက်နိုးသွားတော့..သူပျော်သွားပြီး နောက်စာမျက်နှာကို လှန်လိုက်ပါတယ်။ ွ“လေယာဉ်ရွေ့လျားဖို့အတွက် အပြာရောင်ခလုတ်ကို နှိပ်ပါ…” ဆိုတော့  သည်အတိုင်း လုပ်တာ  လေယာဉ်ဟာ အံ့သြစရာကောင်းတဲ့ အရှိန်နဲ့ ရွေ့လျားလာပါတော့တယ်။ လေယာဉ်ကိုပျံကြည့်ချင်လာတာ နဲ.. တတိယမြောက်စာမျက်နှာကို လှန်ကြည့်လိုက်တော့ ... ''လေယာဉ်ပျံသန်းဖို့အစိမ်းရောင် ခလုတ်ကို နှိပ်ပါ.''.. အဲသည်အတိုင်းလုပ်လိုက်တာနဲ့ လေပျံကစပြီး ပျံသန်းတော့..သူ ရင်ခုန်သွားတယ်...!! မိနစ်(၂၀)လောက် ပျံသန်းကြည့်ပြီးတဲ့ အခါကျတော့ကျေနပ်သွားပြီး လေပျံ ကို ပြန်ဆင်းချင်တာနဲ့စာမျက်နှာ(၄)ကိုဖွင့်ကြည့် ဖို့ ဆုံးဖြတ်လိုက်ပါတယ်...  စာမျက်နှာ (၄) မှာ ရေးထားတာက...  "လေယာဉ်ဆင်းသက်နည်းကို သိချ...
Image
  ပညာပေးလေးမို့ ပြန်လည်မျှဝေလိုက်ရပါတယ် ခင်ဗျာ့ *************************** ဟိုးရှေးရှေးတုန်းကပေါ့     အိန္ဒိယ နိုင်ငံရဲ့ နယ်လေးတစ်နယ်မှာ  လယ်နီးနားချင်း လယ်သမား ငါးယောက် ရှိတယ်။ တနေ့တော့ သူတို့ငါးယောက် လယ်ထွန်နေကြတုန်း  ရုတ်တရက် မိုးတွေအုံ့လာပြီးတော့  လေရောမိုးပါ ခပ်ကြမ်းကြမ်း ရွာချပါလေရော။  မိုးကလည်း သည်းကြီးမဲကြီးရွာ လေပြင်းတွေကလည်းတိုက်  လျှပ်စီးတွေလည်း တအုံးအုံး တဂျိန်းဂျိန်းနဲ့ဆိုတော့  လယ်သမား ငါးယောက်စလုံးဟာ အနီးအနားက  သစ်ပင်ကြီး တစ်ပင်ရဲ့အောက်ထဲ ပြေးသွားပြီး မိုးခိုကြတယ်။  အဲဒီလို မိုးခိုနေကြတုန်း ထူးဆန်းတဲ့  ဖြစ်ရပ်တစ်ခု ဖြစ်နေတာကို  လယ်သမား ငါးယောက်စလုံးက  သတိထားမိလိုက်ကြတယ်။  အဲဒါက ဘာလဲဆိုတော့ လျှပ်စီးတွေဟာ  သစ်ပင်ကြီးကို မိုးကြိုးပစ်တော့မယ့် ပုံစံနဲ့  ခဏတိုင်း အနီးကပ် လျှပ်စီးလက်နေတာပါ။  ဒီလိုဖြစ်နေတာဟာ သစ်ပင်ကြီးရဲ့အောက်မှာ  ရှိနေတဲ့ လူတွေကို မိုးကြိုးပစ်တော့မယ်ဆိုတာ  လယ်သမားတွေက အလိုလို သဘောပေါက်လိုက်ကြတယ်။  ဒါကြောင့် စိုးရိမ်စိတ်တွေနဲ့ ကြောက်လန့် အော်ဟစ်ပြီးတော့ င...
Image
  ညဖက် အလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲ... ဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး “အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း” လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေးစကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။ ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ “သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!” အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။ ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက “ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက် သားလောက်အောင် ခြောက်ပစ်ရမယ်” ဆိုပြီး ရယ်နေခဲ့တယ်။ သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက “အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ” လို့ မေးတော့ အဘိုးအိုက “တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအ...
Image
 #ရေအိုင်ထဲကခွေး  ~~~~~~~~~ တစ်ခါတုန်းကပေါ့... တွေးခေါ်ပညာရှင်ကြီးတစ်ယောက်ကို လူတွေက မေးကြတယ် ။ " ဆရာကြီး..ဆရာကြီးကို လမ်းမှန်ပေါ်ရောက်အောင် ဘယ်သူလမ်းညွှန်လိုက်သလဲ? " ဒီလိုမေးတော့ တွေးခေါ်ပညာရှင်ကြီးက ... " ခွေးပေါ့ … …!! "" "တစ်နေ့ ရေအိုင်ဘေးမှာ ရပ်နေတဲ့ ခွေးတစ်ကောင်ကို ကျွန်တော်တွေ့တယ်၊ သူတော်တော် ရေဆာနေပုံပါပဲ၊ ရေသောက်ဖို့ သူ အကြိမ်ကြိမ်ကြိုးစားတယ်၊ " "ဒါပေမယ့် အကြိမ်တိုင်းမှာ ရေသောက်ဖို့ ခေါင်းကိုငုံ့လိုက်၊ ကြောက်ကြောက်နဲ့ နောက်ပြန်ဆုတ်လိုက် ဖြစ်နေတယ်၊ " " ဘာဖြစ်လို့လဲဆိုတော့...ရေအိုင်ထဲမှာ နောက်ထပ်ခွေးတစ်ကောင်ကို သူ တွေ့နေလို့လေ ။ နောက်ဆုံး ရေသောက်ချင်တဲ့စိတ်ကို လုံး၀တားမရတော့တဲ့အခါ အကြောက်တရားကို ဖယ်ရှားပစ်လိုက်ပြီး ရေအိုင်ထဲကို ခုန်ချပစ်လိုက်တယ်၊ စောစောက သူမြင်နေရတဲ့ ရေထဲကခွေးလည်း ပျောက်သွားတယ်၊ ဒီတော့မှ သူ့ကို ဟန့်တားနေတာဟာ သူကိုယ်တိုင် ဖြစ်နေပါလားဆိုတာ ခွေးသဘောပေါက်သွားတယ် ။ " "ဒါကိုကြည့်ပြီး ကျွန်တော့်အတွက် အခက်အခဲ, အတားအဆီး, အဟန့်အတားကို ဖြစ်စေတာ ကျွန်တော်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတဲ့ အသိတရားကို ရလိုက်လို့ပါပဲဗျာ ...
