......ရီတော်မူ. 

ကျနော်နဲ့ အသည်းတစ်ခြမ်း 

ကျနော့်ရဲ့ ရည်းစားက ပုပုသေးသေးလေးဗျ ..

သူ့ အရပ်က ၅ပေ ပျော့ပျော့ ...
ကျနော့် အရပ်က ၆ပေ ပျော့ပျော့ ...
နှစ်ယောက်ယှဉ်ရင် ..
တစ်ပေပျော့ပျော့လောက်ကွာတယ်။ 

သူ စီးတဲ့ ဖိနပ်တွေက အုတ်နီခဲ ဒေါင်လိုက်ထောင်ထားတာထက် မြင့်သေးတယ် ။ 

အဲ...လူကောင်ကြည့်ရင်တော 
့သေးသေးလေး အသက်က ကျနော် ထက် 
တော်တော်ကြီးတယ် ။ 

အစကမသိဘူး သူနဲ့ 
စကားပြောဖို့ ခေါင်းငုံပြော ။
 သူက 
ရှက်ချင်ယောင်ဆောင်ပြီး ခေါင်း ငုံထားတော့.. သူ့ဆံပင်ကြားထဲ က မီးဖွားနေတဲ့ 
သန်းမကြီးကိုတောင် ပြုံးပြုံးကြီးတွေ့ရသေး..။

 ကိုယ်တွေကလဲ မိန်းမဖြစ်ရင် ပြီးရော ...
ကျန်တာရှည်ရှည်ဝေးဝေး 
သိပ်တွေးတာမဟုတ်ဘူး။ ...

တဏှာစိတ်က ငယ်ထိပ်ရောက်နေတာကိုး။ 
'မ' ဆို ခြေမ လက်မ မြင်ရင် ကို ရှက်သွေးဖြာပြီး ပြီတည်တည်နဲ့ ကြည့်ချင်တဲ့ အရွယ်။ 

 သူနဲ့ ချိန်းတိုင်းကလဲ ညနေမှောင်မှောင်ဆိုတော့ မျက်နှာ ဂရုမစိုက်မိတာလဲပါတယ်။ 

ဖြစ်ချင်တော့ သူရုံးပိတ်ရက် နေ့လည်ကြီး"ဘုရားသွားမယ်"...တဲ့ ..။

အဲ့ချိန်မှ မျက်နှာသေချာမြင်ရတာ ...သေသွားတဲ့ ကျုပ်အဖွားနဲ့ ချွတ်စွပ် ။ 
ချွတ်ပြီးစွပ်ထားသလိုဖဲ...
ပါးစပ်ကလွှတ်ကနဲ ထွက်သွားဒေ...

"အဖွားးး!"....

"ဘာ!".....

"အဲ့ ...အဖွားမှာတဲ့ စိပ်ပုတီးလေး ဘုရားရောက်ရင် ဝယ်ဖို့သတိပေးအူးလို့ ပြောမလိုပါ ဟီးဟီးဟီး.. ..."

"အူကြောင်ကြောင်နဲ့ လာသွားမယ် ..."

ဘောက်ဆက် ဘောက်ဆက် နဲ့ 
ရှေ့ကလျှောက်တယ် ။
 ရှေ့က မလျှောက်လို့လဲ မရဘူးလေ ..
 သူသုံးလမ်းဆို ကျုပ်တစ်လမ်း...။

သူများ အတွဲတွေလို 
လက်ခြင်းတွဲလျှောက်ကြည့်တယ်.. 
ကျုပ် ဖြေးဖြေး လျှောက်တာကို သူပြေးလိုက်ရတာ လျှာတွေထွက် အမောတွေဖောက်လို့..။ 
အရပ်တင်တိုတာမဟုတ်ဘူး ..။ 
ခြေထောက်ပါ တိုတာ..။

ဘုရားသွားမယ် ဆိုတော့ မြန်မာဝတ်စုံဝတ်လာတာ..ကြည့်ဦး..မင်းသမီး ရုပ်သေးရုပ်က သူထက် နည်းနည်း ရှည်အူးမယ်..။
လွယ်ထားတဲ့ စလင်းဘက်က သူ့တစ်ကိုယ်လုံးထည့်ထားရင်တောင် 
ဂျွမ်းဆယ်ပတ်လောက်ထိုးရသေး..။
အဖြူ အစိမ်းလေးဝတ်ပြီး
 ညမှောင်မှောင်သာ ချိန်းတွေ့ကြည့် အသက်မပြည့်တဲ့ ကလေးမြူဆွယ်ဖျားယောင်းတယ်ဆိုပြီး သေချာပေါက် အဖမ်းခံရမှာ...အဟုတ်..။

ကိုယ်ရည်းစားကို နောက်ကနေ 
လျှော့လျှော့ပေါ့ပေါ့ဝေဖန်ပြီး လျှောက်နေတုန်း ...

