#မရောင်ရာဆီလူး
✝️✝️✝️✝️✝️✝️ (ဝတ်ထုတို)(ဖြစ်ရပ်မှန်)
၁၉၉၁ခုနှစ်
*အီရန် နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ရေနံ အရောင်းအဝယ် စာချုပ်အသစ်ချုပ်ဆို လိုက်ကြပါသည်။
အရှေ့အလယ်ပိုင်းရဲ့ အဓိကအင်အားနိုင်ငံဖြစ်သော အီရန်နိုင်ငံသည် ပေါ်လစီအရအလွန်ရန်များသောနိုင်ငံ၊ အနောက်နိုင်ငံများနှင့်အဆင်မပြေသောနိုင်ငံတခုပါ။
ရေနံအရောင်းအဝယ်သည် အီရန်နိုင်ငံအဖို့ အဓိကတိုင်းပြည်၏ဝင်ငွေရပေါက်ဖြစ်ပါသည်။
စီးပွားရေးထိပ်သီးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံနှင့် ရေနံအရောင်းအဝယ် လုပ်ရခြင်းမှာအီရန်နိုင်ငံအတွက်အမြတ်သက်သက်ဖြစ်သည်။မက်လောက်စရာပါ။
နိုင်ငံခြားရေးပေါ်လစီပါပြောင်းလဲမြှင့်တင်လိုက်ပုံရပါသည်။
ဂျပန်နိုင်ငံသို့ အီရန်နိုင်ငံသားများဆိုက်ရောက်ဗီဇာပေးမယ်လို့သိရပြီး ဗီဇာရရှိရန်အလွန်ခက်ခဲသောဂျပန်နိုင်ငံ သည် အီရန်နိုင်ငံသားများအတွက်ထီပေါက်သလိုဖြစ်နေပါတော့သည်။
ဒီလိုနဲ့သိပ်မကြာပါ အီရန်နိုင်ငံသားများစွာတို့တိုကျိုမြို့ကြီးဆီဆီရောက်လာရာ ရှိရှိသမျှပန်းခြံများအတွင်းအိမ်မရှိသေး၍
ယာယီတဲထိုးနေထိုင်နေကြသောအီရန်နိုင်ငံသားများစွာကိုမြင်လာရပါသည်။
အီရန်သည်လည်း အစ္စလမ်မစ် ဥပဒေများကိုကျင့်သုံးနေသော နိုင်ငံ ဖြစ်ပြီး အာဏာရှင်နိုင်ငံတခုဖြစ်ပါသည်။နိုင်ငံအတွင်းအလုပ်အကိုင်မရှိကြရာ အိမ်မက်ပမာ ဂျပန်နိုင်ငံသို့ရောက်လာရခြင်းသည် အလွန်တရာမှရတောင့်ရခဲအခွင့်အရေးပဲဖြစ်ပါသည်။
အီရန်နိုင်ငံမှရောက်လာကြကုန်သောလူတို့သည်ကောင်းသည့်လူထက် ၁၀၉ ၁၁၀ အလုပ်မရှိပဲဆိုးသွမ်းနေတတ်သည့်သူကပိုများရာ ရာဇဝတ်မှု့များဖြစ်ပွားခဲ့ပြီး ဂျပန်နိုင်ငံ၏ရဲတပ်ဖွဲ့မှာအလွန်အလုပ်များရပါတော့သည်။
အီရန်နိုင်ငံသားများရောက်လာပြီးသိပ်မကြာပါ။ဂျပန်လူမျိုးအမျိုးသမီးများနှင့်တွဲသွားတွဲလာမြင်ရပြီး တဖြည်းဖြည်းအခြေကျစေသည်။ဂျပန်နိုင်ငံ၏ ယဥ်ကျေးမူ့အတိမ်းအစောင်းတခုမှာမိန်းမကိုလုံးဝမျက်နှာသာမပေးပေ။မိန်းမကိုအနည်းငယ်နိုမ်ထားသောသေဘာရှိပါသည်။ထို့ကြောင့်ဂျပန်မိန်းကလေးအများစုသည် အိမ်ထောင်ဖက်ရွေးချယ်သည့်အခါ နိုင်ငံခြားသားကိုယူ ရန်စိတ်အားထက်သန်ကြပါသည်။အီရန်လူမျိုးများမှာ သွေးနှောသူများ၍အသားဖြူသည်။ လူကောင်ထွားသည်။အရပ်ကမြန်မာတွေထက်ခေါင်းတလုံးပိုမြင့်သည်။ဂျပန်မတွေအကြိုက်ပုံစံဖြစ်နေ၍