Image
 အညှိုးမပြေ😜  တစ်ခါက ရွာတစ်ရွာမှာ နတ်ကတော် အမျိုးသမီးတစ်ယောက် သူ့နတ်အစွမ်းနဲ့ သေတဲ့လူတွေ ဝင်ပူးပြတယ် တနေ့ ​​ သေသွားတာမကြာသေးတဲ့ မိတုတ် ဝင်ပူးနေတုန်း မိန်းမတစ်ယောက်က " ညည်း မိတုတ်လား " " ဟုတ်တယ် မိတုတ်ပဲ " " သေချာတယ်နော် " "သြော် မိတုတ်ပါဆိုမှ သေချာပါတယ် ဟင်း ဟင်းး" " ဖြန်း ဖြန်း ဖြန်း " နတ်ကတော်ပါးကို ဆယ်ချက်လောက်ရိုက်ပြီး "မှတ်ထား...ညည်းမသေခင်က ငါ့ယောင်္ကျားနဲ့ရှုပ်သွားတာ" "ခု နတ်ကတော်ကယ်လို့ အကြွေးဆပ်ခွင့်ရတာ "🤣🤣🤣 Crd 🖊 ᶜʳᵉᵈⁱᵗ🖊
Image
  မနက်ဝေလီဝေလင်းအချိန် ကိုတာတီးတို့လင်မြား၂ယောက် ခြင်ထောင်ထဲစကားပြောနေတာကို သူ့သားဖိုးထောင်ကခိုးနားထောင်နေမိတယ် "ချစ်ကလေ မိန်းမအရမ်းပီသတာပဲ မျက်လုံးလေးကိုစင်းလို ကိုကိုလဲယောကျာ်းပီသပါတယ်နော် ရင်အုပ်ကြီးတွေကားနေတာပဲ ကိုကိုတော်ပြီကွာ, မိုးလင်းတော့မယ်တော့မယ် ထတော့ စိမ်ဦးမယ် မထသေးဘူးချစ်ရယ်" မနက်မိုးလင်းလို့ ကိုတာတီးအိမ်​ရှေ့ ငါးသည်ရောက်လာတော့ သားရေ ဖိုးထောင် အဖေမအားလို့ ငါး၂ကောင်လောက်ဆင်းဝယ်လိုက်ပါကွာ ဟုတ်ကဲ့အဖေ အဖေဒီမှာငါး၂ကောင်ရပြီ သေချာရွေးခဲ့ရဲ့လားကွ ရွေးခဲ့ပါတယ်အဖေ ဒီတစ်ကောင်က အထီး ကြည့်ပါ့လား ရင်အုပ်ကြီးကိုကားလို့ ဒီတစ်ကောင်ကအမ မျက်လုံးလေးစင်းနေတာပဲ ဟာ မြေနိုးလေး အဖေနဲ့အမေစကားပြောတာ ခိုးနားထောင်တယ်ပေါ့ဆိုပြီး ဖိုးထောင်ကိုဖနှောက်နဲ့ထပေါက်လိုက်တာ အိမ်ကရေစည်ပိုင်းထဲကျပါလေရော ဖနှောက်နဲ့အပေါက်ခံရတဲ့ဖိုးထောင်ကရေစည်ပိုင်းထဲကနေ တော်ရုံနဲ့ပြန်ထမလားလို့ ဟျောင့် ဖိုးထောင် ဘာလုပ်နေတာလဲ ပြန်ထတော့လေ  မထသေးဘူး အဖေ သားစိမ်လိုက်ဦးမယ် သယ် ဒီခွေးမသား😁 𝐶𝑟𝑒𝑑𝑖𝑡 𝑡𝑜 𝑜𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑤𝑟𝑖𝑡𝑒𝑟 #စာချွန်လွှာ📝
Image
  ဟိုတလောက လူတစ်ယောက်လိုင်းပေါ်မှာ ဆိုင်ကယ်ရောင်းနေတာတွေ့တယ် ပထမကတော့ 55သိန်းရရင် ရောင်းမယ်တဲ့ ညနေလောက်လဲ ရောက်တော့အဲ့ဈေးနဲ့ ရောင်းမထွက်ဘူးထင်ပါတယ် 50ရရင်  ရောင်းမယ် ဆိုပီး ထပ်တင်ထားတယ် ကျနော်လဲ သူ့wallထဲ ဝင်ကြည့်မိတာပေါ့ဗျာ နောက်ရက်ရောက်တော့ ‌ကျနော့်အဖေ နေမကောင်းလို့ပါ 45ရရင် ထုတ်မယ်ဆိုပီး ထပ်တင်ထားတယ် သူ့မှာ သူ့အဖေ နေမကောင်းတာ တစ်ပူ ဆိုင်ကယ်ရောင်းမထွက် တစ်ပူနဲ့ စိတ်အတော် ညစ်နေပုံပါဘဲ, နောက်တစ်ရက်ရောက်တော့ ကျွန်တော့ အဖေ မနက်ဖြန် ခွဲခန်းဝင်ရမှာမို့ 40အပိတ်ရရင် ရောင်းမယ်လို့ တင်ထားတော့ ကျွန်တော်လဲ ဆိုင်ကယ် လာကြည့်မလို့ဆိုပီး သူတင်ထားတဲ့ ဖုန်းကိုဆက်လိုက်တော့ နှင်းဆီအဝိုင်းမှာ လာကြည့်ပါတဲ့ သူပြောတယ်, ကျွန်တော် သူ့ဆီကိုရောက်လို့ဆိုင်ကယ်ကို စစ်ကြည့်လိုက်တော့ အင်ဂျင်လဲကောင်း ဆိုင်ကယ်ကလဲ သန့်တာနဲ့ မောင်းပီးပြေးခဲ့လိုက်တယ်, ဘာဘဲဖြစ်ဖြစ် သူပူနေရတဲ့ တစ်ပူတော့ ငြိမ်းသွားတာပေါ့ဗျာ......😁😁😁😁😁 #credit ဟာသစာတိုများကိုဆက်လက်တင်ပေးနေမှာဖြစ်လို့  နေ့စဥ်ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်ဗျ
Image
 #သူခိုးလုပ်ဖို့လိုတယ်#                   "တစ်ခါက အရမ်းချမ်းသာတဲ့သူဌေး တစ်ယောက်ရှိတယ်။သူ့လုပ်ငန်းက ဝန်ထမ်းပေါင်း ၅၀၀ ကျော်နဲ့ လည်ပတ်နေတယ်။ဒါပေမယ့်ထူးဆန်တာက သူ့ဝန်ထမ်းတွေက အရမ်းအလုပ်လုပ်တယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ သူက သူဌေးတစ်ယောက်လို မနေဘူး။ ခေါင်းဆောင်တစ်ယောက်လိုဘဲ အလုပ်လုပ်နေတာကြောင့်ဖြစ်တယ်။သူ့ဝန်ထမ်းတွေကို တာဝန်ကိုယ်ဆီ ပေးပြီး တာဝန်တစ်ခုပြီးမြောက်အောင် အမြဲတမ်း ဦးဆောင်ခဲ့တယ်။နေရာတကာမှာ သူကိုယ်တိုင် ဝင်ပါခဲ့တယ်။အကုန်လုံး ဆန်းစစ်ခဲ့တယ်။ဒါပေမယ့် တစ်ချို့ဝန်ထမိးတွေက သူတို့ကို ဖိအားပေးနေတယ်လို့ ယူဆပြီး ထွက်သွားကြတာလည်းရှိတယ်။တစ်ချို့က မလုပ်နိုင်ဘူးဆိုပြီး ထွက်သွားကြတယ်။ ဒါပေမယ့် သူဌေးကတော့ ဝန်ထမ်းသာပြောင်းနေကြတာ သူ့စည်းကမ်းကိုတော့ မပြောင်းခဲ့ဘူး။     ဒါပေမယ့် မောင်မောင် ဆိုတဲ့ ဝန်ထမိးတစ်ဦးကတော့ နှစ်အတော်ကြာကြာ လုပ်ကိုင်နေခဲ့တယ်။ သူဌေးရဲ့ ဖိအားကိုလည်း ခံခဲ့ရတယ်။ဦးဆောင်မှုနောက်ကို လညိးလိုက်ခဲ့ရတယ်။သူဌေးက သူ့ကို အာရုံစိုက်ပြီး ပြောခဲ့တာကိုလည်း ခံရတယ်။အဆဲလည်း အများဆုံးခံခဲ့ရတဲ့လူတစ်ယောက်ပေါ့။          တစ်နေ့တေ...