ကားလာပြီ တက် တက် ဆိုပြီး တက်သွားတာ ..
ကားကပေါက်စ သူနဲ့ က ကွက်တိ ။
စွေ့ကနဲဝင်ထိုင်သွားတာ ကျုပ်မယ် ပုဆိုးက
တစ်ဖက် မ လေးဘက်ထောက်ပြီး 
ကားထဲဝင်....ဘေးနားကခုံထိုင် ထိုင် ဆိုလို့
ဝင် ထိုင်လိုက်ပါတယ်..
တ တလင်းချိတ် "ဋ"ကိုတူနဲ့ ထုထားတဲ့ 
အတိုင်းပဲကျုပ်ပုံစံက...။

ခါးကကုန်းထားရတာ မေးစိနဲ့ ဒူးခေါင်းနဲ့ ထိလို့ မသက်မသာနဲ့ စီးနေရတာ 
"ဘုရားမြန်မြန်ရောက်ပါစေ"...ပဲ ဆုတောင်းနေရတယ်..

ဒင်းကတော့ သူ့အဖေမောင်းလာတဲ့ မာစီးဒီးကား ထင်နေလားမသိဘူး 
မနိုင်မနင်းစလင်းဘတ်အိတ်ထဲ က ပစ္စည်းတွေထုတ်ပြီး အလှတောင်ပြင်နေသေး...

အဲ့ချိန် အရပ်ပုတာတောင်အားကျပြီး..
 သူ့တောင် ကြိတ်မနာလိုဖြစ်မိသေး..။

ဘုရားရောက်တော့ ဘုရားဖူး ပြီး ပြန်အထွက် ပြသနာက အဲ့မှာစတာ ....

သူရဲ့ တစ်ဒေါင်လောက်ရှိတဲ့ ခုံဖိနပ်ကြီးက 
မရှိတော့ဘူး ...
ဘယ်သူများ ကား ဂျမ်းတုံး လုပ်ဖို့ 
မ သွားလဲ မသိဘူး...။

ဘယ်လိုလုပ်ရမလဲ စဉ်းစားတုန်းရှိသေး 
မိန်းမတွေများ သိပ်ဥာဏ်ပြေးသဗျာ...

"မောင်ဖိနပ်ချွတ် ယောကေ်ျားလေးဆိုတာ 
မိန်းကလေးတွေ ဖိနပ်မပါရင် ချွတ်ပေးရတာ ထုံးစံပဲ......... မြင့်မြတ်တဲ့ယောကျာ်းလေးတိုင်း မငြင်းကြဘူး..မြန်မာဇာတ်ကားတွေကြည့်"..

ချည်ပြီးတုပ်ပြီးကို ဆော်ထည့်လိုက်တာပဲ ...
မပေးပြန်ရင်လဲ ကိုယ်က သဘောထားသေးပြီး ယုတ်ညံ့တဲ့ကောင်ဖြစ်ဦးမယ်...မင်းသမီးတွေ ဖိနပ်ပြတ်တိုင်း မင်းသားကဖိနပ်ချွတ်ချွတ်ပေးတဲ့ 
မြန်မာဇာတ်ကားတွေပါ စိတ်နာသွားတယ်..

အောင့်သက်သက်နဲ့ ချွတ်ပေးလိုက်ရတယ်..။ကျုပ်ဖိနပ်က အောကတ္တီပါ ဆိုဒ်လွန်..။
ယောက်ျားလေးစီးက ဆိုဒ်အကြီးဆုံးက နံပါတ် ၁၂ထိပဲ ရှိတာ။ 
ကျုပ်နဲ့ မတော်လို့ ဖိနပ်ခုံသွား 
မျက်နှာချိုသွေးပြီး တောင်းတောင်းပန်ပန်နဲ့  
ဆိုဒ်လွန် သွားအပ်ထားတဲ့ဖိနပ် ။

 ဒင်း.. နှစ်ပေတိုတစ်လက်မ 
ခြေထောက်က မွေးကင်းစကလေးထက် 
ယောင်ယောင်လေးကြီးတာ ..ကျုပ်ဖိနပ်စီးတော့ နောက်က တစ်ဒေါင်လောက်ထွက်နေသေး...။

လမ်းလျှောက်တော့ ဘတ်သပ် ဘတ်သပ်နဲ့ ..။ 
မနိုင်မနင်းသယ်နေရတယ် ဖိနပ်ကို..။ 
ပြေးများပြေးရင် ဖိနပ်နောက်မြီးက သူ့နောက်စိတောင် ပြန်ရိုက်မိလောက်တယ်။တကယ်!