အီရန်အမျိုးသားများမှာလက်မလည်ဟုပင် ပြောရပါလိမ့်မည်။တော်တော်များများဂျပန်နဲ့ယူကြပြီးအခြေကျသွားကြသည်။
အချို့ကျတော့လည်း အလုပ်လည်းလက်ကြောမတင်းအိမ်ထောင်လည်းမပြုကောင်းကောင်းမွန်မွန်လည်းမနေပဲ ဂျပန်မှာဆိုးသွမ်းနေကြပါသည်။ခိုးရာပါပစ္စည်းရောင်းဝယ်ခြင်း၊အတုလုပ်ခြင်း၊တယ်လီဖုန်းကဒ်ဘဏ်ကဒ်အတုလုပ်ရောင်းခြင်း၊အုပ်စုဖွဲ့ဖောက်ထွင်းခြင်း၊ဂိုဏ်းဂနဖွဲ့စည်းကာမူးယစ်ဆေးဝါးရောင်းဝယ်ခြင်းများပြုလုပ်လာကြပါတော့သည်။
အခုပြောချင်တဲ့အဓိကအကြောင်းရှိပါသည်။အီရန်အမျိုးသားများလုပ်ကိုင်သည့်အလုပ်တခုအကြောင်းပါ။
အီရန်နိုင်ငံတွင်အလွန်တင်းကျပ်သောအစ္စလမ်မစ်ဥပဒေများနှင့်နိုင်ငံကိုအုပ်ချုပ်ပါသည်။ဘာသာတ ရား၏ကိုရန်ကျမ်းအတိုင်းလိုက်နာနေထိုင်ရပါသည်။အကယ်ဤမလိုက်နာပဲဖောက်ဖျက်ကျူးလွန်ပါက ပြင်းထန်စွာအပြစ်ပေးသည်။
သေထိုက်သောအပြစ်ဖြစ်ပါက လူလည်ကောင်မှာလည်လှီးသတ်ဖြတ်သည်။ကျောက်ခဲနှင့်ပစ်သတ်သည်။
ကျွန်တော်သိပ်နားမလည်သော်လည်းတခါက ဂျပန်မှာနေထိုင်တာ၅နှစ်လောက်ရှိသူအီရန်အမျိုးသားတဦး လက်မောင်းတွင်အရုပ်ဆေးမင်ကြောင်ထိုးလိုက်ရာ အီရန်သို့ပြန်လို့မရတော့ပါ။သူ့အပြောအရကိုရန်ကျမ်းစာမှာတက်တူးမထိုးရလို့တားမြစ်ထားကြောင်း၊သူ့မျက်ကွယ်တွင်သူ၏တက်တူးထိုးထားသောလက်မောင်းကိုဖြတ်ရန်သံရုံးကအကြောင်းကြားလာကြောင်းသိရပါသည်။လက်မောင်းရင်းကဖြတ်မှအီရန်သို့ပြန်လို့ရမှာဖြစ်ကြောင်းပြောပြသည့်အခါသူတို့ဥပဒေကိုအံ့သြမိပါတော့သည်။
အခုပြောချင်တာကအီရန်အမျိုးသားများရဲ့အလုပ်ပါ။၁၉၉၉ခုနှစ်လောက်က ဂျပန်နိုင်ငံချီးဘားထောင်ထဲတွင်အီရန်အမျိုးသား၅ဦးခန့်နှင့်ဆုံခဲ့ရသည်။သူတို့ကအသေးအမွှားအမူ့များနှင့်ရဲဖမ်းခံရခြင်းပါ။လွတ်ရက်စေ့သော်လည်းပြန်လို့မရ ပြန်စရာနိုင်ငံမရှိဖြစ်နေသည်။ဘာကြောင့်လဲဆိုတော့သူတို့အလုပ်ကြောင့်ဖြစ်ပါသည်။ထိုအမျိုးသား၅ဦးစလုံးမှာဂျပန်နိုင်ငံတွင်အပြာကားများရိုက်သည့်မင်းသားများဖြစ်နေပါတယ်။အီရန်လူမျိုးများ၏ကိုယ်လုံးကိုယ်ပေါက်သည်HDကားများပွန်းဇတ်ကားများအတွက်အသုံးတည့်ရာ ပိုက်ဆံလည်းမက်လောက်စရာမို့အီရန်များကလုပ်ခဲ့ကြခြင်းပါ။ထိုပွန်းဇတ်ကားများအကြောင်းသံရုံးကတဆင့်သိသွားရာသူတို့နိုင်ငံတွင်ထို၅ဦးအား မျက်ကွယ်သေဒဏ်အပြစ်ဒဏ်ပေးလိုက်ရာဒုက္ခအကြီးအကျယ်ရောက်ရတော့သည်။တခြားတနိုင်ငံကိုဒုက္ခသည်အဖြစ်သွားရန်ကြိုးစားရင်းထောင်ထဲတွင်စောင့်နေကြခြင်းဖြစ်ပါသည်။
