ခုနှစ်ဝါကိုယ်တော်
**
သူမ နဲ့ ကျွန်တော် ချစ်သူသက်တမ်း ၁ နှစ်ပြည့်မှာ နှစ်ယောက်ထဲ ချောင်းသာကို ညအိပ်ခရီးသွား ဖြစ်ခဲ့ကြတယ်သူမဟာ ပညာတတ်ခေတ် လူငယ်တစ်ယောက်ဆိုပေမယ့် ဘာသာတရား ကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့သူ တစ်ယောက်ပါ။ပထမညမှာ ကျွန်တော်သူမကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြခဲ့တယ် နင့် သိက္ခာကို ငါအရမ်း တန်ဖိုးထားတယ်။နင့်ဆန္ဒမပါဘဲ ငါ့စိတ် ငါ့ဆန္ဒတစ်ခုတည်း အတွက်နဲ့ ဘယ်တော့မှ မလုပ်ဘူး ဒါက နင့်အပေါ်ထားတဲ့ ငါ့ရဲ့ စိတ်ပဲ
နောက်ညရောက်တော့ သူမ ကျွန်တော့ရင်ခွင်ထဲမှာ ခေါင်းလေးမှေးပြီး ပြောရှာတယ် နင် မနေ့ညက ပြောတဲ့ စကားကို ငါတစ်ညလုံး တွေးတယ်ဟာ
ပြီးတော့ငါ အရမ်းလဲပျော်တယ် ဆန္ဒကိုသိက္ခာနဲ့ ထိန်းနိုင်တဲ့ ယောကျာ်းမို့ ငါအရမ်းကျေနပ်ခဲ့တယ် အဲ့လိုပြောရင်း သူမရဲ့လက်ချောင်းလေးတွေနဲ့ ကျွန်တော့ရင်ဘက် အမွှေးလေးတွေကို ပွတ်သပ် ဆော့ကစားနေတယ်။
ကျွန်တော် သူမ မေးစေ့လေးကို အသာယာ ဆွဲကိုင်မော့လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်ငါ မနေ့ညက တညလုံး အိပ်မပျော်နိုင်ဘူး ငါ့စိတ်တွေဟာလေ ကမ်းခြေက ကျောက်ဆောင်တွေကို ရိုက်ခက်နေတဲ့ လှိုင်းလုံးကြီးတွေလိုပဲ ဝုန်းဒိုင်းကြဲနေခဲ့တာ နင်ဘယ်သိမလဲလေရွှန်းလဲ့နေတဲ့ မျက်ဝန်းအစုံနဲ့ ကြည့်ရင်း သူမက အခုညရော အဲဒီလိုပဲ ဖြစ်နေလား တဲ့မောဟိုက်နေတဲ့ လေသံမျိုးနဲ့ တိုးတိုးလေးပြောရင်း ရင်ဘတ်ပေါ်မှာ ဆော့ကစားနေတဲ့ သူမလက်လေးတွေဟာ ဖြည်းညင်းစွာ အောက်ဘက်ဆင်းသက်လာပြီး ကျွန်တော့်ခါးကို တင်းကြပ်စွာဖတ်တွယ်လာရင်းနဲ့ငါက မိန်းကလေးလေဟာ ပြီးတော့
ရှက်လဲ ရှက်တယ်ဟာ ဒါပေမဲ့ ခုည နင့်သဘော အတိုင်းပါပဲ သူ့မျက်နှာကို ကျွန်တော့ ရင်ဘတ်ထဲ ဝှက်ပြီး တိုးတိုးလေး ပြောလာတယ်။ကျွန်တော် သူမမျက်နှာလေးကို ကိုင်မော့လိုက်ပြီး နှုတ်ခမ်းဖူးဖူးလေးကို ဖွဖွလေး နမ်းလိုက်မိတယ်ပန်းနုရောင် သမ်းလာတဲ့ သူမမျက်နှာလေးဟာ ရှက်သွေးတွေ ဖြာနေလေရဲ့ အေးစက်နေတဲ့ သူမလက်ဖဝါး လေးကို ဆုပ်ကိုင်ရင်းမင်း ရှက်နေတာလား အင်း မျက်လွှာလေးချပြီး မပွင့်တပွင့်လေးပြောရှာတယ် သူမ အရမ်းရှက်နေမှန်း သိလို့ ကျွန်တော်က ပုထုဇဉ်တွေမို့ ကိလေသာ ပယ်သတ်၍ မရနိုင်သေးကြောင်းသမုဒယ အမြစ်တွေ ပွားနေမြဲသာဖြစ်ကြောင်း ရှက်စရာမလိုကြောင်း
သဒ္ဒါ သီလ သုတ စာဂ ပညာ စသဖြင့်
သူတော်ကောင်း တရား ၇ ပါးရှိကြောင်းဝိသာခါ အမျိုးသမီးကြီးတောင် မြေးမြစ်တွေ အများကြီး ရှိခဲ့ကြောင်းဟီရိ သြတပ္ပ ဆိုတဲ့ အရှက်နှင့်အကြောက်ရှိရမှာ မှန်ပေမယ့်လို့ ရှက်သင့်တဲ့ အရှက်ဆိုတာ မကောင်းမှု့လုပ်ရမှာကိုသာ ရှက်သင့်ကြောင်း စသဖြင့် အစချီလိုက်တာနဂိုကတည်းက တရားဘာ၀နာ လိုက်စားတဲ့ သူမဟာ မသိတာတွေကို မေး ကျွန်တော်ကရှင်းပြ သိတာတွေရော မသိတာတွေရော ဖြီးဖြန်းရင်းနဲ့အဲဒီညမှာ တင်သူမလည်း သောတပန်တည် ကျွန်တော်လည်း မနက်မိုးလင်းတော့ အဲ့ဒီနားက ကျောင်းမှာပဲ ဘုန်းကြီး ဝတ်လိုက်တာခုဆို ၇ ဝါတောင်ပြည့်တော့ မယ်လေ။
Comments
Post a Comment