Image
  တစ်နေ့မှာ လူတစ်ယောက်ဟာ သူ့ကားကိုမောင်းလာရင်း လမ်းခုလတ်တစ်နေရာမှာ အသက်ကြီးကြီးအမျိုးသမီးတစ်ယောက် အကူအညီလိုအပ်နေတာတွေ့လိုက်တယ်။  သူက အမျိုးသမီးကြီးရဲ့ မာစီဒီးကားရှေ့ထိသွားပြီး သူ့ကားကို ရပ်လိုက်တယ်။  သူရပ်လိုက်တဲ့အချိန်ထိ သူ့ကားစုတ်ဆီက အသံစုံမြည်နေတုံး။ သူပြုံးပြတာတောင် အမျိုးသမီးက သူ့ကိုကြည့်ပြီး လန့်နေတဲ့ပုံပါပဲ။  သူမ အချိန်တော်တော်ကြာအောင် ဒီနေရာမှာရောက်နေတာ ဘယ်သူမှ သူမကိုကူညီဖို့ မရပ်ပေးခဲ့ဘူးလေ။ ပြီးတော့ ဒီလူကြည့်ရတာလည်း သိပ်စိတ်ချရတဲ့ပုံ မဟုတ်ဘူး။ ဆင်းဆင်းရဲရဲ နုံနုံချာချာနဲ့ စားကောင်းသောက်ကောင်းမစားရတဲ့ပုံ၊ အဟာရလည်း သိပ်မပြည့်တဲ့ပုံကြီး။ သူမ အလွန်အေးတဲ့ အဲ့နေရာမှာ ခြေစုံရပ်ရင်း သူ့ကို ကြောက်လန့်စွာ ကြည့်နေမိတယ်။ အဲ့လူကလည်း သူမစိတ်ကို နားလည်ပုံပဲ။  သူက အမျိုးသမီးရှေ့ကိုလျှောက်လာပြီး ပြောတယ်။ "ကျနော် ကူညီပေးဖို့လာတာပါ အန်တီ.. အန်တီ့ကားထဲမှာပဲ ထိုင်စောင့်နေပါလား.. အဲ့ဒီမှာက နွေးနွေးထွေးထွေးရှိမှာပါ.. ဒါနဲ့ ကျနော့် နာမည်က ဘရိုင်ယန် အင်ဒါဆန် ပါ.." တကယ်တော့ သူမဒုက္ခရောက်နေတာက ကားဘီးပေါက်တာလေးပါပဲ။ ဒါပေမဲ့လည်း အမျိုးသမီးကြီး တစ်ယောက်အနေနဲ့ကတော့ တော်တော်ဆိုးတဲ့ပြ...
Image
 ဟာသတစ်ခုပါ.. ဒါပေမဲ့ပညာတော့ပါတယ် -- ------------------------------------------------- လွှတ်တော်အမတ်တစ်ယောက် သေသွားပြီး နတ်ပြည်တံခါး၀ကို ရောက်သွား၏။ သိကြားမင်းနဲ့တွေ့သည့်အခါ သိကြားမင်းက ပြောတယ် " အိမ်း မောင်မင်းက လူပြည်မှာတုန်းက လွတ်တော်အမတ် ဖြစ်ခဲ့လေတော့ ... မင်းတို့အတွက် အထူးပြဋ္ဌာန်းထားတဲ့ စည်းကမ်းတစ်ခု ရှိနေတယ် ... အဲဒါကတော့ မောင်မင်း ငရဲပြည်မှာ တစ်ရက်သွားနေရမယ် ... ပြီးရင်တော့ ငရဲပြည်မှာ ဆက်နေချင်လား ... နတ်ပြည်ကိုလာချင်လားဆိုတာ ဆုံးဖြတ်လို့ရမယ်ကွယ့် " " ဗျာ ... ကျနော် ငရဲပြည်မှာ တစ်ရက်သွားနေရမယ် ဟုတ်လား ... ဟို ... ကျနော် လူ့ပြည်တုန်းက ဘုရားတည်ကျောင်းဆောက်ခဲ့ ခဲ့ .... " " အိမ်း စည်းကမ်းက စည်းကမ်းကပဲကွယ့် ... သွားစေ" သိကြားမင်းကြီး လက်တစ်ချက် သပ်အလိုက်မှာပဲ လွှတ်တော်အမတ်က သူ့ရှေ့ကနေ ပျောက်ကွယ်သွားလေတော့တယ်။ သူပြန်နိုးလာချိန်မှာတော့ မျက်စိမဖွင့်ရသေးခင်မှာပဲ သူငရဲပြည်ရောက်နေပြီဆိုတာ သိနှင့်နေပြီ။ အဲဒါကြောင့် မျက်စိဖွင့်မကြည့်ရဲသေးဘဲ၊ အပြင်က အော်ဟစ်ညည်းတွားသံတွေများ ကြားရမလား ဘာလားဆိုပြီး နားစွင့်ကြည့်တော့ ဘာသံမှ မကြားရဘူး ... အားလုံးက တိတ်တိတ်ဆိတ်ဆိတ်နဲ...
