မနက်ဝေလီဝေလင်းအချိန်
ကိုတာတီးတို့လင်မြား၂ယောက် ခြင်ထောင်ထဲစကားပြောနေတာကို သူ့သားဖိုးထောင်ကခိုးနားထောင်နေမိတယ်
"ချစ်ကလေ မိန်းမအရမ်းပီသတာပဲ
မျက်လုံးလေးကိုစင်းလို
ကိုကိုလဲယောကျာ်းပီသပါတယ်နော် ရင်အုပ်ကြီးတွေကားနေတာပဲ
ကိုကိုတော်ပြီကွာ, မိုးလင်းတော့မယ်တော့မယ် ထတော့
စိမ်ဦးမယ် မထသေးဘူးချစ်ရယ်"
မနက်မိုးလင်းလို့ ကိုတာတီးအိမ်ရှေ့
ငါးသည်ရောက်လာတော့
သားရေ ဖိုးထောင် အဖေမအားလို့
ငါး၂ကောင်လောက်ဆင်းဝယ်လိုက်ပါကွာ
ဟုတ်ကဲ့အဖေ
အဖေဒီမှာငါး၂ကောင်ရပြီ
သေချာရွေးခဲ့ရဲ့လားကွ
ရွေးခဲ့ပါတယ်အဖေ
ဒီတစ်ကောင်က အထီး
ကြည့်ပါ့လား ရင်အုပ်ကြီးကိုကားလို့
ဒီတစ်ကောင်ကအမ မျက်လုံးလေးစင်းနေတာပဲ
ဟာ မြေနိုးလေး အဖေနဲ့အမေစကားပြောတာ ခိုးနားထောင်တယ်ပေါ့ဆိုပြီး ဖိုးထောင်ကိုဖနှောက်နဲ့ထပေါက်လိုက်တာ အိမ်ကရေစည်ပိုင်းထဲကျပါလေရော
ဖနှောက်နဲ့အပေါက်ခံရတဲ့ဖိုးထောင်ကရေစည်ပိုင်းထဲကနေ တော်ရုံနဲ့ပြန်ထမလားလို့
ဟျောင့် ဖိုးထောင် ဘာလုပ်နေတာလဲ ပြန်ထတော့လေ
မထသေးဘူး အဖေ သားစိမ်လိုက်ဦးမယ်
သယ် ဒီခွေးမသား😁
𝐶𝑟𝑒𝑑𝑖𝑡 𝑡𝑜 𝑜𝑟𝑖𝑔𝑖𝑛𝑎𝑙 𝑤𝑟𝑖𝑡𝑒𝑟
#စာချွန်လွှာ📝

Comments
Post a Comment