အစိုးရရုံးတွင်မီးလုံးတစ်လုံး ကျွမ်းသွားသည်။
●Day (1) မီးလုံးအသစ်လဲလှယ် တပ်ဆင်ပေးပါရန် လေးစားစွာ အစီရင်ခံအပ်ပါသည်။
အောက်တန်းစာရေးကရေးတင်သည်။
●Day (2) အောက်တန်းစာရေး ရေးတင်သည့် စာကို စာဝင်စာထွက်တွင် တံဆိပ်တုံးထုပြီး စာနံပါတ်တပ်သည်။
●Day (3) စာနံပါတ်တပ်ပြီးသားစာကို ဌာနခွဲစာရေးကြီး စားပွဲမှာတင်သည်။
●Day (4) ဌာနခွဲ စာရေးကြီးက မီးလုံးကျွမ်း သွားသည်မှာ မှန်ကန်ကြောင်း မှတ်ချက်ရေးသည်။
● Day (5) ဌာနမှူးရုံးခန်းရှေ့ရှိ စာရေးထံ ထိုစာရောက်လာသည်။ ဌာနမှူး တိုင်းရုံးတွင် အစည်းအဝေး သွားနေသဖြင့်နောက်နေ့မှ လက်မှတ်ထိုးနိုင်မည်။
●Day (6) ဌာနမှူးမှမှတ်ချက်ရေးသည်။ " မီးလုံး" ကိုစာလုံးပေါင်းရာ "မီးလုန်း" ဖြစ်နေသဖြင့် စာအသစ်ရေးတင်ပါ။
● Day (7) to Day (12) ထိုစာကို စာလုံးပေါင်းပြင်ပြီး အဆင့်ဆင့် ပြန်တင်သည်။
● Day (13) မီးလုံး အသစ်လဲလှယ်ရန် ခွင့်ပြုကြောင်း ဌာနမှုးမှ မှတ်ချက်ပေးသည်။
●Day (14) ဌာနမှူး ခွင့်ပြုမိန့်ပါသည့် စာနှင့်တွဲပြီး မီးလုံးသစ်ဝယ်ယူရန် ခွင့်ပြုချက်ရပြီ ဖြစ်ပါသဖြင့် လိုအပ်သည့် ငွေထုပ်ပေးပါရန် အောက်တန်းစာရေးက ငွေစာရင်းဌာနကို လိပ်မူပြီး စာရေးတင်သည်။
●Day (15) တံဆိပ်တုံးနိုပ်ပြီး စာနံပါတ် တပ်သည်။
● Day (16) ငွေစာရင်းမှ ဌာနခွဲ စာရေးက မှတ်ချက်ရေးပြီး ငွေစာရင်းအရာရှိထံ ရေးတင်သည်။
● Day (17) ငွေစာရင်းအရာရှိမှ မီးလုံး ဝယ်ယူရန် ငွေထုပ်ယူခွင့်ပြုကြောင်း လက်မှတ်ထိုးသည်။
● Day (18) ငွေစာရင်းအရာရှိ၏ လက်မှတ်ကို ပြပြီး ငွေကိုင်စာရေးထံတွင် ငွေထုပ်လွာ ပုံစံဖြည့်ပြီး ငွေထုပ်ယူသည်။
၁၉ ရက်မြောက်နေ့တွင် ကျွမ်းသွားသောမီးလုံးအား အောင်မြင်စွာ အစားထိုး တပ်ဆင်ပြီးသွားပါတယ်။
မီးလုံးတစ်လုံးတပ်ဆင်ရန် စာရွက် ၈ ရွက်ကုန်ပြီး လူ ၁၁ ယောက်ခန့် ပါဝင် အလုပ်လုပ်ရပါတယ်။
ဤသို့သော လုပ်ငန်းများကို မြန်မာနိုင်ငံဆိုသည့် နိုင်ငံတွင် လုပ်ကိုင်နေကြပြီး အလွန်အလုပ်များလျှက်ရှိကြပါသည်။ မယုံရင် ဌာနဆိုင်ရာများတွင်လေ့လာပါ။
Enjoy paper work.
Crd
Credit: Thein Tun Aung
Photo Google

Comments
Post a Comment