 ယောင်္ကျားကို နည်းနည်းတော့.. သံသယရှိလာမိပြီ ...!! ~~~~~~~~~~~~~~~~~~~~ (သင်ခန်းစာ ယူနိုင်ကြပါစေ...) နေ့တိုင်းအိမ်ကို..နောက်ကျမှပြန်ရောက် သည်....မေးလိုက်တိုင်း ရုံးမှာအလုပ်များ လို့အချိန်ပိုဆင်းနေတာချည်းပဲ....၊ တစ် ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ညနေစာကိုလည်း အရင်လိုမြိန်ရေယှက် ရည်မစားတော့... ထမင်းကို ၃..၄..ဇွန်း စာလောက်ပဲ ထည့်စားလေ့ရှိသည်...။  သေချာပြီလေ...မောင်ခြေလှမ်းတွေပျက် နေပြီ.. အချိုးတွေလည်းပြောင်းကုန်ပြီ...။ - မိမိကိုယ်ကိုလည်းမှန်ထဲပြန်ကြည့်မိလိုက်သည် အသက် ၄၀ ကျော်ကာစ..မျက်စိအစွန်းနှစ်ဖက်မှာ အရေးအကြောင်းလေးတွေလည်းရေးရေးလေး ပေါ်နေပြီ...၊ သနပ်ခါးကွက်ကြားရိုက်ထားတဲ့ မျက်နှာကလည်း အဆီတစ်၀င်း၀င်းနဲ့ အိမ်မှုကိစ္စတွေ အလုပ်ကိစ္စတွေနဲ့ရှုပ်နေမြဲမို့ မိမိကိုယ်ကိုလည်း သေချာမပြင်ဆင်မိတာကြာလေပြီ....၊ အဲဒီအတွက် ကျွန်မဘ၀ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ မောင့်ကိုလက်လွတ်ဆုံးရှုံးလိုက်ရတော့မှာလား..... မောင်ဒီလောက်တော့မရက်စက်လောက်ပါဘူးလေ...လို့စိတ်ကိုဖြေကြည့်ပါသော်လည်း ရင်မှာတော့သောကမီးများတောက်လောင်ကာ နေမထိထိုင်မသာဖြစ်နေမိသည်...။ - မဖြစ်ခြေဘူး..ဒီနေ့ညနေတော့ ရုံးဆင်းချိန်မှာ မောင့်နောက်က...
Image
 "ဂေါက်သီး ” . အမျိုးသမီးနှစ်ယောက် ဂေါက်ရိုက်နေကြတယ်။ တစ်ချက်သားမှာတော့.. သူတို့ထဲက တစ်ယောက်ရိုက်လိုက်တဲ့ ဂေါက်သီးဟာ လမ်းလွဲသွားပြီး  ဟိုးရှေ့ခပ်လှမ်းလှမ်းမှာ ဂေါက်အိတ်ထမ်းပြီး လျှောက်နေတဲ့ ကယ်ရီကောင်လေးကို တန်းတန်းမတ်မတ် ဝင်မှန်ပါလေရော... သူတို့နှစ်ယောက်လည်း ကောင်လေးဆီကို ကမန်းကတန်းပြေးသွားတယ်။ အနားရောက်လို့ ကြည့်လိုက်တော့... ... ကောင်လေးခမျာ လက်နှစ်ဖက်ကို ပေါင်ကြားထဲ ထိုးထားရင်းနဲ့  မြေပြင်မှာ လူးလှိမ့်ပြီး အော်နေရှာတယ်။ ဒီတော့ အမျိုးသမီးက တောင်းပန်စကားဆိုရင်း ပြောတယ်....  "တောင်းပန်ပါတယ်ရှင်၊ ကျမဘာလုပ်ပေးရမလဲ" "အား... အီး... ရ ရတယ်... အီးရား..." "ကျမက အကြောအဆစ်ပညာရှင်ပါ၊ ရှင့်လက်ဖယ်လိုက်၊   ဝေဒနာသက်သာအောင် ကျမနှိပ်ပေးမယ်" "အိုး... အား နေ နေပါစေ... ကျွတ် ကျွတ်" "ရှက်မနေပါနဲ့ရှင်၊ ဒီနားမှာ တခြားဘယ်သူမှ မရှိပါဘူး၊ ကဲ ဖယ် ဖယ်" ... .... ပြောပြောဆိုဆိုနဲ့ ကောင်လေးဘေး ဒူးထောက်ထိုင်လိုက်တယ်။ ကောင်လေးရဲ့ ဘောင်းဘီဇစ်ကို ဆွဲဖြုတ်လိုက်တယ်။ ပြီးတော့...  သူ့လက်လေးနဲ့ ဘောင်းဘီထဲနှိုက်ပြီး နေရာအနှံ့ နှိပ်နယ်ပေးလိုက်တယ်။ ၁၀ မိနစ်လောက် နှိပ်ပေးပြ...
Image
 " မင်းမိန်းမနဲ့ ဘာလို့ကွာရှင်းချင်တာလဲ" ⭐⭐⭐⭐⭐⭐⭐⭐⭐⭐ တရားသူကြီးက မေးတယ်။ " ကျနော့ကို နေ့စဉ် ကြက်သွန်ဖြူခွာခိုင်းတယ်။ ကြက်သွန်နီလှီးခိုင်းတယ်။  ပန်းကန် ဆေးခိုင်းတယ် အဲဒါကြောင့်" " အဲဒါ ဘာများ အပန်းကြီးလဲ။လွယ်လွယ် လေးဟာကို.. ကြက်သွန်ဖြူမခွာခင် မီးအပူလေး ပေးလိုက်။ အခွံခွာရတာ လွယ်သွားမယ်။ ကြက်သွန်နီလှီးခိုင်းရင် လှီးမဲ့ကြက်သွန်ကို ရေခဲသေတ္တာအထဲ ခဏထား.. နောက်လှီးကြည့်။ မျက်စိမစပ်တော့ဘူးပေါ့။ ဒီလိုပဲလေ.. ပန်းကန်လည်း မဆေးခင် ရေထဲ ဆယ်မိနစ်လောက်စိမ်ထား  ဆေးရတာ လွယ်လွယ်လေး။ ဒါပေမဲ့..မင်းကို အဝတ်တော့ မလျှော်ခိုင်းသေးဘူး မဟုတ်လား။ နောက် အဝတ်လျှော်ခိုင်းရင် ဒီလိုလုပ်ကွ.. သေချာမှတ်ထား.. အဝတ်မလျှော်ခင် ဆပ်ပြာရည်အထဲ မှာ အဝတ်ကို ဆယ့်ငါးမိနစ်လောက် စိမ်ထား။  ဂျီးတွေ သူ့အလိုလို ထွက်လာမယ်။  လျှော်တဲ့အချိန် အားသုံးစရာ မလိုတော့ဘူးပေါ့ ပြီးတော့...သနပ်ခါး..သွေး..." " ရပါပြီ ခင်ဗျ...ကျနော့ လျှောက်လွာ ပြန်ရုပ်သိမ်းခွင့်ပြုပါ..  တရားသူကြီးမင်း ခင်ဗျား" "မင်း.. ငါပြောတာ နားလည်သွားလို့ပေါ့ ဟတ်လား" " အမှန်တော့ ကျနော်ဟာ တရားသူကြီး ထက်စာရင် အများကြီး သက်သာပါသေး တယ်...
