RS သက်တမ်း ၅ နှစ်ကို
နေ့စဉ်ရက်ဆက် ချစ်ကြည်နူးစွာကျော်ဖြတ်လာတယ်လို့ထင်ရင်
ခွက်ခွက်လန်ကို မှားပါတယ်နော်။
တခါတလေ တကယ်ပြတ်တော့မယ်တို့
တခါတလေ နောက်တစ်ယောက်သာထားရင် ငါဒီလောက်စိတ်ညစ်ရမှာ မဟုတ်ဘူးတို့ ဘာတို့ပေါ့။
ကျနော်စိတ်ရှုပ်လာတဲ့အခါ သုံးတဲ့နည်းက တစ်နည်းတည်း
သူဘယ်လောက်ဖုန်းဆက်ဆက် မကိုင်တော့ဘူး။
အဲဒိီအချိန်အတွင်းမှာ သူ့ကိုပြောချင်နေတဲ့စကားတွေကို စိတ်ထဲကနေ ထိုင်ပြောနေပစ်လိုက်တယ်။
တစ်နာရီ၊ တကယ်ကို အလွန်ဆုံးကြာ တစ်နာရီဝန်းကျင်ပေါ့။
လူ့စိတ်ဆိုတာကလည်း ခက်သား၊
တစ်ယောက်တည်း တွေးလိုက်၊ပြောလိုက်လုပ်ပြီး
ပြောစရာ ဘာမှမကျန်တော့လည်း သေချာသွားရော …
ဖြစ်ထားသမျှ ဒေါသအကုန်ပြေသွားတော့တာနဲ့ တဆက်တည်း
စာများပြန်ပို့နေပြီလားဆိုပြီး မက်စင်ဂျာကို ပြန်ပြန်စစ်နေရတော့တာပဲ။
အဲဒီအချိန် …
တစ်ယောက်တည်းပြောတဲ့ စကားတွေ သူ့ရှေ့သာ ပြောကြည့်ပါလား !
ကြာပေါ့ ပြတ်တာ။
ဒါကလည်း တစ်ဖက်တည်းတော့ ဟုတ်ဟန်မတူဘူး။
သူ့ဘက်ကလည်း ကျနော့်နည်းတူ ဖြေရှင်းပုံ ဖြေရှင်းနည်းချင်းပဲ ကွာတာဖြစ်လိမ့်မယ်တူရဲ့။
မောင်ကောင်းထိုက်ဟာသလေးသတိရမိတယ်။
တစ်ခါက တောတွင်းက ဆိုင်တစ်ဆိုင်ထဲကို ယုန်တစ်ကောင်နဲ့ ခြင်္သေ့တစ်ကောင် ဝင်လာသတဲ့။
စားပွဲထိုးက ယုန်ကိုမေးတယ်။
“ ဘာစားမလဲ “ ဆိုတော့၊ “ အသီးအရွက်အစုံ ရှိတာတစ်ပွဲချကွာ “ တဲ့
စားပွဲထိုးက ခြင်္သေ့ဘက်ကို ထပ်မေးတယ်။
“ ဘာစားမလဲ “ ပေါ့။
အဲဒီမှာ ယုန်ကဝင်ပြောတယ်။
“ အဓိပ္ပာယ်မရှိတာတွေ မမေးစမ်းပါနဲ့၊
သူသာ ဆာနေရင် ၊ငါဒီလိုတောင် ထိုင်နေနိုင်မှာ မဟုတ်ဘူး “ တဲ့။
ငါက အမြဲအလျော့ပေးထားလို့သာ မပြတ်သေးတာလို့တွေးပြီး
တနုံ့နုံ့ ဖြစ်နေတဲ့သူတွေအတွက်ပါ။
အဲဒီလူတွေကို ကျနော်ကလည်း ယုန်လိုပဲပြောလိုက်ချင်ပါတယ်။
“ အဓိပ္ပာယ်မရှ်ိတာတွေ မပြောစမ်းပါနဲ့။
တဖက်ကသာ တကယ်ပြတ်ချင်ရင်
ခုချိန် ခင်ဗျားဘေးမှာသူတောင်ရှိနေမှာ မဟုတ်ပါဘူး “ ။
မြင်နိုင်ကြပါစေဗျာ😁
Crd
ချစ်ခြင်းဆိုတာ အပြန်အလှန်တန်ဖိုးထားတတ်ဖို့ပါပဲ။
Comments
Post a Comment