တစ်နေ့မှာ လူတစ်ယောက်ဟာ သူ့ကားကိုမောင်းလာရင်း လမ်းခုလတ်တစ်နေရာမှာ အသက်ကြီးကြီးအမျိုးသမီးတစ်ယောက် အကူအညီလိုအပ်နေတာတွေ့လိုက်တယ်။
သူက အမျိုးသမီးကြီးရဲ့ မာစီဒီးကားရှေ့ထိသွားပြီး သူ့ကားကို ရပ်လိုက်တယ်။
သူရပ်လိုက်တဲ့အချိန်ထိ သူ့ကားစုတ်ဆီက အသံစုံမြည်နေတုံး။
သူပြုံးပြတာတောင် အမျိုးသမီးက သူ့ကိုကြည့်ပြီး လန့်နေတဲ့ပုံပါပဲ။
သူမ အချိန်တော်တော်ကြာအောင် ဒီနေရာမှာရောက်နေတာ ဘယ်သူမှ သူမကိုကူညီဖို့ မရပ်ပေးခဲ့ဘူးလေ။
ပြီးတော့ ဒီလူကြည့်ရတာလည်း သိပ်စိတ်ချရတဲ့ပုံ မဟုတ်ဘူး။ ဆင်းဆင်းရဲရဲ နုံနုံချာချာနဲ့ စားကောင်းသောက်ကောင်းမစားရတဲ့ပုံ၊ အဟာရလည်း သိပ်မပြည့်တဲ့ပုံကြီး။
သူမ အလွန်အေးတဲ့ အဲ့နေရာမှာ ခြေစုံရပ်ရင်း သူ့ကို ကြောက်လန့်စွာ ကြည့်နေမိတယ်။ အဲ့လူကလည်း သူမစိတ်ကို နားလည်ပုံပဲ။
သူက အမျိုးသမီးရှေ့ကိုလျှောက်လာပြီး ပြောတယ်။
"ကျနော် ကူညီပေးဖို့လာတာပါ အန်တီ.. အန်တီ့ကားထဲမှာပဲ ထိုင်စောင့်နေပါလား..
အဲ့ဒီမှာက နွေးနွေးထွေးထွေးရှိမှာပါ.. ဒါနဲ့ ကျနော့် နာမည်က ဘရိုင်ယန် အင်ဒါဆန် ပါ.."
တကယ်တော့ သူမဒုက္ခရောက်နေတာက ကားဘီးပေါက်တာလေးပါပဲ။ ဒါပေမဲ့လည်း အမျိုးသမီးကြီး တစ်ယောက်အနေနဲ့ကတော့ တော်တော်ဆိုးတဲ့ပြသနာပေါ့။
ဘရိုင်ယန်ဟာ ကားအောက်ထဲကို၀င်သွားပြီး ကားဘီးလဲဖို့ကြိုးစားတယ်။ သူ့အတွက်သိပ်တော့ မလွယ်ကူလှဘူး။ သူ့လက်နဲ့ ဂျိုက်နဲ့ အကြိမ်များစွာ ထိခိုက်မိတယ်။ ဒါပေမဲ့ သူလုပ်နိုင်ခဲ့ပါတယ်။
အားလုံးပြီးတော့ သူ့တစ်ကိုယ်လုံး ညစ်ပတ်ပေရေပြီး သူ့လက်လဲ အတော်အီသွားတယ်။
သူ နောက်ဆုံး နက် တွေကို ကျပ်နေတုံးမှာ အမျိုးသမီးကြီးက ကားမှန်ကိုချပြီး သူ့ကို ပထမဆုံး စကားစပြောပါတယ်။
"အန်တီက စိန့်လူး၀စ် မှာနေတာပါကွယ်.. ဒီနေရာကို ဖြတ်သွားရင်းနဲ့ ခုလိုဖြစ်တာပါပဲ.. အန်တီ တူလေးကို ဘယ်လိုကျေးဇူးတင်ရမလဲ မသိတော့ပါဘူးကွယ်.."
ဘရိုင်ယန်က ပြုံးရုံသာပြုံးလိုက်ပြီး ပစ္စည်းတွေသိမ်းပြီးနောက် ကားနာက်ဖုံးကို ပိတ်ပေးလိုက်တယ်။
အမျိုးသမီးကြီးက "တူလေးကို အန်တီဘယ်လိုများ ကျေးဇူးဆပ်ရမလဲကွယ်.. ဆန္ဒရှိသလောက်သာပြောပါ။
အန်တီတတ်နိုင်ပါတယ်ကွယ်.. တူလေးသာ မကူညီရင် အန်တီဒီနေရာမှာ ဘယ်လောက်အတိုင်းအတာအထိ ဒုက္ခရောက်သွားမလဲ မတွေးရဲလောက်အောင်ပါပဲ.."