လိင်ကိစ္စသည်ဂျပန်တွင်ပွင့်လင်းသည်။တခြားအာရှနိုင်ငံများနှင့်မတူပါ။ဘာကြောင့်မှန်းတော့မသိလိင်ကိစ္စသည်အသားပေးခံရသည်။ပွင့်လင်းလွန်းသည့်နေရာတွင်အီရန်များကြားညပ်ကြရသည်။အီရန်လူမျိုးတို့၏ဘာသာရေးအရလုံးဝခွင့်မပြုနိုင်သောအပြာကားသရုပ်ဆောင်ခြင်းသည်သူတို့အတွက်သေသထိုက်သောအပြစ်ဖြစ်နေသည်။အိမ်ရှင်ဖြစ်သောဂျပန်ကလည်းတော်ရုံတန်ရုံမိမိနိုင်ငံတွင်ဒုက္ခသည်အဖြစ်လက်မခံ တခြားသောအရှေ့အလယ်ပိုင်းနိုင်ငံများ အာရပ်နိုင်ငံများသို့လည်းအခုလိုအပြစ်နဲ့လုံးဝသွားလို့မဖြစ်နိုင်
သူတို့မှာသွားစရာမြေမရှိဖြစ်နေပါတော့သည်။တချို့ဆို၃-၄နှစ်လောက်ရှိနေပါပြီစောင့်နေရတာ။
နိုင်ငံတနိုင်ငံနှင့်တနိုင်ငံဖွဲ့စည်းပုံခြင်းမတူဥပဒေများလည်းမတူကြပါ။ဘာသာရေးအရရောနှောထားသောဥပဒေများသည်အတိမ်းအစောင်းမခံပါ။သူ့အရပ်နဲ့သူ့ဇတ်ပေါ့ဗျာ။
မနေ့က မော်ဒယ်တဦး အဖော်အချွတ်နဲ့ ထောင်၆နှစ်ကျသွားတာကိုဖတ်ရင်းအခုရေးတဲ့အကြောင်းလေးပြန်သတိရလို့ရေးလိုက်ရခြင်းပါ။မော်ဒယ်မလေးက သနားပါတယ်။ဘုမသိဘမသိနဲ့ မရောင်ရာဆီလူးခံရခြင်းပေါ့။ဥပဒေအတိုင်းအပြစ်ဒဏ်ပေးတာကတော့ဟုတ်ပါပြီ စောဒကမတက်လိုပါ။ဒါပေမယ့်ဖြစ်ကြောင်းရယ်ကုန်စင်သေချာတွေးကြည့်ရင်ရယ်စရာလည်းကောင်းပါတယ်။
"ကိုယ့်ပစ္စည်းနဲ့ကိုယ် ဒုက္ခရောက်ရသူများပေါ့"
#အရုပ်သည်
"မိန်းမ"
"ဘာတုန်း"
"ဒီနေ့ မိုးအေးတယ်နော်~~
ချမ်းလိုက်တာကွာ"
"အာ့ဆွင်လည်း ...လာ ဒီဘက်တိုးခဲ့"
"အင်း"
"ချမ်းသေးလား"
"ချမ်းသေးတယ်"
"အာ့ဆွင်လည်း... ဖက်ထား"
"အင်းးး"
"နွေးသွားပြီလား..."
"နွေးသေးဘူး"
"အာ့ဆွင်. .ရှင်ကဘာလုပ်ချင်တာတုန်း"
"ဟိုလေ ဟိုဟာလေး"
"ဟွန်းနော် မပြောလိုက်ချင်ဘူး"
"ခွင့်ပြုပါမိန်းမရယ်... ချမ်းလွန်းလို့ပါ"
"ဒါဆိုလည်း သဘော"
"အဟီး အာ့တွေ ချစ်တာ"
" ပြောလိုက်ရင်ဒါပဲ၊
ကဲ ဘယ်လိုလုပ်ပေးရမလဲ ပြော"
.
.
.
"ကြောင်အိမ်ထဲက အရက်ပုလင်းယူပေးနော်"
.
"ဘာ ..:3 !!!!"
😁😆
✎﹏ᴾʰᵒᵗᵒ ᶜʳᵉᵈⁱᵗ ᵗᵒ ᵒʳⁱᵍⁱⁿᵃˡ ᵃᵘᵗʰᵒʳ﹏♡︎
ⓟⓗⓨⓞⓛⓨⓝⓝ
😃
ReplyDelete