Image
 မှော်ဝင် ဖါး ========= လူတစ်ယောက်ဟာသူ့ပစ္စည်း (၂၅)လက်မခန့် ရှည်နေသဖြင့်  အဆင်မပြေဖြစ်နေသောကြောင့်  ဖြတ်ရန် ဆရာဝန်သွားပြသည်။ ဆရာဝန်ကပြောသည်။ “ဒါမျိုးက ဖြတ်ရင် တစ်ခါထဲ သုံးမရဖြစ်သွားမယ်..ဆေးသောက် လို့လဲ မဖြစ်နိုင်ဘူး..အဲဒီတော့  သမားရိုးကျမဟုတ်တဲ့နည်းကို ပေးမယ်..ဒီနားက ရေကန်ကိုသွား၊  အဲဒီမှာ ဖားမတစ်ကောင်ရှိတယ်.. သူ့ကိုလက်ထပ်ခွင့်တောင်း..ဒါဆို သူငြင်းလိမ့်မယ်..တစ်ခါငြင်းတိုင်း  ခင်ဗျားပစ္စည်းလည်းတိုသွားပါ လိမ့်မယ်..” သို့နှင့်ထိုလူလည်း မယုံ့တယုံဖြင့်  ရေကန်နားသွားရာ ဖားတစ်ကောင် ကိုတွေ့သည်။ 'အင်း..ဟိုဆရာဝန်ပြောတာတော့ ဟုတ်နေပြီ..ဒီဖါးက ငါ့ကို ကုသ ပေးနိုင်ပါ့မလား..အို..ဘာပဲဖြစ်ဖြစ် အရှူံးမရှိနိုင်ပါဘူး..'ဟုတွေးကာ  ဖားကိုမေးသည်။ “ဖားမကလေး ငါနဲ့လက်ထပ်ပါလား” ထိုအခါ ထူးဆန်းစွာဖြင့် ဖါးက စကားပြန်ပြောလာ၏.. “ဟင့်အင်း မထပ်နိုင်ပါဘူး” ထိုလူလည်း သူ့ပစ္စည်းကို လှစ်ကြည့်ရာ ငါးလက်မတိုသွား သည်ကို တွေ့သဖြင့်သေမတတ် ပျော်သွားပြီး ထပ်မေးသည်.. “ဖားမလေး ငါနဲ့လက်ထပ်မှာလား” “ရော်.. မထပ်နိုင်ပါဘူးဆို” ထပ်ကြည့်ရာ ထပ်တိုသွားသဖြင့်  (၁၅)လက်မသာကျန်တော့သည်။ (၁၀)လက်မခန့်ဆိုလျှ...
Image
  အစိုးရရုံးတွင်မီးလုံးတစ်လုံး ကျွမ်းသွားသည်။ ●Day (1) မီးလုံးအသစ်လဲလှယ် တပ်ဆင်ပေးပါရန် လေးစားစွာ အစီရင်ခံအပ်ပါသည်။  အောက်တန်းစာရေးကရေးတင်သည်။ ●Day (2) အောက်တန်းစာရေး ရေးတင်သည့် စာကို စာဝင်စာထွက်တွင် တံဆိပ်တုံးထုပြီး စာနံပါတ်တပ်သည်။ ●Day (3) စာနံပါတ်တပ်ပြီးသားစာကို ဌာနခွဲစာရေးကြီး စားပွဲမှာတင်သည်။ ●Day (4) ဌာနခွဲ စာရေးကြီးက မီးလုံးကျွမ်း သွားသည်မှာ မှန်ကန်ကြောင်း မှတ်ချက်ရေးသည်။ ● Day (5) ဌာနမှူးရုံးခန်းရှေ့ရှိ စာရေးထံ ထိုစာရောက်လာသည်။ ဌာနမှူး တိုင်းရုံးတွင် အစည်းအဝေး သွားနေသဖြင့်နောက်နေ့မှ လက်မှတ်ထိုးနိုင်မည်။ ●Day (6) ဌာနမှူးမှမှတ်ချက်ရေးသည်။ " မီးလုံး" ကိုစာလုံးပေါင်းရာ "မီးလုန်း" ဖြစ်နေသဖြင့် စာအသစ်ရေးတင်ပါ။ ● Day (7) to Day (12) ထိုစာကို စာလုံးပေါင်းပြင်ပြီး အဆင့်ဆင့် ပြန်တင်သည်။ ● Day (13) မီးလုံး အသစ်လဲလှယ်ရန် ခွင့်ပြုကြောင်း ဌာနမှုးမှ မှတ်ချက်ပေးသည်။ ●Day (14) ဌာနမှူး ခွင့်ပြုမိန့်ပါသည့် စာနှင့်တွဲပြီး မီးလုံးသစ်ဝယ်ယူရန် ခွင့်ပြုချက်ရပြီ ဖြစ်ပါသဖြင့် လိုအပ်သည့် ငွေထုပ်ပေးပါရန် အောက်တန်းစာရေးက ငွေစာရင်းဌာနကို လိပ်မူပြီး စာရေးတင်သည်။ ●Day (15) တံဆိပ်တုံးနိုပ်ပ...
Image
  ကမ္ဘာဦးကတည်းက စသည်။   တရက်… ညကြီးမိုးချုပ်မှ အပြင်ကပြန်လာတဲ့ အာဒံကို  ဧဝက ပြဿနာရှာတယ်။ "ရှင်…  ညကြီးမိုးချုပ်မှ ပြန်လာတယ်   ဘယ်ကောင်မနဲ့ သွားရှုပ်နေလဲ…?" ''ဟာ… အဓိပ္ပါယ်မရှိတာကွာ!  ဘုရားသခင်က ငါ့နံရိုး တစ်ချောင်းကို ဖြုတ်ပီး   ဖန်ဆင်းထားတဲ့ မိန်းမဆိုလို့   ကမ္ဘာပေါ်မှာ မင်းတယောက်ထဲရှိတာ" ဧဝက ဗြစ်တောက်ဗြစ်တောက်နဲ့ ပြောမဆုံးရှိနေဆဲပင်။  အာဒံ အိပ်ပျော်သွားသည်။ အာဒံ အိပ်မောကျစဉ် သူ့ဗိုက်ကို တစုံတယောက်က  ခေါက်နေလို့ အိပ်နေရာမှ လန့်နိုးသွားသည်။ ကြည့်လိုက်တော့ ဧဝ . . . ''ဟင်… မင်းဘာလုပ်နေတာလဲ…? '' ဆိုတော့ ဧဝက ပြန်ဖြေတယ်… … "ရှင့်နရိုးတွေကို ရေနေတာ!!" တဲ့ :p :p Crd . . .credit Orig
Image
မိန်းမယူရန် အသက်အရွယ် အပိုင်းအခြား အလိုက် မိန်းမတို့ရဲ့ စျေးနှုန်းများ အသက် ၁၈နှစ် နှင့် အောက် x(ဝေလီဝေလင်းစျေး) သူကတော့ မနက် ၅ နာရီလောက် စျေးသွားဝယ်ရသလိုပါပဲ။ အဲဒီအချိန်မှာ စျေးသွားဆစ်လို့မရပါဘူး။ ရောင်းတဲ့လူက ကြိုက်စျေးရမှ ရောင်းပါမယ်။ ဒါပေမယ့် အရမ်းကို လတ်ဆတ်တာတွေကို စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။ အသက် ၂၀ (မနက်ခင်းစျေး) [လူစည်စအချိန်] ဒီအချိန်ကတော့ မနက် ၆ နာရီ အချိန်လောက်ပါ။ စောစောစီးစီး စျေးထဝယ်ထားတဲ့ လူတချို့ကြောင့် အကောင်းတကာ့ အကောင်းဆုံးတွေ ပါသွားတာကလွဲလို့ ကျန်တာတွေအကုန်လုံး အကောင်းတွေပါပဲ။ ဒီအချိန်မှာ စျေးစဆစ်လို့ရပါပြီ။ အသက် ၂၅ ဝန်းကျင် (မနက်ခင်းစျေး) [လူစကွဲချိန်] အချိန်အားဖြင့် မနက် ၈ နာရီလောက်ရှိပါပြီ။ ဝေလီဝေလင်းထဝယ်ထားတဲ့ လူတချို့ရယ်၊ စျေးစည်စအချိန်မှာ ဝယ်ထားတဲ့ လူတွေရယ်ကြောင့် တော်တော်များများက ရွေးကျန်တွေဖြစ်ကုန်ပါပြီ။ ဒါပေမယ့် မျက်စိလျှမ်းတတ်တဲ့လူတွေကြောင့် ကောင်းတာလေးတွေ ရှိနေပါသေးတယ်။ အသေအချာလေးတော့ ရွေးဝယ်ဖို့ လိုနေပါပြီ။ အသက် ၂၇ ဝန်းကျင် (နေ့လယ်စျေး) ဒီအချိန်မှာတော့ မနက်ပိုင်းကကျန်ထားတာတွေကို စတင်ပြင်ဆင်ဖို့ လုပ်နေရပါပြီ။ ဥပမာ အစည်းပြေနေတာတွေကို ပြန်စည်းမယ်...
