""တာဝန်ရှိသူ
ပညာရှင်တွေပါးစပ်ပိတ်နေကြတဲ့နိုင်ငံ ....."" ။ ။ ။
ကင်ဆာရောဂါအတွက်ဘာအပင်ကို ဘယ်လိုပြုတ်သောက်ရင်ပျောက်တယ် ..!
ဘာအပွင့်ကို ဘယ်လိုကြော်စားပေးရင်
ဘာရောဂါသက်သာတယ်ဆိုတဲ့ ပို့စ်တွေမြင်ရင်...!!
ဒီနိုင်ငံက တိုင်းရင်းဆေးသမားတော်တွေကို
အံ့ဩမိတယ်
ဒီဆေးနည်းတွေဟာ မှန်လို့ပဲငြိမ်နေတာလား?
မှားတယ် ဒါပေမယ့် ကိုယ်ဖြစ်ကိုယ်ခံဆိုပြီး
ဂရုမစိုက်ကြတာလား?
ကုချင်ရင်လာကု
ကိုယ့်ဖာသာကိုယ် fb ဆေးနည်းတွေနဲ့ကုနေတာ
မတက်နိုင်ဘူးဆိုပြီး လွှတ်ထားတာလား?
စဉ်းစားမရဘူး
Research မရှိတဲ့ဆေးနည်းတွေကို
မိမိဖာသာသောက်ရင်း ဒုက္ခရောက်သေဆုံးနေကြတာတွေမြင်တော့...
တာဝန်ရှိသူ ပညာရှင်တွေပါးစပ်ပိတ်နေကြတဲ့
ဒီနိုင်ငံအကြောင်း တွေးမိတယ်.....။
ကော်ဖီမစ်တွေမှာ ...::...တွေ ပါသတဲ့....!!
ဘယ်ကော်ဖီမစ်ကိုမွှေးလွန်းလို့ ဘယ်မှာစစ်ကြည့်တော့ ဘာတွေပါသတဲ့....!!
ဒီလောက်ဟိုးလေးတကြော်ကြော်ဖြစ်နေကြတာ
ကော်ဖီတံဆိပ်က ဘာလဲ
ဓာတ်ခွဲစမ်းသပ်ကြည့်တော့ ဘာတွေတွေ့လဲ..
သိကြသလား???
နိုးပါ...
ပညာရှင်တွေပါးစပ်ပိတ်နေကြတယ်
တကယ်ဆို သေချာစစ်
ဘယ်တံဆိပ်မှာဘာပါတယ် ကြေငြာချက်ထုတ်
မီဒီယာတွေကကြေငြာပေါ့
ခုတော့ ကော်ဖီသောက်ဖို့ကော်ဖီဖျော်ရင်း
ကြောက်လွန်းလို့ လက်တုန်နေရတဲ့ဘဝ.....။
နို့ဆီစက်ရုံမှာ နွားထီးတွေချည်းပဲတဲ့..
နို့ဆီတွေမှာ နို့မပါဘူးတဲ့....
တသက်လုံးသောက်လာတဲ့ လက်ဖက်ရည်တွေမှာ ဘာတွေပါပါလိမ့် ???
သက်ဆိုင်ရာက ကြေငြာချက်များ
ထုတ်မလားမျှော်မိတယ်...
နိုးပါ...!!
တာဝန်ရှိသူ
ပညာရှင်တွေပါးစပ်ပိတ်နေကြတယ်... ။
City mart မှာတော့
နို့ဆီနို့မှုန့်တွေ ခပ်တည်တည်နဲ့ရောင်းတုန်း...!
သောက်ရမှာလား...??မသောက်ရဘူးလား..???
တွေးရင်းကြောက်နေရတဲ့ဘဝ...... ။
TV ချန်နယ်တစ်ခုကြည့်တိုင်း
ကြော်ငြာလိုက်တဲ့ အားဖြည့်အချိုရည်တွေ
ကော်ဖီတွေ ခေါက်ဆွဲခြောက်တွေ..
ဒါတွေဟာ တကယ်ရော ဥပါဒ်ကင်းရဲ့လား???
ဘယ်ငြုပ်သီးမှုန့်တွေမှာ မှိုတွေ့တယ်
တံဆိပ်တွေကိုကြေငြာတယ်...
