ပညာပေးလေးမို့ ပြန်လည်မျှဝေလိုက်ရပါတယ် ခင်ဗျာ့


***************************


ဟိုးရှေးရှေးတုန်းကပေါ့    

အိန္ဒိယ နိုင်ငံရဲ့ နယ်လေးတစ်နယ်မှာ 

လယ်နီးနားချင်း လယ်သမား ငါးယောက် ရှိတယ်။

တနေ့တော့ သူတို့ငါးယောက် လယ်ထွန်နေကြတုန်း

 ရုတ်တရက် မိုးတွေအုံ့လာပြီးတော့

 လေရောမိုးပါ ခပ်ကြမ်းကြမ်း ရွာချပါလေရော။ 


မိုးကလည်း သည်းကြီးမဲကြီးရွာ လေပြင်းတွေကလည်းတိုက် 

လျှပ်စီးတွေလည်း တအုံးအုံး တဂျိန်းဂျိန်းနဲ့ဆိုတော့

 လယ်သမား ငါးယောက်စလုံးဟာ အနီးအနားက

 သစ်ပင်ကြီး တစ်ပင်ရဲ့အောက်ထဲ ပြေးသွားပြီး မိုးခိုကြတယ်။ 


အဲဒီလို မိုးခိုနေကြတုန်း ထူးဆန်းတဲ့ 

ဖြစ်ရပ်တစ်ခု ဖြစ်နေတာကို 

လယ်သမား ငါးယောက်စလုံးက 

သတိထားမိလိုက်ကြတယ်။

 အဲဒါက ဘာလဲဆိုတော့ လျှပ်စီးတွေဟာ

 သစ်ပင်ကြီးကို မိုးကြိုးပစ်တော့မယ့် ပုံစံနဲ့

 ခဏတိုင်း အနီးကပ် လျှပ်စီးလက်နေတာပါ။ 


ဒီလိုဖြစ်နေတာဟာ သစ်ပင်ကြီးရဲ့အောက်မှာ

 ရှိနေတဲ့ လူတွေကို မိုးကြိုးပစ်တော့မယ်ဆိုတာ 

လယ်သမားတွေက အလိုလို သဘောပေါက်လိုက်ကြတယ်။ 


ဒါကြောင့် စိုးရိမ်စိတ်တွေနဲ့ ကြောက်လန့်

အော်ဟစ်ပြီးတော့ ငိုတဲ့သူငို ဘုရားစာရွတ်တဲ့လူက

 ဘုရားစာရွတ်နဲ့ ဆူညံနေကြတာပေါ့ ။ 


အဲဒီအချိန်သူတို့ ငါးယောက်ထဲမှာ 

အသက်လည်းကြီးပြီး ဝါအရရော

 သမ္ဘာအရရော အတွေ့အကြုံအရပါ 

အားလုံးထက်မြင့်တဲ့ လယ်သမားတစ်ယောက်က

 ဒီအဖြစ်အပျက်ကို သေချာစဉ်းစားကြည့်လိုက်တယ်။


 ဒီမိုးကြိုးဟာ သစ်ပင်ကြီးကို ပစ်ချင်နေရင်လည်း

 ပစ်ပြီးလောက်ပြီ။ လူတွေကို ပစ်ချင်ရင်လည်း

 ပစ်ပြီးလောက်ပြီ။ ဘာဖြစ်လို့ အခုထိ 

မပစ်နိုင်ဘဲ ခဏတိုင်း ဒီသစ်ပင်နားကို 

လျှပ်စီးလက်နေရတာလဲ။  


ငါတို့ ငါးယောက်ထဲက တစ်ယောက်ယောက်ကိုများ

 ရွေးပြီး ပစ်ချင်နေတာများလား။ 

အကုသိုလ်ကောင် တစ်ကောင်ကောင်တော့

 ငါတို့ထဲမှာပါနေပြီ။ တော်ကြာ အဲဒီကောင်ကို

 ပစ်ချလိုက်ရင် မဆိုင်တဲ့ လေးယောက်ပါ 

ရောပြီး သေရလိမ့်မယ်။ 