Image
ဥာဏ်ကောင်းလွန်းတဲ့ ကြက်ဖအို ▄▄▄▄▄▄▄▄▄▄▄▄▄▄ တစ်နေ့မှာ… လယ်သမားကြီးဟာ ကြက်ဖလေးတစ်ကောင်ကို စျေးထဲက ၀ယ်လာပြန်တယ်။ အဲဒီနောက် ကြက်ဖလေးကို သူ့ရဲ့ကြက်ခြံထဲမှာ လွှတ်ပေးလိုက်တယ်။ ကြက်ဖလေး ခြံထဲကို ၀င်၀င်ချင်းမှာပဲ ကြက်မတွေအလယ်ကောင်မှာ အခန့် သား နေနေတဲ့ ကြက်ဖအိုကြီးတစ်ကောင်ကိုတွေ့လိုက်တယ်။ ကြက်ဖအိုကြီးက “ဟေ့ကောင်လေး.. ကြိုဆိုပါတယ်” လို့ဆီးပြီး နှုတ်ဆက်လိုက်တယ်။ ဒါပေမယ့်လည်း အိုမင်းနေပြီ ဖြစ်တဲ့ ကြက်ဖကြီးကို ကြက်ဖလေးက အဖက်မတန် သလိုနေလိုက်တယ်။ ခြံထဲမှာရှိတဲ့ ကြက်မတွေကို သူလိုက်ပြီး အကဲခတ် နေတုန်းမှာပဲ ကြက်ဖကြီးက ဒီလိုပြောတယ် “ကောင်လေး..ဒီခြံထဲမှာ ကြက်မ (၂၅) ကောင်တိတိ ရှိတယ်။ ငါက အိုလာတော့ သူတို့ ဥဥ နှုန်းကျလာတယ်။ ဒါကြောင့် မင်းကို လယ်သမားကြီးက အသစ်၀ယ် လိုက်တာပဲ။ ငါ့ကို ငဲ့ညှာတဲ့ အနေနဲ့ ကြက်မ (၂၄) ကောင်ကို မင်းယူပြီး ငါ့အတွက် ကြက်မလေး (၁) ကောင်လောက်တော့ ချန်ထားပေးပါကွာ.. ဒီတစ်ခုတော့တောင်းဆိုပါရစေ” အဲဒီလို ကြက်ဖကြီးပြောတဲ့အခါ ကြက်ဖပျိုလေးက မျက်ခုံးတစ်ဖက်ကိုပင့်လိုက်တယ်။ တဟင်းဟင်းနဲ့ ရယ်မောပြန်တယ်။ ပြီးတော့ ဒီလိုပြန်ပြောလိုက်တယ်။ “ဘဲရီး..ခင်ဗျားအသက်ကြီးပြီ။ နားလိုက်တော့…။ ဒီစော်တွေအကုန် ကျ...
Image
ကျနော့အသက်  ဆယ့်ရှစ်နှစ်လောက်က "သမီးရဲ့ဦး" ဆိုပြီး "ဦး"တွေပဲခေတ်စားနေတာ🙄 အခု ကျနော့အသက်လေးဆယ်ကျော် "ဦး" အရွယ် ရောက်လာတော့မှ "မရဲ့မောင်လေး" ခေတ် ရောက်သွားပြန်ရော..😖 ဘွကိုက အဘိုင်တို့ဗလီရှေ့ ဝက်သားတုတ်ထိုး ထိုင်ရောင်းမိတဲ့ကောင်လိုပဲ အပေါက်အလမ်းကိုမတည့်ဘူး😭 Thu Deper
Image
မမြှောက်တတ်တဲ့ဒကာနှင့် မကြွားတတ်သောဘုန်းကြီး 😂😂😂😂😂😂😂😂😂😂😂😂 (ဟာသဆန်နေပေမဲ့သံဝေဂယူစရာပါ) " ဘုန်းကြီး---ဘုန်းကြီးဘုရား " " ဟေး---ဒကာ---ငါဒီမှာကွ " " သြော်---ဘုန်းကြီးက ကားရေဆေးနေတာကိုး၊ ကပ္ပိယတွေဆေးခိုင်းပေါ့ဘုရာ့၊ ဘယ့်နှယ် ကိုယ်တိုင်ဆေးနေရတာတုန်း" " အိမ်း---ကျောင်းက ကပ္ပိယတွေက အလုပ်သွားကြလို့---တစ်ယောက်မှမရှိကြဘူး၊ ကဲ ဆိုပါဦး---ဒကာကြီးလာတာ ဘာကိစ္စ" " အင်း---ဘုန်းကြီးကားအကောင်းစားမြင်တာနဲ့ လာရင်းကိစ္စတောင် မေ့သွားတယ်ဘုရား၊ ဘုန်းကြီးကားက ၂၀၁၂ မော်လ်ဒယ်လားဘုရာ့၊ ပုံလေးကျတယ်၊ အတော်ရုန်းမယ့်ပုံရှိတယ်၊ ဘိုင်ဖိုး ထင်တယ် " " ဟာ---ဒကာကြီးကလည်း မြှောက်စရာမရှိ ကိုယ့်ဘုန်းကြီကို ကပ်မြှောက်နေပြန်ပြီ၊ ကျုပ်က အဲ့ဒီလို မြှောက်တာ ကြွားတာမျိုးဆို အလွန်မုန်းတာဗျ " " အဲ့ဒါကတော့ တပည့်တော်နဲ့ တူသွားပြီ၊ တပည့်တော်လည်း မြှောက်တဲ့လူတို့ ကြွားတဲ့လူတို့ဆို အတော်အမြင်ကပ်တာဘုရာ့၊ အခု ဘုန်းကြီးကားကိုတော့ တကယ်ကောင်းလို့ ကောင်းတယ်ပြောတာပါ ဘုရာ့ " " လင့်ခရုဇာမကောင်းမကန်းလေးပါကွာ၊ ငါကတော့ ကြိုက်လှတယ်မဟုတ်ပါဘူး၊ ရဟန်းဒကာတွေက ...