ဘရိုင်ယန်က "ကျနော် တစုံတရာ မျှော်လင့်ချက်နဲ့ ကူညီခဲ့တာမဟုတ်ပါဘူး အန်တီ.. ဒါကျနော့် စီးပွားရေးလည်းမဟုတ်တဲ့အတွက် ကျနော့်ကို အခကြေးငွေပေးဖို့လည်းမလိုပါဘူး.. အကူအညီလိုအပ်နေတဲ့လူတစ်ယောက်ကို ကျနော် ကူညီပေးတာပါ.. ကျနော့်အနေနဲ့လည်း တခြားသူတွေဆီက အကူအညီတွေ မရေမတွက်နိုင်အောင် ရခဲ့ဖူးပါတယ်.. ဒီလိုပဲ အပြန်အလှန်ဆိုတာ ကျနော်တို့ အားလုံးဘဝတွေမှာ ရှိခဲ့တယ်၊ ရှိနေတယ်၊ ရှိအုံးမှာပါ.. ကျနော်တို့ ရှောင်လွှဲသွားလို့ကို မရပါဘူး.. ကျနော့်ရှေ့မှာ အကူအညီလိုအပ်နေသူကို ကိုယ်နိုင်သလောက်ကူညီပေးလိုက်ဖို့အပြင် ကျနော့်မှာ တခြားရွေးချယ်စရာလမ်း မရှိပါဘူး.."
"တကယ်လို့ အန်တီတကယ်ပဲ ကျနော့်ကို တခုခုပြန်ပေးချင်တယ်ဆိုရင်တော့ တစုံတယောက် အကူအညီလိုအပ်နေတာကိုတွေ့တဲ့အခါ သူတို့ကို အန်တီတတ်နိုင်တဲ့ဘက်က ပြန်ကူညီပေးလိုက်ပါ.. အဲ့ဒီအခါ ကျနော့်ကို တစ်ချက်လောက် သတိရမယ်ဆိုရင်ပဲ ကျနော် ကျေနပ်ပါပြီ.."
စကားလတ်စသတ်ပြီး အမျိုးသမီးကြီးက ကားစက်နှိုးပြီး ထွက်သွားတဲ့အထိ သူစောင့်နေပေးလိုက်တယ်။ ရာသီဥတုက အေးစက်စက်နဲ့ ထိုင်းမှိုင်းပြီး ငြီးငွေ့စရာကောင်းနေတယ်။
ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ ငြိမ်းချမ်းနွေးထွေးနေပါရဲ့။ သူ့ကားစုတ်လေးက ညနေဆည်းဆာအောက်မှာ အသံစုံမြည်ရင်း တရွေ့ရွေ့ပျောက်ကွယ်သွားတော့တယ်။
အမျိုးသမီးကြီးလည်း မိုင်အနည်းငယ်သွားအပြီးမှာ ကော်ဖီဆိုင်လေးတစ်ခုကို တွေ့လိုက်တယ်။ တစ်နေ့လုံး ဘာမှမစားရသေးတဲ့သူမဟာ တော်တော်ဆာလောင်နေပါပြီ။ အိမ်ပြန်ခရီးရဲ့ နောက်ဆုံးခရီးတထောက်နားတဲ့အနေနဲ့ သူမဒီဆိုင်လေးထဲကို ၀ငလွိုကတွယွ။
ဆိုင်ကတော့ မှောင်ကုတ်ကုတ်နဲ့ ညစ်စုတ်စုတ်ထဲကပဲ။ ဆိုင်အပြင်မှာတော့ ကားဂတ်စ်ဖြည့်ဖို့ ပန့်အဟောင်း နှစ်ခုရှိတယ်။ မြင်ကွင်းကတော့ သူမအတွက် အဆင်မပြေချင်စရာတွေပဲပေါ့။ ဆိုင်ထဲရောက်တော့ စားပွဲထိုးမလေးက ပုဝါသန့်သန့်လေး တစ်ခုယူလာပေးပါတယ်။ အမျိုးသမီးကြီးရဲ့ စိုထိုင်းနေတဲ့ ဆံပင်တွေကို သုတ်ဖို့အတွက်ပါ။ ဒါနဲ့ သူမလေးရဲ့မျက်နှာမှာ အပြုံးချိုချိုလေး တစ်ခုနဲ့ပါလား။
အမျိုးသမီးရင်ထဲ နွေးထွေးသွားတယ်။ သူမတစ်နေကုန် မတ်တပ်ရပ်ပြီး စားပွဲထိုးနေရတာတောင် ဒီလိုအပြုံးမျိုးပြုံးထားနိုင်သေးရဲ့။ အလိုလေး.. ခုမှ သတိထားမိတယ်။ ဒီမိန်းကလေးက ကိုယ်၀န်ရင့်မာကြီးနဲ့ပါလား။ ဒီအချိန်မှာ သူမအနေနဲ့ နားနားနေနေ နေရမဲ့အချိန်မဟုတ်လား။ ခုတော့သူမ အတော်ကိုပင်ပန်းနေရှာမှာပေါ့။ ဒါတောင်မှ သူမရဲ့ ခံယူချက်လေးကို မဖြိုလှဲပစ်ခဲ့ပုံပဲ။ အမျိုးသမီးကြီး မအံ့သြဘဲ မနေနိုင်ပါဘူး။