နောက်တစ်ခါ သူတို့ ရပ်ကွက်မိုးရွာလို့ ရေကြီးရင် ကျုပ်ဖိနပ် တစ်ရံလက်ဆောင်ပေးဖို့ပါ 
စိတ်ကူးထားသေး..။ ဖိနပ်ပေါ် အသာထိုင်လိုက်ပြီး လှော်သွားရုံပဲ လှေမလိုတော့ဘူး..။

ကျုပ်....မှာလဲ ကြည့်ဦး..အပေါ်က စတစ်အဖြူ  
အောက်ကယောပုဆိုးနဲ့ 
ရုပ်ကအတည် ငုံ့ကြည့် ဖိနပ်က မပါဘူး..။

ဘေးနားက လူများဖြတ်သွားရင် ဖိနပ်မပါတာ သိမှာစိုးလို့ အပေါ်မော့ကြည့် လက်ညိုးလျှောက်ထိုးပြီး ....
"ဟာ!...ထူးဆန်းလိုက်တာ ဒီလိုတိမ်မျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး...။"....

ဖြတ်သွားတဲ့ သူတွေက အဟုတ်တွေမှတ
်လိုက်ကြည့် တိမ်နဲ့တူတာဆိုလို့ 
မုန့်အာတာပူစီ တောင် မရှိဘူး...။

အောက်ငုံကြည့်လို့ ဖိနပ်မပါတာ မသိရင်ပြီးရော တစ်လမ်းလုံး အရူးကွက်နင်းလာရတယ်..။
ကျုပ်နဲ့ ဖြတ်ရှောင်လိုက်တဲ့ သူတွေ အားလုံး ခေါင်းလေးတွေ တမော့မော့ နဲ့ ကြည့်နေရှာတာ ..

ကံကောင်းထောက်မစွာ ဖိနပ်ဆိုင် တစ်ဆိုင်တွေ့တော့ မမက ဝမ်းသာအားရဝင်ကြည့်တယ်..။သူကြိုက်တဲ့ ဒီဇိုင်းလေးတွေ့လိုက် ဆိုဒ်က ကိုက်တာ မရှိလိုက် နောက်ထပ်ရွေးလိုက်နဲ့ တစ်နာရီလောက်ကြာတော့ စိတ်မရှည်တော့ဘူး..။ 

ဆိုင်က အရောင်းဝန်ထမ်း 
ကောင်မလေး နားကပ်ပြီး 
"ညီမလေး သူ့အတွက် ကလေးစီးထဲ က ဆိုဒ်ကြီးတာ ရှာပေးလိုက်"...
ဆိုမှ အဆင်ပြေသွားတော့တယ်..။

"ဗိုက်ကလဲ တော်တော် ဆာနေပြီ .. 
တခုခု စားရအောင်လေ".... ဆိုတော့ 
"ဆာတော့ မစာသေးဘူး မောင်ဆာရင်စားလေ" ဆိုပီး..

ဝက်သားတုတ်ထိုး ဆိုင်မြင်တော့ 
စစ်ဖြစ်တုန်းကကွဲသွားတဲ့ ဆွေမျိုး 
လွတ်လပ်ရေးရပြီးမှ ပြန်တွေ့လိုက်တဲ့ အတိုင်း ဝမ်းသာအားရ ဖြစ်ပြီး 
"ဝက်သားတုတ်ထိုးစားလေ"... ဆိုပြီး 
ဖြစ်သွားတယ် ..။

ဗိုက်ဆာတာက ကျုပ် 
တကယ်တမ်း ကုန်းလွေးနေတာကသူ ...

