ယောင်္ကျားကို နည်းနည်းတော့..
သံသယရှိလာမိပြီ ...!!
~~~~~~~~~~~~~~~~~~~~
(သင်ခန်းစာ ယူနိုင်ကြပါစေ...)
နေ့တိုင်းအိမ်ကို..နောက်ကျမှပြန်ရောက်
သည်....မေးလိုက်တိုင်း ရုံးမှာအလုပ်များ
လို့အချိန်ပိုဆင်းနေတာချည်းပဲ....၊ တစ်
ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ်
ညနေစာကိုလည်း အရင်လိုမြိန်ရေယှက်
ရည်မစားတော့... ထမင်းကို ၃..၄..ဇွန်း
စာလောက်ပဲ ထည့်စားလေ့ရှိသည်...။
သေချာပြီလေ...မောင်ခြေလှမ်းတွေပျက်
နေပြီ.. အချိုးတွေလည်းပြောင်းကုန်ပြီ...။
-
မိမိကိုယ်ကိုလည်းမှန်ထဲပြန်ကြည့်မိလိုက်သည် အသက် ၄၀ ကျော်ကာစ..မျက်စိအစွန်းနှစ်ဖက်မှာ အရေးအကြောင်းလေးတွေလည်းရေးရေးလေး
ပေါ်နေပြီ...၊ သနပ်ခါးကွက်ကြားရိုက်ထားတဲ့ မျက်နှာကလည်း အဆီတစ်၀င်း၀င်းနဲ့ အိမ်မှုကိစ္စတွေ အလုပ်ကိစ္စတွေနဲ့ရှုပ်နေမြဲမို့ မိမိကိုယ်ကိုလည်း သေချာမပြင်ဆင်မိတာကြာလေပြီ....၊ အဲဒီအတွက် ကျွန်မဘ၀ရဲ့အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ မောင့်ကိုလက်လွတ်ဆုံးရှုံးလိုက်ရတော့မှာလား..... မောင်ဒီလောက်တော့မရက်စက်လောက်ပါဘူးလေ...လို့စိတ်ကိုဖြေကြည့်ပါသော်လည်း ရင်မှာတော့သောကမီးများတောက်လောင်ကာ နေမထိထိုင်မသာဖြစ်နေမိသည်...။
-
မဖြစ်ခြေဘူး..ဒီနေ့ညနေတော့ ရုံးဆင်းချိန်မှာ မောင့်နောက်ကိုခြေရာခံလိုက်ဦးမှဘာ.... လက်ပူးလက်ကျပ်မိပြီဆိုရင်ကော....
ဘာလုပ်သင့်သလဲ... ဘာလုပ်ရမလဲ...အဲဒီအမှန်တရားကိုမြင်ရမှာလည်း ကြောက်နေမိသည်....ရင်ဆိုင်နိုင်ဖို့အင်အားမရှိပြီ ။
-
၆ နာရီထိုးပြီးသိပ်မကြာပါ မောင်ရုံးကနေထွက်လာသည်.....။ စူပါမားကတ်ထဲ၀င်သွားကာ အသီးအရွက်များ၀ယ်သည်..... ပြန်ထွက်လာတော့ အိမ်ကိုပြန်ရမယ့်လမ်းနဲ့ဆန့်ကျင်ဖက်သို့ ဦးတည်သွားသည်....။ မောင့်နောက်ကို ဆက်သာလိုက်နေရတယ်.....စိတ်ထဲမှာတော့ မဟုတ်ပါစေနဲ့လို့ ဆုတောင်းနေရင်း အတွေးထဲမှာ မောင်နဲ့ ကျွန်မမဟုတ်သောသူမနဲ့ အတူတစ်ကွ ညစာချက်ပြုတ်ပြီးပျော်ရွှင်စွာ စားသောက်နေတဲ့ပုံရိပ်က ရုပ်ရှင်ပြနေသကဲ့သို့ အာရုံကိုဖမ်းစားထားလေသည်...။ အော်...မောင်ဒါကြောင့် ညစာကို အများကြီမစားနိုင်တာကို....သူ့ကောင်မနဲ့
တစ်ခါစားပြီးနေမှတော့ ဘယ်လိုလုပ်နောက်ထပ်စားနိုင်တော့မလည်း.....တွေးရင်နဲ့ရင်ထဲနစ်ကနဲ့ဖြစ်ကာ မျက်ရည်များလည်း ခိုးလို့ခုလုနဲ့ မျက်၀န်းထဲသို့ရောက်လာပါသည်....။
-