၂လလောက်ဆို တံဆိပ်ပြောင်းရင်ပြောင်းမယ်
စျေးထဲမှာ အဲ့ဒီကုန်ပစ္စည်း ပြန်တွေ့တယ်...
လက်ဖက် ငပိ...... ဒီတိုင်းပဲ
ဆိုးဆေးတွေထပ်သုံးနေသလား??
ဓာတ်မြေဩဇာတွေထည့်သေးလား? ??
ကဲ...အာဂျီနိုမိုတိုတဲ့..
ဂျပန်ကထုတ်တာ စားလို့ရပါတယ်တဲ့..
စျေးမှာ ဆာလာအိတ်တွေထဲကအချိုမှုန့်တွေကို
အာဂျီနိုမိုတိုတံဆိပ်ကပ်ထားတဲ့အိတ်တွေထဲ
ထည့်နေကြသတဲ့..
အံ့ဖွယ် ဂျပန် ± ဖက်စပ်တွေပါလား.....???
ကြက်သားမှုန့်ပဲစားကြပါတဲ့...!
ငါးမှုန့်ပဲစားကြပါတဲ့ ....ဖြစ်ကြပြန်ပြီ ။
ပဲဆီတောင် ပဲရိုးရိုး၊ ပဲရှယ် ၊ ပဲထူးရှယ်ဆိုပြီးခွဲထားရအောင် အိမ်တွေမှာ ဓာတ်ခွဲခန်းထားထားပေးသလား?@??
နိုးပါ....!!!
တာဝန်ရှိသူ ပညာရှင်တွေ
ပါးစပ်ပိတ် နေကြတယ်.....။
စားနေရင်းရင်တမမနဲ့...
ကိုယ့်သတ်မယ့်အဆိပ်တွေ
ကိုယ်ပြန်မျိုချနေရသလို ခံစားရမိတယ်...!!
ရေသန့်တဲ့...
တွန်းလှည်းတွေနဲ့လိုက်ရောင်းနေတာ
တဗူး၅၀၀နဲ့ဝယ်သောက်နေရတဲ့ဘဝ
ဘယ်သူကခွင့်ပြုပြီး ဘာစက်တွေနဲ့လုပ်ကြသလဲ??
မမေးအားတဲ့ဘဝ
စားသုံးသူအခွင့်အရေးဆိုတာ
သတင်းစာတွေထဲမှာပဲ မြင်ရတဲ့စကားလုံး....
တရားစွဲရင်လည်း မီးကျိုးမောင်းပျက်တရားခွင်မှာ
တရားလိုလုပ်ရင်း အသက်ကြီးနေရတဲ့နိုင်ငံ......!!!
မြန်မာပြည်မှာအရက်အတုတွေကို
အစစ်စျေးပေးပြီးဝယ်သောက်နေရတာ
ရင်နာစရာတဲ့...ဖတ်လိုက်ရတယ်....!!
ဘယ်ဟာ အစစ် ဘယ်ဟာအတုမှန်းမသိဘဲ
သိန်းချီပေးပြီးဝယ်သောက်နေရတဲ့ဘဝ
စစ်ဆေးမယ့်
တာဝန်ရှိသူတွေ ပညာရှင်တွေသေကုန်ကြသလား??
ကာလနာတိုက်ကုန်ကြပလား??
ပါးစပ်ထဲ လာဘ်ထိုးထားတဲ့ငွေတွေဆို့ထားလို့
ဘာမှမပြောရဲကြသလား??
သေလို့တိုင်မှပဲ စစ်ဆေးပေးကြမှာလား???
တာဝန်ရှိသူ
ပညာရှင်တွေပါးစပ်ပိတ်နေကြတဲ့နိုင်ငံ......။
တကယ်ဆို ပျံ့နှံ့လာတဲ့ကောလဟာလတစ်ခုခုအတွက်
ချက်ချင်း action ယူ ချက်ချင်းစစ်
ချက်ချင်းကြေငြာချက်ထုတ်ပြန်ရမှာ
မဟုတ်ဘူးလား???ခုတော့တာဝန်ရှိသူ ပညာရှင်တွေဆွံ့အနေကြသလား??
သေကုန်ကြတာလား??
