လမ်းထိပ်ကဆိုင်ကို ဈေးဝယ်ခိုင်းလိုက်လို့ 
သွားဝယ်တာ ဆိုင်ရောက်တော့ 

🤓“အစ်မ ခရမ်းသီးတလုံး ဘယ်လောက်တုန်း”
လို့မေးကြည့်တော့

 🙍ခရမ်းသီးက 

“အလုံးလိုက်မရောင်းဘူးမောင်လေး
အချိန်နဲ့ရောင်းတာ”တဲ့။

ဒါနဲ့ 
🤓“အာ့ဆို ဘယ်အချိန်လောက်ပြန်လာဝယ်ရမလဲ
နေ့လည်လောက်ပြန်လာရင် ရမလား”ဆိုတော့

ဈေးသည်က မျက်စောင်းကြီးထိုးပီး 
ပြောတယ်

🙍“အဲဒီအချိန်ကိုပြောတာမဟုတ်ဘူး
အလေးချိန်ကိုပြောတာဟဲ့”တဲ့။

🤓ဒါနဲ့ ဒီလောက်ကပ်သီးကပ်သပ်နိုင်တဲ့ ခရမ်းသီး
မဝယ်တော့ဘူးကွာ ကြက်ဥလေးပဲ 
ဝယ်တော့မယ်ဆိုပြီး
မေးကြည့်လိုက်တယ်

🤓 ဒီတခါတော့ 
ခုနက ခရမ်းသီးလို 
အဖြစ်မခံနိုင်တော့ဘူး 
နပ်သွားပြီလေ တလုံးချင်း 
မေးမနေတော့ပဲ 

“ကြက်ဥ အစိတ်သားလောက်”လို့ 

အချိန်နဲ့တန်းပြောလိုက်တယ်

🙍“ဟာ...ကြက်ဥက အချိန်နဲ့ရောင်းတာမဟုတ်ဘူးဟ
အလုံးလိုက်ရောင်းတာ”တဲ့ 

ဖြစ်ပြန်ရော အမျိုးမျိုးပဲ။

🤓အာ့နဲ့ ကိုယ်လည်းမထူးပါဘူး
အလုံးလိုက်ပဲ ရွေးဝယ်တော့မယ်ဆို
ပြီး ရွေးရအောင် 

“ဒီအရောင်မကြိုက်လို့ 
တခြားအရောင်လေးရှိရင်ပြပါ့အူး” လို့လဲ 
ပြောမိလိုက်ရော.....😁

“ဖလူး မ သား အဝတ်အစားဝယ်တာမှတ်နေလား
ကြက်ဥပါဆို ဒီအရောင်ပဲရှိမှာပေါ့
ဈေးရောင်းမကောင်းရတဲ့ကြားထဲ
သက်သက်မဲ့ လာနှောင့်ယှက်နေတာဘာညာ”ဆိုပြီး
လိုက်သတ်လို့ မနည်းပြေးလာရတယ်

မောထှာ😁။

🖊 ᶜʳᵉᵈⁱᵗ🖊

Comments

Popular posts from this blog

ချောတယ်လို့