ဆင်ခြေဖုံး ရပ်ကွက်တစ်ခုကိုရောက်သွားတော့ ပျဉ်ထောင်အိမ်လေးတစ်ခုထဲသို့ မောင် ၀င်သွားသည်။ ကျွန်မကတော့ ညအမှောင်ကိုအားပြုကာ အိမ်နဲ့မလှမ်းမကမ်းက သစ်ပင်ကိုကွယ်ပြီး ချောင်းကြည့်နေမိသည်...လက်နှစ်ဖက်ကိုတင်းတင်း
ဆုပ်ကာ အံကိုကြိတ်နေရင်းနဲ့ပေါ့...။
၅မိနစ်လောက်နေတော့....မီးဖိုချောင်မီးလေး
လင်းလာကာ...ပြတင်းပေါက်တံခါးပွင့်လာသည်..။ မျက်ရည်ကြောင့်ေ၀၀ါးနေသော မျက်စိကိုလက်နဲ့ပွတ်ကာ သေချာလှမ်းကြည့်လိုက်သည်....မောင် ကိုယ်တိုင်ဟင်းတွေချက်ပေးနေတာပါလား....ဘယ်တော့မှ အိမ်မှာကျွန်မကိုဟင်းချက်မကူခဲ့တဲ့လူက ခုတော့မယုံချင်စရာကိုယ်တိုင်ချက်ပြုတ်နေတယ်..... ဒေါသစိတ်နဲ့ အိမ်ထဲသို့ပြေး၀င်ရန် ဟန်ပြင်လိုက်သည်...။
-
ဖြတ်ကနဲ့ အရိပ်ကလေးတစ်ခုတွေ့တော့ နောက်ပြန်ဆုတ်လိုက်မိသည်...။ ဆံပင်ဖြူဖြူနဲ့ အမယ်အိုတစ်ယောက်ပါလား.....
မောင့် ကိုကူပြီးချက်ပြုတ်ပေးနေသည်။ ဝါကျင့်ကျင့်မီးရောက်အောက်မှာ ထိုအရိပ်က မြင်ဖူးသလိုလို ရင်းနှီိးသလိုလိုခံစားမိလို့ သေချာကြည့်လိုက်တော့မှ....ဟင်း...အမေ...
ဟုတ်တယ်...မောင့်ရဲ့အမေပါလား....။
-
လွန်ခဲ့သော ၁၀ နှစ်ကျော်ကအချိန်ကိုပြန်လွင့်မျော်ကာသတိရမိသည်.....အဲဒီတုန်းက မောင့်အမေပေါ့....ကျွန်မနဲ့မောင်ကို လုံး၀သဘောမတူခဲ့ဘူးလေ....၊ အဲဒါနဲ့ မောင်နဲ့ရပြီးကတည်းက ယောက္ခမနဲ့ဘယ်တော့မှအတူမနေဘူးဆိုတဲ့ကတိကို မောင့်ဆီကနေ ဓါးပြတိုက်ယူခဲ့တယ်။ ဒီကြားထဲလည်း ကျွန်မကလုံး၀အဆက်အသွယ်မလုပ်ခဲ့ပါ....။ မောင့်အဖေဆုံးပြီးကာစအချိန်မှာတော့.... မောင်က အမေ့ကိုအိမ်ခေါ်ဖို့ညှိနိုင်းကြသေးသည်...၊ ကျွန်မရဲ့ ခါးခါးသီးသီးငြင်းဆန်ခဲ့မှုကြောင့် တစ်ခန်းရပ်သွားရသည်...။
-
ဟင်းချက်ပြီးသွားတော့ မောင်တို့သားအမိနှစ်ယောက် စားပွဲဝိုင်းမှာအတူထိုင်ကာ ညစာစားကြသည်... ဟင်းကို အချင်းချင်းခပ်ထည့်ပေးနေကြသည်.... စကားတစ်ဖွဖွပြောက ရယ်မောနေကြသည်...။ ထိုမြင်ကွင်းကြောင့်ပိုပြီးခံစားရပြန်သည်..ဒေါသအစား...ကိုယ်ချင်းစားစိတ်များ...သနားစိတ်များဖြင့် ၀မ်းနည်းကာမျက်ရည်စို့လာမိသည်...။ အားကိုးရာမဲ့တဲ့အမယ်အိုနဲ့ မာနမင်းသမီးကျွန်မအကြားမှာ မြေဇာပင်ဖြစ်နေရတဲ့ တစ်ဦးတည်းသောသား မောင်...ကျွန်မအရမ်းချစ်တဲ့ယောင်္ကျားကို ကျွန်မဒုက္ခပေးမိခဲ့ပြီ....။ တစ်နာရီအတွင်း ညစာ ၂ ခါစားနေရတဲ့မောင့်အဖြစ်ကို မြင်တော့ဆက်ပြီးမကြည့်ဝံ့တော့ပါ....
