. နေရာတိုင်းမှာ
                             ....................

ကုမ္ပဏီပိုင်ရှင် မှ အလုပ်သမားအသစ်ခန့်ရန် အင်တာဗျုးနေသည်။

"သမီး အသက်ဘယ်လောက်ရှိပြီလဲ။အိမ်ထောင်ရှိလား"

"၁၈ နှစ်ပါရှင့်။အိမ်ထောင်မရှိပါဘူး။ပညာအရည်အချင်းက..."

"အိုကွယ် အဲတာတွေမလိုပါဘူး။တော်မှန်း တတ်မှန်း
အပွေးမြင် အပင်သိပါတယ် အဟင်းဟင်း ။
မနက်ဖြန် စက္ကထရီအနေနဲ့ အလုပ်စဆင်းတော့"😁😁

"ရှင် ဪ ဟုတ် ဟုတ်ကဲ့။အဟီး ဝမ်းသာလိုက်တာဆရာ"😁

ကောင်မလေးပြန်ထွက်သွားပြီးနောက် --
.
.ကဲ နောက်တစ်ယောက်"

"ဟုတ်ကဲ့ ရောက်ပါပြီဆရာ"

"နာမည်ပြော"

"ဖိုးထောင်ပါခင်ဗျ။အိမ်ထောင်မရှိ။ပညာအရည်အချင်းက.."

"ဟေ့ကောင် အရစ်မရှည်နဲ့ မေးသလောက်ပဲဖြေ။
ရုပ်ကိုက ခုံဖိနပ်အောက်က ခွေးချေးရုပ်နဲ့။
ပါးဖြတ်ရိုက်လိုက်လို့ မျက်လုံးပါ ချိုင်းထောက်တပ်နေရမယ်"

"ဗျာ"😲

" မေးတာကိုပဲ လိုရင်းတိုရှင်းဖြေ"

"ဟုတ်"

"လက်ရှိ အမေရိကန်သမ္မတ"

"ဒေါ်နယ်ထရန့်ပါ"

"ငါ့မေးခွန်းမဆုံးသေးဘူး။
သူ့မှာ အတွင်းခံဘောင်းဘီ ဘယ်နှစ်ထည်ရှိလဲ"

"ခညာ"

"ဘာလဲ မသိဘူးမဟုတ်လား။ 

ကမ္ဘာ့အမြင်မရှိတဲ့ မင်းလိုသတ္တဝါမျိုး ဘယ်နေရာမှာ အားကိုးရမှာလဲ။

နောက်တစ်ခုမေးမယ်"

"အဟင့််"

"လွတ်လပ်ရေးဖခင်ကြီး"

"ဗိုလ်ချုပ်အောင်ဆန်းလေ"

"အေး သူနောက်ဆုံးထမင်းစားခဲ့တာဘာဟင်းနဲ့လဲ"

"အလို"😲😲

"မသိပြန်ဘူးလား။ခက်တာပဲ မင်းတို့ကောင်တွေ 
သမိုင်းကြောင်းလည်း မလေ့လာ။နောက်ဆုံးတစ်ခုမေးမယ်"

"ဖေတို့မေတို့ ကယ်ကြပါဦးလို့ အီးဟီး"😭

"ဂုဏ်တော်ကိုးပါး
အစအဆုံးရလား"

"အမလေး တော်ပါသေးရဲ့ ဟီးဟီး။သိပ်ရတာပေါ့"

"ပြောင်းပြန်ဆိုပြ"

"တိန်"😲😲

😛 
.
Crd;

Comments

Popular posts from this blog

ချောတယ်လို့