Image
လမ်းထိပ်ကဆိုင်ကို ဈေးဝယ်ခိုင်းလိုက်လို့  သွားဝယ်တာ ဆိုင်ရောက်တော့  🤓“အစ်မ ခရမ်းသီးတလုံး ဘယ်လောက်တုန်း” လို့မေးကြည့်တော့  🙍ခရမ်းသီးက  “အလုံးလိုက်မရောင်းဘူးမောင်လေး အချိန်နဲ့ရောင်းတာ”တဲ့။ ဒါနဲ့  🤓“အာ့ဆို ဘယ်အချိန်လောက်ပြန်လာဝယ်ရမလဲ နေ့လည်လောက်ပြန်လာရင် ရမလား”ဆိုတော့ ဈေးသည်က မျက်စောင်းကြီးထိုးပီး  ပြောတယ် 🙍“အဲဒီအချိန်ကိုပြောတာမဟုတ်ဘူး အလေးချိန်ကိုပြောတာဟဲ့”တဲ့။ 🤓ဒါနဲ့ ဒီလောက်ကပ်သီးကပ်သပ်နိုင်တဲ့ ခရမ်းသီး မဝယ်တော့ဘူးကွာ ကြက်ဥလေးပဲ  ဝယ်တော့မယ်ဆိုပြီး မေးကြည့်လိုက်တယ် 🤓 ဒီတခါတော့  ခုနက ခရမ်းသီးလို  အဖြစ်မခံနိုင်တော့ဘူး  နပ်သွားပြီလေ တလုံးချင်း  မေးမနေတော့ပဲ  “ကြက်ဥ အစိတ်သားလောက်”လို့  အချိန်နဲ့တန်းပြောလိုက်တယ် 🙍“ဟာ...ကြက်ဥက အချိန်နဲ့ရောင်းတာမဟုတ်ဘူးဟ အလုံးလိုက်ရောင်းတာ”တဲ့  ဖြစ်ပြန်ရော အမျိုးမျိုးပဲ။ 🤓အာ့နဲ့ ကိုယ်လည်းမထူးပါဘူး အလုံးလိုက်ပဲ ရွေးဝယ်တော့မယ်ဆို ပြီး ရွေးရအောင်  “ဒီအရောင်မကြိုက်လို့  တခြားအရောင်လေးရှိရင်ပြပါ့အူး” လို့လဲ  ပြောမိလိုက်ရော.....😁 “ဖလူး မ သား အဝတ်အစားဝယ်တာမှတ်နေလား ...
Image
. နေရာတိုင်းမှာ                              .................... ကုမ္ပဏီပိုင်ရှင် မှ အလုပ်သမားအသစ်ခန့်ရန် အင်တာဗျုးနေသည်။ "သမီး အသက်ဘယ်လောက်ရှိပြီလဲ။အိမ်ထောင်ရှိလား" "၁၈ နှစ်ပါရှင့်။အိမ်ထောင်မရှိပါဘူး။ပညာအရည်အချင်းက..." "အိုကွယ် အဲတာတွေမလိုပါဘူး။တော်မှန်း တတ်မှန်း အပွေးမြင် အပင်သိပါတယ် အဟင်းဟင်း ။ မနက်ဖြန် စက္ကထရီအနေနဲ့ အလုပ်စဆင်းတော့"😁😁 "ရှင် ဪ ဟုတ် ဟုတ်ကဲ့။အဟီး ဝမ်းသာလိုက်တာဆရာ"😁 ကောင်မလေးပြန်ထွက်သွားပြီးနောက် -- . .ကဲ နောက်တစ်ယောက်" "ဟုတ်ကဲ့ ရောက်ပါပြီဆရာ" "နာမည်ပြော" "ဖိုးထောင်ပါခင်ဗျ။အိမ်ထောင်မရှိ။ပညာအရည်အချင်းက.." "ဟေ့ကောင် အရစ်မရှည်နဲ့ မေးသလောက်ပဲဖြေ။ ရုပ်ကိုက ခုံဖိနပ်အောက်က ခွေးချေးရုပ်နဲ့။ ပါးဖြတ်ရိုက်လိုက်လို့ မျက်လုံးပါ ချိုင်းထောက်တပ်နေရမယ်" "ဗျာ"😲 " မေးတာကိုပဲ လိုရင်းတိုရှင်းဖြေ" "ဟုတ်" "လက်ရှိ အမေရိကန်သမ္မတ" "ဒေါ်နယ်ထရန့်ပါ" "ငါ့မေးခွန်းမဆုံးသေးဘူး။ သူ့မှာ အတွင်းခံဘောင်းဘီ ဘယ်နှစ်ထည်ရှိလဲ...