၂၅၀တန်ခေါက်ဆွဲခြောက် ခုဆို ၅၀၀
၁၀၀တန်အီကြာကွေး ခုဆို ၃၀၀
၁၀၀တန်ကော်ဖီမစ် ခုဆို ၃၀၀ကျပ်တွေနဲ့
အသက်ဆက်နေရတဲ့ ကျုပ်တို့ဘဝ
သေမထူးနေမထူး ဘဝတွေ
ဘယ်သူက $ဖက်လုပ်ပြီးဂရုစိုက်လို့တုန်း....!!!
ကိုယ့်နိုင်ငံက export ကြတော့
ဘာဖြစ်မှ ညာဖြစ်မှ $ဂျီးတွေများ စျေးတွေနှိမ်
မျက်နှာငယ်ငယ်နဲ့ လက်အုပ်ချီပို့နေရပြီး
ကိုယ့်နိုင်ငံထဲသွင်းတဲ့ import တွေကြ
တံခါးမရှိ ဓားမရှိမရှိ
ဘယ်သူစစ်ရဲသလဲ? ?
ဘယ်သူပြန်ပို့ရဲသလဲ? ?
တွေ့ကြည့်ရင် ရင်နာလွန်းလို့
ကျတဲ့မျက်ရည်တောင်
နိုင်ငံခြားကသွင်းတဲ့တစ်ရှူးနဲ့ သုတ်နေရတဲ့ဘဝ....။
အဲ့တော့.....
သေမလား...သေစမ်း..!!
ကင်ဆာလား..ဖြစ်စမ်း..!!
တရားစွဲခွင့်ရှိသလား..???
ဒီဟာစားမိလို့ ဒါဖြစ်ရပါတယ်
ဒီကုမ္ပဏီကိုအရေးယူပေးပါတိုင်ကြားလို့
နစ်နာကြေးဒေါ်လာသန်းချီရဘူးကြသလား?
နိုးပါ... ။
တာဝန်ရှိသူ ပညာရှင်တွေနှုတ်ပိတ်နေတဲ့နိုင်ငံ
ပညာရှင်တွေသေဆုံးနေတဲ့နိုင်ငံ..... ။ ။
Hotel အကောင်းစားကြီးတွေမှာ
လုပ်လိုက်ရတဲ့ဆွေးနွေးပွဲ
တက်လိုက်ရတဲ့ ဖိုရမ်
ဖွဲ့လိုက်ရတဲ့အဖွဲ့အစည်းတွေ
ခပ်တည်တည်နဲ့ သူတို့ပညာတက်တွေပါပေါ့
ရိုက်လိုက်ရတဲ့ ဓာတ်ပုံ
ခံယူလိုက်ရတဲ့ VIP ....
အောက်ခြေလူတန်းစားတွေအတွက်
ဘာအကျိုးအမြတ်မှ
ဘာအသိပညာမှ မရတဲ့နိုင်ငံ
ဘာကာကွယ်မှုမှ
ထိထိရောက်ရောက်မလုပ်ပေးနိုင်တဲ့နိုင်ငံ.....!!
( ခုဆို အဲ့ဒီ ပွဲတွေတောင်မရှိကြတော့.... !!!)
အဲ့တော့လည်း...
စားကြစမ်း ...chemical တွေ
ဖြစ်ကြစမ်း ရောဂါဆန်းတွေ
သေကြစမ်း....!!
မြန်မြန်သာသေကြစမ်း...!!!
တာဝန်ရှိတဲ့
ပညာရှင်တွေ မော်မကြည့်ရဲတဲ့နိုင်ငံ...!
ပညာရှင်တွေကို နေရာမပေးတဲ့နိုင်ငံ....!!
ပညာရှင်တွေ အလုပ်ပြုတ်မှာစိုးလို့
ပါးစပ်ပိတ်နေကြတဲ့နိုင်ငံမှာ....... !!!
မြန်မြန်စား...မြန်မြန်သေကြ...
ငတ်ပြီးသေတာထက်စာရင်
စားပြီးသေရတာ
တော်သေးတယ်လို့သာတွေး....
သေပျော်တယ် 😏😒😞😔😟
😕😑
😞
😠
( အိမ်း....ဒါတောင်ကူညီမှု့အသင်းအဖွဲ့တွေ ရှိနေလို့
နာရေးပူစရာမလိုတာ... ။ ။ ။ )
Crd ::!!!
Myo Hein !!!
Comments
Post a Comment