ကျောခိုင်းကာအိမ်သို့ပြန်ခဲ့သည်..။
-
တစ်နာရီလောက်ကြာတော့ မောင် ပြန်ရောက်လာသည်... ။ ရောက်ရောက်ချင်း နွမ်းလျစွာပြုံးပြီး ထမင်းဝိုင်းကို၀င်ထိုင်ပါသည်...။ ကျွန်မလည်း ပန်းကန်ကြီးကြီးတစ်ချပ်နဲ့ ထမင်းအပြည့်အမှောက်ကြီးထည့်ကာ ပေးလိုက်သည်....၊ မောင် မျက်မှောင်တစ်ချက်ကျုံ့သွားကာ...ခဏတော့တန့်သွားပေမယ့် ပန်းကန်ကိုလှမ်းယူလိုက်သည်....။
-
"အစားပုတ်... စားပို့နင့်နေဦးမယ်...ရှင်စားပြီးပြီမလား....ဟန်ဆောင်မနေနဲ့ ကျွန်မအကုန်သိပြီးပြီ ရှင့်အမေဆီမှာ ညတိုင်းထမင်းသွားစားတာ"
-
မောင်ခဏငြိမ်သွားသည်....
-
" ဟူး........ ဟုတ်တယ် အမေနဲ့သွားစားတာ....အမေ အသက် ၇၀ ကျော်ပြီလေ အဖေမရှိတော့တဲ့နောက် တစ်ယောက်တည်းအထီးကျန်လွန်းနေတယ်...၊ အဲဒါကြောင့် ညနေတိုင်းအမေ့ဆီ၀င်ပြီး ထမင်းအတူစား စကားစမြည်းပြောဖြစ်ခဲ့တယ်... အမေလည်း နင့်ကိုတစ်ဖွဖွမေးနေတယ်... အလုပ်မအားလို့ မလာနိုင်ဘူးလို့ပဲပြောထားတာ...အမေ အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် စိတ်မကောင်းဖြစ်နေရှာတယ်.... "
-
သြော်...မောင်ရယ်...အသံတွေလည်းတုန်ပြီး မျက်ရည်တွေလည်းဝိုင်းလို့ပါလား.... မာနချင်းပြိုင်နေတဲ့ကျွန်မကြောင့် စိတ်ဒုက္ခတော်တော်ခံစားနေရရှာပြီလေ.....။ အသာလေးထရပ်ကာ မောင်ထိုင်နေတဲ့ဆီကိုလျောက်လာသည်... မောင့်ပုခုံးလေးကိုကိုင်ကာ.....
-
" မောင်ရယ်..... နောက်နေ့ကစပြီး ညစာ ၂ ခါမစားပါနဲ့တော့.....မနက်ဖြန်ပဲ အမေ့ကိုသွားခေါ်ရအောင်နော်...အမေ့အတွက် အခန်းလည်းပြင်ထားပြီးပြီ.... "
-
မောင် ခေါင်းမော့ကြည့်လာသည်...အကြည့်ချင်းဆုံမိသည်....နှစ်ယောက်သားရဲ့ မျက်၀မ်းထဲမှာတော့ ၀မ်းနည်းရည်လို့ခေါ်မလား...၀မ်းသာရည်လို့ခေါ်မလားမသိတဲ့ အရည်ကလေးတွေ ဝေ့ဝဲနေသည်...။
-
Crd#
Comments
Post a Comment