Image
"ဒေါက်တာက သင်္ချိုင်းဘေး အိမ်ဆောက်ပြီးတယောက်တည်း နေတယ်နော်။ 😂😂မကြောက်ဘူးလား" "ဘာကို ကြောက်ရမှာလဲဗျ" "သရဲခြောက်မှာကို ပြောတာ" "အော်... သူတို့ လာကြပါတယ်။ ပြူးတူးပြဲတဲလည်း လုပ်ပြကြတယ်" "အမလေး... 😂😂ဒါတောင် ဒေါက်တာက မလန့်ဘူးနော်" "လန့်ရတာက သူတို့ပါဗျာ။ ကျွန်တော် စကားတခွန်းလောက် ပြောလိုက်ရင်ကို .. ဒီကောင်တွေ အားလုံး .. ထွက်ပြေးကြတယ်ဗျ .. "အလို... ဒေါက်တာက ဘာပြောလိုက်လို့လဲ"😂😂😂 "ဆေးထိုးအပ် ထောင်ပြပြီး... နောက်တခါ ထပ်သေချင်လို့လားလို့ မေးလိုက်တာလေ။ သူတို့အားလုံး ....... ကျွန်တော့်လူနာဟောင်းတွေချည်းပဲဗျ" 🙂  😛 Credit... ပြန်လည်မျှဝေပါသည်။
Image
တန်းစီကြသူများ ============= ထူးဆန်းတဲ့အသုဘချလာတာကို လူတစ်ယောက်မြင်နေရတယ်.. ရှေ့ဆုံးက အခေါင်းတစ်ခုကိုလူ တစ်စုထမ်းသယ်လာတယ်.. အဲ့ဒီနောက်ကပ်လျက်မှာပဲ နောက် ထပ်အခေါင်းတစ်ခုကိုနောက်တစ်ဖွဲ့ ကသယ်လာပြန်တယ်.. အဲ့ဒီ အခေါင်း(၂)ခုနဲ့အသုဘချလာ တဲ့နောက်မှာ အသုဘနဲ့ပတ်သက် ဟန်ရှိတဲ့..အမျိုးသားတစ်ဦးရယ်| ပြီးတော့သူပိုင်ဆိုင်ဟန်ရှိတဲ့ခွေးနက် ကြီးတစ်ကောင်ရယ်..လမ်းလျှောက် ရင်းပါလာတယ်.. အဲ့ဒီနောက်မှာတော့အသုဘလိုက်ပို့ ကြဟန်ရှိတဲ့လူ(၁၀၀)လောက်ပါလာ တယ်..ထူးတာကအဲ့ဒီလူတွေဟာ တစ်ယောက်ချင်းရှေ့နောက်တန်းစီ ရင်းလိုက်,လျှောက်လာတဲ့ဒီဇိုင်း.. ဒါကိုမြင်ရတဲ့လူစိမ်းက ဘယ်လိုမှ တွေးမရတာနဲ့ ကာယကံရှင်ဖြစ် ဟန်ရှိတဲ့..ခွေးနဲ့ပါလာတဲ့လူကို အနားကပ်ရင်းတီးတိုးမေးကြည့် လိုက်တယ်.. "ရိုင်းတယ်လို့တော့မထင်ပါနဲ့ဗျာ.. အခုနောင်ကြီးတို့ချလာတဲ့အသုဘ က ထူးဆန်းနေလို့..အဲ့ဒါ..တဆိတ် ရှင်းပြပါလား.." ခွေးနဲ့လူက သက်ပြင်းချရင်းတီးတိုး ပြန်ဖြေတယ်.. "ရှေ့ဆုံးက အခေါင်းက ကျွန်တော့် မိန်းမပါ.." "ဘယ်လိုဆုံးတာလဲ..?" "မွေးထားတဲ့ခွေး..ဟောဒီကောင် က တိုက်ခိုက်ပြီးကိုက်သတ်လိုက် တာဗျ.." "ဟောဗျာ..ဒုတိယအခေါင်းကရေ...
Image
"Oုန်း" ကနဲ မြည်အောင် တံခါးကို ဆောင့်ကန်ဖွင့်လိုက်ပြီး ပါးတွေချည်း စိမ်ပြေနပြေချရန်  ဒေါ်သင်ဇာ တယောက် ဒေါသတကြီး အခန်းထဲ ဝင်သွားသော်လည်း "ဟင်" ကနဲမြည်အောင် အသံထွက်သွားသည်။ ဟော်တယ်အခန်းထဲတွင် မြင်ရသည်က သူ့ယောက်ျား ကိုအောင်ကြီး မဟုတ်။ မဲမဲပုပု အဖိုးကြီးတယောက်နှင့်  ဖြူဖြူချောချော ကောင်မလေးတယောက်၊ စောင်တွေ ကမန်းကတန်းခြုံကာ ဒေါ်သင်ဇာ ကို ကြည့်နေကြသည်။ ဒေါ်သင်ဇာ နောက်က ရပ်ကွက်လူကြီး နဲ့ ရဲနှစ်ယောက်က အခြေအနေမကောင်းမှန်း သိတာကြောင့် မျက်နှာပျက်နေကြလေပြီ။ ထိုအချိန် ကိုအောင်ကြီး နှင့် သူ့ကောင်မလေးက Emergency လှေကားမှ ဆင်းလာပြီး ဟော်တယ်ကောင်တာမှ မန်နေဂျာကို တသောင်းတန်ဆယ်ရွက် မုန့်ဖိုးပေးလိုက်ပြီးနောက် "ဖုန်းကြိုဆက်ပြီး အခန်းနံပါတ် လွှဲပြောလိုက်တဲ့ အတွက် ကျေးဇူးတင်ပါတယ် ညီလေး.."ဟု ပြောလိုက်သည်။ အခန်းမှားဖွင့်သော ဒေါ်သင်ဇာ တယောက် မဲမဲပုပု အဖိုးကြီးကိုကြည့်၍ အော်ငိုလိုက် တာကတော့ "အမလေး အဖေရဲ့. . ဒီမှာ ဘာလာလုပ်နေတာတုန်း" ဟူသော အသံကို အောက်ထပ်မှပင် ကြားနိုင်လေသည်။ ဟွင်းဟွင်း...ယောက်ခမကြီးပါ လုပ်ကြံပြစ် ခဲ့ပီလေ။ Crd# 😁😁
Image
အိုက်လို့ပါကွာ ========== "ဟေ့ကောင် မင်းမိန်းမက မင်းကို အိမ်ပေါ်က နှင်ချလိုက်တယ်ဆို..  ကွာရှင်းခွင့်လည်း တောင်းတယ်ဆို၊ ဘယ်လို ဖြစ်တာတုန်းဟ.." "ပြောရမယ်ဆိုရင် ဇာတ်လမ်းက ရှည်ပါတယ်ကွာ.. ငါ့မွေးနေ့တုန်းကပေါ့၊ ငါ့မွေးနေ့ရောက်နေမှန်း ငါ့မိန်းမက သတိမရဘူး။ ငါ့သားသမီးတွေကလည်း မေ့နေကြတယ်၊ ယောက္ခမဆိုဝေလာဝေး။ ဘော်ဒါ အပေါင်းအသင်းတွေကလည်း တစ်ယောက်မှ Birthday wish လေး ဘာလေး လုပ်မယ့်လူ မရှိဘူး၊  ငါလည်း စိတ်ပျက်လက်ပျက်နဲ့ ရုံးကိုသွားတော့  ငါ့အတွင်းရေးမှူးမလေးက "ဟက်ပီးဘတ်ဒေးပါ ဘော့စ်"တဲ့ အပြုံးလေးနဲ့ ဆီးပြောတယ်။  ငါလည်း အရမ်းပျော်သွားတာပေါ့ကွာ၊ အဲဒါနဲ့ ငါသူ့ကို ညနေစာလိုက်ကျွေးလိုက်တယ်။  ပြီးတော့ သူက ငါ့ကို အခန်းတစ်ခုထဲ ခေါ်သွားတယ်ကွာ။  ငါလည်း အခွင့်အရေးကောင်းပဲ ဆိုပြီး လိုက်သွားတာပေါ့.. အခန်းထဲ ရောက်ရောက်ချင်း သူက မီးတွေအကုန်လုံး ပိတ်လိုက်တယ်.. ပြီးတော့ ပြုံးစိစိအမူအရာနဲ့ "အိမ်သာထဲ ခဏ သွားလိုက်ဦးမယ်နော်"လို့ပြောတယ်။ အဲဒီလိုနဲ့ ငါးမိနစ်လောက်ကြာတော့ ငါ့မိန်းမရယ်၊ ငါ့သမီးနှစ်ယောက်ရယ်၊  ယောက္ခမကြီးရယ်၊ ငါ့တစ်ရုံးလုံးက ဘော်ဒါတွေအားလုံး ထွက်လာကြတယ်။  အခန်...