*** တခါက ... 🏕️
ရွာတရွာမှာ လင်မယားနှစ်ယောက်ရှိသည်
မယားလုပ်သူက အကျင့်တခုရှိတယ် အဲ့ဒါကတော့ သူ့ကိုဘာပြောပြော " ဟုတ်လား ကျွန်မအစထဲကထင်တော့ထင်သားပဲ" ဆိုပြီး အမြဲအဲ့သလိုပြောတတ်သတဲ့။
ဒါကိုနေ့တိုင်းကြားနေရတော့ ယောကျ်ားဖြစ်တဲ့သူဟာ သူ့မိန်းမကိုအမြင်ကပ်လာတယ်။
ဒီလို့နဲ့တနေ့မှာတော့ ...
ယောကျ်ားလုပ်သူဟာနွားနှစ်ကောင်လှည်းတတ်ပြီးလယ်တောကိုသွားလိုက်တယ် ...🐂🐂
အချိန်မတန်မှီ နွားနှင်တံ(နွားမောင်းရာတွင် နွားကိုရိုက်ရန် သုံးသောဒုတ်)ကိုကိုင်ပြီး သူတယောက်ထဲပြန်လာခဲ့တယ်။
ဒါကိုမိန်းမမြင်တော့ ...
"ဟော ရှင်တယောက်ထဲဘာလို့အိမ်ကိုအစောကြီးပြန်လာတာလဲ" ဒါနဲ့ လှည်းတွေနွားတွေရော မမြင်ပါလား ...
ယောကျ်ားလုပ်သူက "အေးကွာ မပြောကိုမပြောချင်တော့ပါဘူး" ငါလယ်ထဲရောက်လို့လှည်းကနွားတွေကိုချွတ်လိုက်တာနဲ့
နွားနှစ်ကောင်ဟာ အတောင်ပံတွေပေါက်ပြီး . မိုးပေါ်ကိုပျံကုန်ကြတယ်ကွာ...
ဒီတောမိန်းမက သူ့ဝစီအတိုင်း ...
ဟုတ်လား ~ ကျွန်မအစထဲက ထင်တော့ထင်တော့ထင်သားပဲ ...
ဒီနွားနှစ်ကောင် ဒီမနက်မြင်ရတာထူးဆန်းနေသလားလို့လည်းပြောလိုက်ရော ...
... ဒီတော့ ယောကျ်ားကလက်ထဲကအသင့်ကိုင်ထားတဲ့ နွားနှင်တံနဲ့မိန်းမကိုလှိမ့်ရိုက်ပြီး
ပါးစပ်ကလည်း ...
ထင်အုံးကွာ ထင်အုံးကွာ မင်းဒီသောက်ကျင့်ကမပျောက်နိုင်ဘူး ... နွားတောင်ပံပေါက်ပြီးကောင်းကင်ပျံတယ်လို့ပြောတာ ဖြစ်နိုင်လား မဖြစ်နိုင်လား မစဥ်းစားပဲ သူပဲကြိုသိသလိုလိုနဲ့ ဒီသောက်ကျင့်ကမဖျောက်ဘူး ...
... ဒီလိုဆက်ပြီးလှိမ့်အရိုက်ခံနေရတဲ့ကြားက သူ့မိန်းမပြောလိုက်တဲ့စကားကြောင့် သူဆက်ပြီးမရိုက်နိုင်အောင် စိတ်ဓာတ်ကြသွားတယ် ...
... သူ့မိန်းမပြောလိုက်တဲ့စကားက
ဒီလိုပြောရင် ဒီလိုအရိုက်ခံရမယ်ဆိုတာ
ကျမ အစထဲကထင်တော့ထင်သားပဲ
ဟူသတည်း ... 😁 😆 😂.
... 👉 မှတ်ချက် 👈 ...
ဓာတ်ပုံကတော့ ပုံနဲ့လိုက်ဖက်အောင်
ထည့်ထားခြင်းဖြစ်ပါသည်။ 😁 😆
### Crd ... 👇 👇 👇

Comments
Post a Comment