"Oုန်း" ကနဲ မြည်အောင်
တံခါးကို ဆောင့်ကန်ဖွင့်လိုက်ပြီး
ပါးတွေချည်း စိမ်ပြေနပြေချရန်
ဒေါ်သင်ဇာ တယောက် ဒေါသတကြီး
အခန်းထဲ ဝင်သွားသော်လည်း
"ဟင်" ကနဲမြည်အောင် အသံထွက်သွားသည်။
ဟော်တယ်အခန်းထဲတွင် မြင်ရသည်က
သူ့ယောက်ျား ကိုအောင်ကြီး မဟုတ်။
မဲမဲပုပု အဖိုးကြီးတယောက်နှင့်
ဖြူဖြူချောချော ကောင်မလေးတယောက်၊
စောင်တွေ ကမန်းကတန်းခြုံကာ
ဒေါ်သင်ဇာ ကို ကြည့်နေကြသည်။
ဒေါ်သင်ဇာ နောက်က
ရပ်ကွက်လူကြီး နဲ့ ရဲနှစ်ယောက်က
အခြေအနေမကောင်းမှန်း သိတာကြောင့်
မျက်နှာပျက်နေကြလေပြီ။
ထိုအချိန် ကိုအောင်ကြီး နှင့် သူ့ကောင်မလေးက
Emergency လှေကားမှ ဆင်းလာပြီး
ဟော်တယ်ကောင်တာမှ မန်နေဂျာကို
တသောင်းတန်ဆယ်ရွက် မုန့်ဖိုးပေးလိုက်ပြီးနောက်
"ဖုန်းကြိုဆက်ပြီး အခန်းနံပါတ် လွှဲပြောလိုက်တဲ့
အတွက် ကျေးဇူးတင်ပါတယ် ညီလေး.."ဟု
ပြောလိုက်သည်။
အခန်းမှားဖွင့်သော ဒေါ်သင်ဇာ တယောက်
မဲမဲပုပု အဖိုးကြီးကိုကြည့်၍ အော်ငိုလိုက် တာကတော့
"အမလေး အဖေရဲ့. .
ဒီမှာ ဘာလာလုပ်နေတာတုန်း" ဟူသော အသံကို
အောက်ထပ်မှပင် ကြားနိုင်လေသည်။
ဟွင်းဟွင်း...ယောက်ခမကြီးပါ လုပ်ကြံပြစ် ခဲ့ပီလေ။
Crd#
😁😁
Comments
Post a Comment