ဒီလောက်သနားစရာကောင်းတဲ့ကလေးမက ဘယ်လိုစွမ်းအားနဲ့များ တစ်ပါးသူကို စိတ်ချမ်းသာစေနိုင်ပါလိမ့်။ သူမရုတ်တရက် ဘရိုင်ယန်ကိုတောင် သတိရမိတယ်။
ဒီလိုနဲ့ အမျိုးသမီးကြီး စားသောက်ပြီးသွားတော့ ငွေရှင်းဖို့ ဒေါ်လာ တစ်ရာထုတ်ပေးတယ်။ စားပွဲထိုးမလေးက ငွေကိုယူပြီး ပြန်အမ်းဖို့ ခပ်သွက်သွက်လေးထွက်သွားတယ်။
အဲ့ချိန်မှာ အမျိုးသမီးကြီးက တံခါးရှိရာတိတ်တိတ်လေး ထွက်လာခဲ့တယ်။ သူမပြန်လာတော့ အမျိုးသမီးကြီး မရှိတော့ဘူး။ ဒါနဲ့ မိန်းကလေးလည်း ဘယ်ရောက်သွားပါလိမ့်ဆိုပြီး ဟိုဟိုဒီဒီလိုက်ရှာကြည့်တယ်။ နောက်တော့ လက်သုတ်ပဝါပေါ်မှာ တစ်ခုခုရေးထားတာ သတိပြုမိလိုက်တယ်။
သူမ အဲ့ဒီ့စာဖတ်ပြီး မျက်ရည်တွေတွေစီးကျလာတယ်။ အမျိုးသမီးကြီး ရေးထားတာက..
"သမီး အန်တီ့အပေါ် အကြွေးတင်သွားတယ်လို့ မတွေးပါနဲ့နော်.. အန်တီလည်း သမီးလိုခံစားဖူးပါရဲ့.. အန်တီ့ကိုလည်း တစ်စုံတစ်ယောက်က ဒီလိုမျိုးပဲ ကူညီခဲ့ဖူးပါတယ်.. သမီးတကယ်လို့ တစ်ခုခုပြန်ပေးချင်တယ်ဆိုရင် သမီးပြန်ပေးနိုင်တာ တစ်ခုတော့ရှိပါတယ်.. သမီးရင်ထဲကချစ်ခြင်းမေတ္တာကို ဘယ်တော့မှ အဆုံးသတ်မသွားပါစေနဲ့ သမီး.." တဲ့
လက်သုတ်ပဝါအောက်မှာတော့ နောက်ထပ် ဒေါ်လာ တစ်ရာတန် လေးရွက်ကိုတွေ့လိုက်ရတယ်။
စားပွဲထိုးမိန်းကလေးဟာ စားပွဲတွေရှင်းရင်း၊ သကြားခွက်ထဲ သကြားတွေဖြည့်ရင်း၊ စားသုံးသူတွေကို ၀နဆွောငမွှုပေးရငွး ဆိုင်သိမ်းချိန်ထိ တက်ကြွပျော်ရွှင်စွာအလုပ်လုပ်ခဲ့တယ်။ ညဘက်သူမအိမ်ပြန်ရောက်ပြီး အိပ်ရာ၀င်တော့ အမျိုးသမီးကြီးရေးခဲ့တဲ့အကြောင်းအရာနဲ့ ပိုက်ဆံတွေအကြောင်း ပြန်စဉ်းစားနေမိတယ်။
"ငါတို့မိသားစု ဒီလောက်ကျပ်တည်းနေတာကို ဒီအန်တီကြီး ဘယ်လိုများသိသွားပါလိမ့်နော်.. ကလေးက နောက်လထဲမှာ မွေးရတော့မှာ။ အခြေအနေက တော်တော့်ကိုခက်ခက်ခဲခဲဖြစ်နေတာ.."စာမူလေးကိုကြိုက်လို့ပါ
သူမယောက်ကျား ဘယ်လောက်အထိ စိုးရိမ်ပူပန်နေခဲ့လဲ သူမအသိဆုံးပါ။ သူမဘေးနားမှာ ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်နေတဲ့ ချစ်ခင်ပွန်းကို အနမ်းတစ်ခု ဖွဖွလေးပေးလိုက်ရင်း အသံတိုးတိုးလေးပြောလိုက်တယ်။
"ခုတော့ အားလုံးအဆင်ပြေသွားပါပြီ။ ရှင့်ကို ချစ်တယ်.. ဘရိုင်ယန် အန်ဒါဆန်။"
_________________
မူရင်း What goes around comes around ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
via - Ka Don
မူရင်းတင်ပေးသူဘယ်သူမှန်းမသိပေမယ့်
Credit ပေးပါတယ်

Comments
Post a Comment