မဖြစ်ဘူး မဖြစ်ဘူး ဒီအတိုင်းနေနေလို့တော့

 မဖြစ်ဘူး ။အကုသိုလ်ကောင်ကို

  အမြန်ရှင်းထုတ်မှ ရတော့မယ်ဆိုပြီး 

လယ်သမားကြီးက ကျန်တဲ့လေးယောက်ကို

 အခုလို ပြောပါတယ်။ 


ကဲ မိတ်ဆွေတို့ ငါတို့ ငါးယောက်ထဲမှာ

 တစ်ယောက်ယောက်ကိုတော့ မိုးကြိုး 

ပစ်တော့မယ်ဆိုတာ သေချာနေပြီ။ 

ငါတို့ ငါးယောက်လုံး ဒီလိုအတူတူ 

ရှိနေမယ်ဆိုရင် ငါးယောက်လုံး သေသွားနိုင်တယ်။

 အဲဒီတော့ အလှည့်ကျ အနေနဲ့ တစ်ယောက်ချင်း

 ဒီသစ်ပင်ကနေ ဟိုး အရှေ့မှာ မြင်နေရတဲ့ 

သစ်ပင်ငယ်လေး ရှိတဲ့အထိ ပြေးသွားရမယ်။ 

မိုးကြိုး ပစ်ခံရမယ့်လူ ဖြစ်နေခဲ့ရင်တော့ 

ပြေးနေရင်း လမ်းခုလပ်မှာပဲ မိုးကြိုးထိမှန်မယ်။ 


အေး မိုးကြိုး အပစ်မခံရဘူးဆိုရင်တော့ 

ငါတို့ရှိတဲ့ ဒီသစ်ပင်ကြီးရဲ့အောက်ကို ပြန်လာပေါ့။

 ကဲ ဘယ့်နဲ့လဲဟေ့ အားလုံး သဘောတူကြရဲ့လား

 ဆိုတော့ ငါးယောက်လုံးက သဘောတူကြတယ်။ 


ပထမဆုံးအနေနဲ့ အသက်အကြီးဆုံးဖြစ်တဲ့ 

လယ်သမားကြီးက စပြီးတော့ ထွက်ပြေးတယ်။

သစ်ပင်ငယ်နားရောက်ပြီး မိုးကြိုး အပစ်မခံရတော့

 အရမ်းဝမ်းသာသွားတာပေါ့။ 

ဟေး မိုးကြိုးက ငါ့ကို ပစ်ချင်တာ မဟုတ်ဘူး 

ငါ သူတို့ဆီကို ပြန်သွားလို့ရပြီ ဆိုပြီးတော့

 သစ်ပင်ကြီးရှိတဲ့ဆီကို ပြန်ပြေးလာတယ်။


နောက်တစ်ယောက် အလှည့်အနေနဲ့ 

ဒုတိယလူက ထွက်ပြေးတယ်။ 

ဒုတိယလူလည်း ပထမလူလိုပဲ မိုးကြိုး 

အပစ်မခံရဘဲ ပြန်လှည့်လာနိုင်ခဲ့တယ်။

 ဒီလိုနဲ့ တတိယလူလည်း ထိုနည်း၄င်း 

ဘာမှမဖြစ်သွားဘူး။ စတုတ္ထလူလည်း 

သူတို့လိုပဲ ဘာမှမဖြစ်ဘဲ ပြန်လာနိုင်ခဲ့တော့

 နောက်ဆုံးကျန်တဲ့ လူတစ်ယောက်ပဲ 

မိုးကြိုး အပစ်ခံရမယ့်လူဆိုတာ သေချာပြီပေါ့။ 


အဲဒီတော့ နောက်ဆုံးလူက အင်မတန်

 အကြောက်လွန်ပြီး သစ်ပင်ကြီးကနေ 

ထွက်ပြေးဖို့ မလုပ်ရဲတော့ဘူး။

 ငိုယိုပြီး အားလုံးကို တောင်းပန်ပါတယ်။

 ကျွန်တော် မသွားရဲဘူး

  ကျွန်တော့်ကို မိုးကြိုးပစ်တော့မယ်

 ကျွန်တော့်ကို ကယ်ကြပါဆိုပြီး ငိုငိုယိုယိုနဲ့ 

