ဘယ်သူပြောလဲ 😁

~~~~~~~

အိမ်အကူ အမျိုးသမီး မိဂျမ်းပုံ ဟာ သူ့အိမ်ရှင် 

အမျိုးသမီးကြီးကို လခတိုးတောင်းတယ်။ 

အိမ်ရှင် အမျိုးသမီးကြီးက စိတ်ဆိုးပြီး 

ဒီလို စကားများကြတယ်။

.

အိမ်ရှင်မ။ ။"လခတိုးတောင်းရအောင် 

နင်က အလုပ်မှ ကောင်းကောင်းမလုပ်တာ။"😏

.

မိဂျမ်းပုံ ။ ။" ဒါက ဒီလိုရှိပါတယ် ကျမက 

အချက်သုံးချက်ကြောင့် လခ ပိုလိုချင်ပါတယ်။ ☺

ပထမ အချက်က ကျမ မီးပူတိုက်တာ အမထက် 

ပိုကောင်းတယ် တဲ့။"😋

.

အိမ်ရှင်မ။ ။"အောင်မယ်၊ ဘယ်သူကပြောတာလဲ။"😒

.

မိဂျမ်းပုံ ။ ။"အမယောက်ျား ပြောတာပါ။"☺

.

အိမ်ရှင်မ။ ။"သူကများ။ ပြန်လာပါစေဦး။ တွေ့မယ်။"😠

.

မိဂျမ်းပုံ ။ "ကျမက ဟင်းချက်တာလည်း 

အမထက် ပိုကောင်းတယ်တဲ့။"😋

.

အိမ်ရှင်မ။ ။"ဘယ်သူပြောတာလဲ။"😒

.

မိဂျမ်းပုံ ။ ။" အမယောက်ျားပြောတာပါပဲ။"☺

.

အိမ်ရှင်မ။ ။"ဒီကောင် ပြန်လာရင်တော့ အသေပဲ။"😠

.

မိဂျမ်းပုံ ။ ။"နောက်ဆုံးအချက်ကတော့ ကျမက 

အိပ်ယာထဲမှာ အမထက် ပိုကောင်းတယ်တဲ့။"😨

.

အိမ်ရှင်မက ဒေါသအရမ်းထွက်ပြီး မိဂျမ်းပုံကို 

စားမလို၊ ဝါးမလို ကြည့်ပြီး ထပ်မေးတယ်။


 "ဘယ်သူပြောတာလဲ။😠

ငါ့ယောက်ျား ပြောတာပဲလား။"😡

လို့အော်လိုက်တယ်။


 မိဂျမ်းပုံ က...

.

"ဒါကတော့ အမယောက်ျားမဟုတ်ဘူး။ 😞

အမရဲ့ ကားဒရိုင်ဘာ ကိုတုတ်ကြီး ပြောတာပါ.."😁

.

😳😳😳😳😳

.

မိဂျမ်းပုံ ရဲ့နောက်ဆုံးစကားလဲကြားရော


"နင် ဘယ်လောက်တိုးလိုချင်လဲ.. ပြော"😷

..

..

..

.....

😂😂😂😂😂😂😂


နားမလည်ရင် အစကပြန်ဖတ်😂

Crd


##################

Comments

Popular posts from this blog

ချောတယ်လို့