ကျွန်တော်နဲ့ပုဇွန်ရာဇဝင်
•••••••••••••••••••••
ကျွန်တော် ပုဇွန်ထုပ်ဆိုလုံးဝမစားပါ။
ပုဇွန်အကောင်သေးရင်တော့စားသည်။
ပုဇွန်ထုပ်ကိုစိတ်နာသွားသည့်အကြောင်းရင်း
ကတော့မအူပင်ဘက်ကရွာလေးတစ်ရွာကို
အလုပ်ကိစ္စတခုကြောင့်လုပ်ဖော်ကိုင်ဖက်
ငါးယောက်နဲ့ခရီးထွက်ဖြစ်ရာမှစသည်
တည်းမည့်အိမ်ရောက်တော့ အကုန်လုံးခြေပစ်လက်ပစ်နားကြရေချူ ိးကြနဲ့ နေ့လယ်စာစားချိန်နီးးသွားလေပြီ အိမ်ရှင်က
ဧည့်ဝတ်ကျေတာမှဟိုဖက်တောင်လွန်သည်
ပုဇွန်ထုပ်အကောင်ကြီးတွေအကောင်သုံးဆယ်
လောက်ကိုတစ်ဝက်ချက်တစ်ဝက်သုပ် မီးကင် အချဉ်ဟင်း ငပိရည်တို့စရာနဲ့စုံနေအောင်
ထမင်းဝိုင်းပြင်ပေးသည်။
ဗိုက်ဆာဆာနဲ့စားလိုက်ကြတာဆိုတာအိမ်ရှင်မိသားစုအတွက်ပုဇွန်အမြီးဖျား
လေးပင်မကျန်တော့ပါဗိုက်ကားမှသတိရကြသည်။
အရှက်ပြေ တစ်ယောက်ကထပြောသည်။
"ဟာ... ဦးလေး တို့အတွက် ဟင်းမကျန်တော့ဘူး အားနာလိုက်တာဗျာခရီးပန်းလာတော့စားကောင်းကောင်းနဲ့စားလိုက်မိတာ "
"အားနာရမယ့်လူတွေမှမဟုတ်တာ
ဆရာလေးတို့ရယ်ပုဇွန်က ဒီမှာကပေါတယ်အဝသာစား ကျွန်တော်တို့က စားရတာငြီးငွေ့လွန်းလို့စားချင်တော့ဘူးရယ် ဧည့်သည်တွေလာမှလတ်လတ်ဆတ်ဆတ်ဖမ်းပြီး
ချက်ကျွေးတာ ပိုက်ဆံပေးဝယ်ရတာမဟုတ်ဘူး အားမနာပါနဲ့ဆရာလေးတို့စားကောင်းရင်ညစာ
လည်းပုဇွန်ပဲလုပ်ပေးမယ်လေ"
"ဒီလိုဆိုကောင်းတာပေါ့ ကျွန်တော်တို့
မြို့မှာကစျေးကြီးတယ်
မပြန်ခင်အဝစားသွားရမယ် "
"အို ရတယ်ပါ့
24နာရီထိုင်စားချင်လည်းဖြစ်တယ်"
"အာ အဘကလည်းဘယ်ဖြစ်မလဲဗျ တစ်နေ့လေးခါပဲရမယ်ပေါ့"
ဝင်ပြောလိုက်သူကအိမ်ရှင်ရဲ့သားအငယ်ကောင် အလွန်ဆုံးရှိမှရှစ်နှစ်ကိုးနှစ်အကြီးကောင်လေးကဆယ်တစ်နှစ်ဆယ်နှစ်နှစ်အရွယ်အကိုဖြစ်သူနှင့်အိမ်ရှေ့ကွပ်ပျစ်မှာစစ်သားအရုပ်တွေနဲ့စစ်တိုက်တိုင်း
ဆော့နေရင်းမှအဖေကိုလှမ်းပြောခြင်းဖြစ်သည်။
"အငယ်ကောင် တိတ်စမ်း လျှာမရှည်နဲ့ အကြီးကောင်လည်းရှိတာကိုး ဘာလို့မရရမှာလဲ"
အဖေကလှမ်းမာန်လိုက်သည်
"အေးလေဗျာ သူနှစ်ခါ သားနှစ်ခါ လေးခါပေါ့ဗျ"
