#ရေအိုင်ထဲကခွေး 

~~~~~~~~~


တစ်ခါတုန်းကပေါ့...

တွေးခေါ်ပညာရှင်ကြီးတစ်ယောက်ကို လူတွေက

မေးကြတယ် ။


" ဆရာကြီး..ဆရာကြီးကို လမ်းမှန်ပေါ်ရောက်အောင်

ဘယ်သူလမ်းညွှန်လိုက်သလဲ? "


ဒီလိုမေးတော့ တွေးခေါ်ပညာရှင်ကြီးက ...

" ခွေးပေါ့ … …!! ""

"တစ်နေ့ ရေအိုင်ဘေးမှာ ရပ်နေတဲ့

ခွေးတစ်ကောင်ကို ကျွန်တော်တွေ့တယ်၊ သူတော်တော် ရေဆာနေပုံပါပဲ၊ ရေသောက်ဖို့ သူ

အကြိမ်ကြိမ်ကြိုးစားတယ်၊ "


"ဒါပေမယ့် အကြိမ်တိုင်းမှာ

ရေသောက်ဖို့ ခေါင်းကိုငုံ့လိုက်၊ ကြောက်ကြောက်နဲ့

နောက်ပြန်ဆုတ်လိုက် ဖြစ်နေတယ်၊ "


" ဘာဖြစ်လို့လဲဆိုတော့...ရေအိုင်ထဲမှာ နောက်ထပ်ခွေးတစ်ကောင်ကို သူ တွေ့နေလို့လေ ။ နောက်ဆုံး

ရေသောက်ချင်တဲ့စိတ်ကို လုံး၀တားမရတော့တဲ့အခါ

အကြောက်တရားကို ဖယ်ရှားပစ်လိုက်ပြီး ရေအိုင်ထဲကို ခုန်ချပစ်လိုက်တယ်၊ စောစောက

သူမြင်နေရတဲ့ ရေထဲကခွေးလည်း ပျောက်သွားတယ်၊ ဒီတော့မှ သူ့ကို ဟန့်တားနေတာဟာ သူကိုယ်တိုင်

ဖြစ်နေပါလားဆိုတာ ခွေးသဘောပေါက်သွားတယ် ။ "


"ဒါကိုကြည့်ပြီး ကျွန်တော့်အတွက် အခက်အခဲ, အတားအဆီး, အဟန့်အတားကို ဖြစ်စေတာ

ကျွန်တော်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတဲ့ အသိတရားကို ရလိုက်လို့ပါပဲဗျာ "လို့ ဖြေပါတယ် ။


( မိမိအရိပ်ကို မိမိ မသိခြင်း/ ကြောက်ရခြင်းမှ ကင်းဝေးရပါလိုဧ။် / ကင်းဝေးကြပါစေ )


#Credit: ( ပြန် ) မောင်ကောင်းထိုက်


#SNLA


Comments

Popular posts from this blog

ချောတယ်လို့