နေ့လည်စာအတွက်..
နောက်ဖေး မီးဖိုချောင်မှာ..
ချက်ပြုတ်ဖို့..လုပ်နေတုန်း.....
" မီတာ..ဗျို့..''
အိမ်ရှေ့က..ခေါ်သံ..
ဒါနဲ့
ကျတော်လည်း..
အိမ်ရှေ့ကို..အပြေးအလွှား..ထွက်ကြည့်တော့.
မီတာသမားက..
" ဒီမှာ..ညှပ်ခဲ့ပြီနော်..''. .လို့..
ပြောရင်း
အိမ်ရှေ့ ခြံတံခါးမှာ..
ညှပ်ခဲ့ပြီး..
ပြန်ထွက်သွားတယ်
ကျတော်လည်း
ညှပ်ခဲ့တဲ့ မီတာစာရွက်ကို
ယူကြည့်တော့..
" ဟာ..''
စုစုပေါင်း..၃ ရွက်..
ငွေပမာဏက..တစ်သိန်းကျော်..
အရမ်း အံ့သွားတယ်..
ကိုယ်တွေအိမ်က..
အမြဲတမ်း တစ်လက်ု..
ယူနစ် ၁၀၀ ကျော်ပဲ သုံးတာ..
အခု ၃ လကို တစ်သိန်းကျော်..ဆိုတော့..
မဖြစ်နိုင်တာ..နဲ့..
အိမ်ရှေ့ကို
အမြန်ထွက်ပြီး..
မီတာသမားကို..
" ဟျောင့်...နေအုံး..''
ကျတော့်အသံကြောင့်..
မီတာသမားက..လှည့်ကြည့်ပြီး..မျက်လုံးပြူးသွားတယ်
" ဟင်..''
ကျတော်လည်း..
" ခဏ ခဏ..''. .ဆိုပြီး..
သူ့ဆီ
အပြေးသွားတော့...
" ဟာ....''
သကောင့်သားက
ပြေးပါလေရော..
" ဟာ..နေအုံး လို့..''
ကျတော်လည်း
အော်ပြောရင်း..နောက်က လိုက်တော့.
သကောင့်သားက..
အော်ပါလေရော..
" ကယ်ကြပါအုံးဗျို့.။ ကျတော့်ကို လိုက်သတ်နေလို့.''
" ငင်..''
ကျတော်လည်း..ကြောင်သွားတယ်..
မီတာကိစ္စ မေးချင်လို့ဟာကို..
လိုက်သတ်နေတယ်.. ဆိုတော့..
ဘာဖြစ်လို့ပါလိမ့်...ဆိုပြီး..
ကိုယ့်လက်ထဲ..ပြန်ကြည့်မှ..
" ဟင်..''
ကြက်သွန်လှီးတဲ့ ဓားချွန်က..
လက်ထဲ..ကိုင်ရက်ကိုဗျ..😁
ချက်ပြုတ်ဖို့..လုပ်နေရင်း
ထွက်လာတာ..
လက်ထဲ..ဓားပါလာမှန်း..မသိခဲ့ဘူးလေ...😁😁
ဪ..
ငါ့နှယ်...😁😁
မအေဘေးကတော့..
ပြေးတာမှ..မှုံလို့...😁😁
Crd
#လူချွန်တော်

Comments
Post a Comment