လမ်းထိပ်ကဆိုင်ကို ဈေးဝယ်ခိုင်းလိုက်လို့
သွားဝယ်တာ ဆိုင်ရောက်တော့
🤓“အစ်မ ခရမ်းသီးတလုံး ဘယ်လောက်တုန်း”
လို့မေးကြည့်တော့
🙍ခရမ်းသီးက
“အလုံးလိုက်မရောင်းဘူးမောင်လေး
အချိန်နဲ့ရောင်းတာ”တဲ့။
ဒါနဲ့
🤓“အာ့ဆို ဘယ်အချိန်လောက်ပြန်လာဝယ်ရမလဲ
နေ့လည်လောက်ပြန်လာရင် ရမလား”ဆိုတော့
ဈေးသည်က မျက်စောင်းကြီးထိုးပီး
ပြောတယ်
🙍“အဲဒီအချိန်ကိုပြောတာမဟုတ်ဘူး
အလေးချိန်ကိုပြောတာဟဲ့”တဲ့။
🤓ဒါနဲ့ ဒီလောက်ကပ်သီးကပ်သပ်နိုင်တဲ့ ခရမ်းသီး
မဝယ်တော့ဘူးကွာ ကြက်ဥလေးပဲ
ဝယ်တော့မယ်ဆိုပြီး
မေးကြည့်လိုက်တယ်
🤓 ဒီတခါတော့
ခုနက ခရမ်းသီးလို
အဖြစ်မခံနိုင်တော့ဘူး
နပ်သွားပြီလေ တလုံးချင်း
မေးမနေတော့ပဲ
“ကြက်ဥ အစိတ်သားလောက်”လို့
အချိန်နဲ့တန်းပြောလိုက်တယ်
🙍“ဟာ...ကြက်ဥက အချိန်နဲ့ရောင်းတာမဟုတ်ဘူးဟ
အလုံးလိုက်ရောင်းတာ”တဲ့
ဖြစ်ပြန်ရော အမျိုးမျိုးပဲ။
🤓အာ့နဲ့ ကိုယ်လည်းမထူးပါဘူး
အလုံးလိုက်ပဲ ရွေးဝယ်တော့မယ်ဆို
ပြီး ရွေးရအောင်
“ဒီအရောင်မကြိုက်လို့
တခြားအရောင်လေးရှိရင်ပြပါ့အူး” လို့လဲ
ပြောမိလိုက်ရော.....😁
“ဖလူး မ သား အဝတ်အစားဝယ်တာမှတ်နေလား
ကြက်ဥပါဆို ဒီအရောင်ပဲရှိမှာပေါ့
ဈေးရောင်းမကောင်းရတဲ့ကြားထဲ
သက်သက်မဲ့ လာနှောင့်ယှက်နေတာဘာညာ”ဆိုပြီး
လိုက်သတ်လို့ မနည်းပြေးလာရတယ်
မောထှာ😁။
🖊 ᶜʳᵉᵈⁱᵗ🖊
Comments
Post a Comment