ကျုပ်မယ် စားဖို့နေနေသာသာ သူ့အတွက် အချဉ်ထည့်လိုက် ဟင်းရည်ခပ်လိုက် ...တစ်ရှူးဖြဲပေးလိုက်.. ကြက်သွန်ဖြူခွာပေးလိုက်နဲ့တစ်ယောက်ထဲ ဇယ်ဆက်သလို လုပ်ပေးနေရတာ မြန်မာပြည်ကျောက်စိမ်း ဆိုင်းဝိုင်းကြီးထဲ ဝင်တီးရင်တောင် ယားလို့ကုတ်ချိန်ရဦးမယ်။ 

ဝက်သားတုတ်ထိုးသည်တောင် ကျုပ်ကြည့်ပြီး
 "ညီလေး ...မင်း အရင်က ဝက်သားတုတ်ထိုးရောင်း ဖူးတယ် မှတ်လား ..."
တဲ့ သူ့ထက် ကျွမ်းကျင်နေလို့လားမသိဘူး..။
ပြန်မပြောအားသေးဘူး ယောက်ျားတန်မဲ့ 
မျက်စောင်းတစ်ချက်ထိုးရင်း မရွှေချော ပြောသမျှ ယူပေးနေရတယ်..။

"နားရွက် ...နားရွက်...
အူမကြီး..အူမကြီး...
လျှာလေး ပေးဦး ... "...
နဲ့ စားလိုက်တောင်းလိုက်နဲ့ ..

ဝေသာလီပြည် အီသီယိုးပီးယားက 
ဘီလူးဝင်စီးတဲ့အတိုင်းပဲ...။
စားပြီးသားတုတ်တွေကြည့်လိုက်တော့...
 နည်းတဲ့အပုံကြီး မဟုတ်ဘူး..။
မြန်မာပြည် တစ်ပြည်လုံး
 ခြံစည်းရိုးခပ်လို့ရတယ်။

"ဂေ့! ....Sorry!......."......
အံမယ် ....
မရွှေချောက ဝက်သားတုတ်ထိုးစားပြီး 
ဘိုဆန်ပြနေသေးတာ ...

ဗိုက်လဲ ဝရော ကျုပ်ဖက်လှည့်ပြီး 
"မောင် ....ဆာတယ်ဆိုလို့သာ ဝင်ထိုင်လိုက်ရတာ ဗိုက်ကသိပ်ဆာသေးတာ ..
ဟုတ်ဘူးရယ်...။"....

ကျုပ်တင်မဟုတ်ဘူး ဝက်သားတုတ်ထိုးသည်ပါ သူ့စကားကြားပြီး လက်ထဲက ဝက်သားလှီးလက်စ ဓားပါတုန်ပြီး ပြုတ်ကျသွားတယ် ..။"သိပ်မဆာသေးလို့..."...တဲ့ ဆာများဆာလို့ကတော့ ဝက်သားများ ကုန်ရင်သူ့ပါ လှီးစားမှာစိုးလို့လား မသိဘူး..။

"ရှင်းမယ်"...ဆိုပြီး တုတ်ရေမယ် လုပ်တော့ 
ဝက်သားတုတ်ထိုးသည်အကိုကြီးက 

"ညီလေး အဲ့တုတ်တွေရေနေရင် မင်းတို့ ကော 
ငါကော ဒီနားမှာ ဧည့်စာရင်း တိုင်နေရလိမ့်မယ်...။ တစ်သောင်းခွဲပဲ ပေးခဲ့ပါကွာ ဆိုတော့..."..

"ဘာ!"........
"ဝက်သားတုတ်ထိုးလေး ၄ ၅ ချောင်းစားတာ တစ်သောင်းခွဲ တောင် ကျရလား ".....
ဆိုပြီး မရွှေချောက အော်ပါလေရော..။

"ညီမလေးရယ် စားထားတဲ့ တုတ်အပုံကြီးကိုကြည့်ပါအုန်း....... သစ်တောကလူတွေ မြင်ရင်တောင် 
ဝက်သားတုတ်ထိုးရောင်းတယ်မထင်ပဲ 
သစ်ခိုးထုတ်တယ် ထင်ကြမှာ..."....

အဲ့ခါမှ သူစားထားတာ သူမြင်ပြီး
 အောင့်သီးအောင့်သက်နဲ့...

"ရှင်းလိုက်တော့ "....
တဲ့ .....
ကျုပ်လဲ တစ်ဖတ်မှ မမျိုရ မဆို့ရ ဒင်းကြီး အားပေးသွားပြီး ရှင်းကာကြမှ အလှည့်လာပေးနေသေးတယ်...။
 အဲ့ဒီအချိန်ကစပြီး...
ဝက်သားတုတ်ထိုးကော ... ဒင်းကိုကော စိတ်နာသွားတယ်...။အဟုတ်...။

#original 
#credit 

#SNLA

Comments

Popular posts from this blog

ချောတယ်လို့