သစ်ပင်ကြီးကို ဖက်တွယ်ပြီး ထွက်ပြေးဖို့ ငြင်းဆန်နေတယ်။


လျှပ်စီးလက်တာကလည်း သစ်ပင်ကြီးရဲ့

အနားနား ဆက်တိုက်ဆက်တိုက် နီးနီးကပ်ကပ်နဲ့

ပိုပိုပြီးတော့ မြန်သထက်မြန်လာတော့ အားလုံးရဲ့

 စိုးရိမ်စိတ်တွေက မြင့်တက်လာကြပါတယ်။

 ဒါကြောင့်ငါတို့တွေ ဒီအတိုင်း အချိန်ဆွဲနေလို့ 

မရတော့ဘူး အားလုံး သေကုန်လိမ့်မယ်

  ဒီအကုသိုလ်ကောင်ကြီးကို

 မြန်မြန်ထုတ်မှရတော့မယ် မဟုတ်ရင် 

အားလုံးသေရလိမ့်မယ်။


 ဒီကောင့်ကို ဆွဲထုတ်ကြရအောင်ဆိုပြီး 

ဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

 လူလေးယောက်အားနဲ့ ဆွဲထုတ်ဖို့ 

ကြိုးစားလာကြတော့ တစ်ယောက်ထဲအားက 

ဘယ်ခံနိုင်ပါ့မလဲ။ 


နောက်ဆုံးတော့ ကဲ မတတ်နိုင်တော့ဘူး

 သေရင်လည်း သေပါစေတော့

 ငါ ထွက်ပြေးပါတော့မယ်ဆိုပြီး ပြေးပါတော့တယ်။ 


သူလည်းထွက်ပြေးပြီး လမ်းတစ်ဝက်လောက်လည်း

 ရောက်ရော အုံးခနဲ ဂျိန်းခနဲ မိုးကြိုးပစ်ချပါတော့တယ်။ 

ထူးဆန်းတာက မိုးကြိုးဟာ နောက်ဆုံး

 ထွက်ပြေးနေတဲ့လူကို ပစ်တာမဟုတ်ဘဲ

 သစ်ပင်ကြီးရဲ့အောက်မှာ ကျန်ခဲ့တဲ့

 လူလေးယောက်လုံးကို ပစ်ချလိုက်တာဖြစ်တယ်။


ဒါကြောင့် လေးယောက်လုံး တစ်ပြိုင်တည်း 

သေကုန်ကြတယ်။ သေရမယ့်ကံက

 နောက်ဆုံးလူမှာ မပါဘူး။

 စဉ်းစားကြည့်ရင် အားလုံးက နောက်ဆုံးလူပဲ

 သေရမယ် ထင်နေကြတာ။

 တကယ်တော့ နောက်ဆုံးလူက သူတို့ကို

 ကယ်နေတာ ဖြစ်နေတယ်။ 


နောက်ဆုံးလူက သူတို့နဲ့ အတူတကွရှိနေလို့သာ

 သူတို့တွေကို မိုးကြိုးက မပစ်ခဲ့တာ။ 

နောက်ဆုံးလူကသာ ကံအထူးဆုံးလူ

 ဖြစ်နေခဲ့တာ။ သူ့ကံအရှိန်နဲ့ ကျန်တဲ့

 လေးယောက်က သေဘေးကနေ လွတ်နေခဲ့တာ။  


ပုံပြင်လေးကတော့ ဒါပါပဲ။


တခါတလေကျရင် ငါရှိနေလို့သာ 

သူတို့တွေ အဆင်ပြေနေကြတာ ဆိုတာထက် 

သူတို့တွေ ရှိနေလို့သာ ငါအဆင်ပြေနေတာ

 ဆိုတာကိုလည်း မမေ့စေချင်ပါဘူး။


#original 

#credit 


#SNLA

Comments

Popular posts from this blog

ချောတယ်လို့