ဟိုတလောက လူတစ်ယောက်လိုင်းပေါ်မှာ
ဆိုင်ကယ်ရောင်းနေတာတွေ့တယ်
ပထမကတော့ 55သိန်းရရင် ရောင်းမယ်တဲ့
ညနေလောက်လဲ ရောက်တော့အဲ့ဈေးနဲ့
ရောင်းမထွက်ဘူးထင်ပါတယ် 50ရရင်
ရောင်းမယ် ဆိုပီး ထပ်တင်ထားတယ်
ကျနော်လဲ သူ့wallထဲ ဝင်ကြည့်မိတာပေါ့ဗျာ
နောက်ရက်ရောက်တော့ ကျနော့်အဖေ နေမကောင်းလို့ပါ 45ရရင် ထုတ်မယ်ဆိုပီး ထပ်တင်ထားတယ်
သူ့မှာ သူ့အဖေ နေမကောင်းတာ တစ်ပူ
ဆိုင်ကယ်ရောင်းမထွက် တစ်ပူနဲ့
စိတ်အတော် ညစ်နေပုံပါဘဲ,
နောက်တစ်ရက်ရောက်တော့
ကျွန်တော့ အဖေ မနက်ဖြန် ခွဲခန်းဝင်ရမှာမို့
40အပိတ်ရရင် ရောင်းမယ်လို့ တင်ထားတော့
ကျွန်တော်လဲ ဆိုင်ကယ် လာကြည့်မလို့ဆိုပီး
သူတင်ထားတဲ့ ဖုန်းကိုဆက်လိုက်တော့
နှင်းဆီအဝိုင်းမှာ လာကြည့်ပါတဲ့ သူပြောတယ်,
ကျွန်တော် သူ့ဆီကိုရောက်လို့ဆိုင်ကယ်ကို စစ်ကြည့်လိုက်တော့ အင်ဂျင်လဲကောင်း ဆိုင်ကယ်ကလဲ သန့်တာနဲ့ မောင်းပီးပြေးခဲ့လိုက်တယ်,
ဘာဘဲဖြစ်ဖြစ် သူပူနေရတဲ့ တစ်ပူတော့ ငြိမ်းသွားတာပေါ့ဗျာ......😁😁😁😁😁
#credit
ဟာသစာတိုများကိုဆက်လက်တင်ပေးနေမှာဖြစ်လို့
နေ့စဥ်ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်ဗျ

Comments
Post a Comment