ဟုမကျေမနပ်အငယ်ကောင်လေးက
ရေရွတ်နေသည်။
ကြီးကောင်ကရယ်သည် ။
ကျွန်တော်လည်းအံ့သြသွားသည် ဒီလက်တောက်လောက်လေးတွေက
ဒီလောက်ပုဇွန်ကြီးတွေကိုဘယ်လိုများ
ဖမ်းလာပါလိမ့်ဟု စဉ်းစားခန်းဝင်မိသည်။
မွေးမြူ ရေးကန်တွေကသွားခိုးတယ်ထင်တယ်
တစ်ယောက်ကို2ခါဆီအလှည့်ကျသွား
ခိုးကြတာများလားအင်း မေးစမ်းကြည့်ဦးမှ
"ဦးလေး ကလေးတွေကပုဇွန်ဖမ်းတတ်တယ်လား"
"ဖမ်းတတ်တာပါ့ ကျွမ်းမှကျွမ်း ဒီရွာက
ကလေး လူကြီး အကုန်တတ်တယ်"
သူငယ်ချင်းများကလည်းဝမ်းသာအားရနဲ့
"ကလေးတွေပါတတ်တော့ကောင်းတာပေါ့ ပိုစားရတာပေါ့"
ဟုပြောတော့ဘာမှမပြောဘဲအိမ်ရှင်က
ပြု ံးပြု ံးကြီးနေနေသည်။
"ကဲ ကဲ ဆရာလေးတို့နားကြဦး ညနေအရက်သောက်ချင်ကြလား"
"ဟာ သောက်ချင်တာပေ့ါ ဦးလေးရယ် များများနဲ့ကောင်းကောင်းလေးလုပ်ပေးနော်"
"ရတယ် မပူနဲ့ အိမ်မှာပဲသောက်ကြ
ချက်ကြီးဆိုင်ကသွားဝယ်ပေးထားမယ်"
"အမြည်းကပုဇွန်ကင်လေး အသုပ်လေးထည့်ပေးနော်"
"စိတ်ချ လုပ်ပေးမယ်
လောလောဆယ်တရေးတမောအိပ်ကြဦး"
"ဟုတ် ကျေးဇူးတင်ပါတယ်ဦးလေး"
အကုန်လုံးတုံးလုံးပက်လက်ကျောဆန့်ရင်း
တခေါခေါနဲ့အိပ်ပျော်ကုန်ကြသည်
ကျွန်တော်တစ်ယောက်တည်းသာ
အိပ်မပျော်ဘဲစဉ်းစားခန်းဝင်နေသည်
ကျွန်တော်ကငါးမျှားရတာဝါသနာပါသည် ပုဇွန်လည်းမျှားဖူးသည် ပုဇွန်ကငါးနဲ့မတူချေ တခါမိဖို့အရေးအကြာကြီးမေ့လောက်အောင်
စောင့်ရသည်ဒီကလေးတွေမနက်တစ်ပိုင်းတည်းနဲ့
ဒီလောက်အများကြီးဘယ်လိုများ မျှားပါလိမ့် စဉ်းစားမရပေ
အိမ်အတွင်းခန်းမှအသံကြိတ်ကြိတ်နဲ့
ပြောနေသံကြား၍နားစွင့်ကြည့်မိသည် အဖေကအငယ်ကောင်ကိုပြောနေခြင်းဖြစ်သည်
"ဟေ့ကောင် သွား ပုဇွန်သွားဖမ်းတော့"
"ဟာဗျာအဘကလည်းမနက်ကတစ်ခါ
သွားပြီးပြီလေ အကိုကြီးသွားခိုင်း "
"ဧည့်သည်များတယ် များများရမှဖြစ်မယ် မင်းပါလိုက်သွား"
"မရလောက်တော့ပါဘူးဆိုအဘကလည်း"
"မင်းကိုအာ့ကြောင့်မနက်က
ကောင်ညှင်းပေါင်းအများကြီးစားပါပြောတာကို"
"စားတာပဲဗ် "
"ကဲ စကားမရှည်နဲ့ သွားတော့ နေစောင်းတော့မယ် ငါထမင်းအိုးတည်လိုက်ဦးမယ်"
အခန်းထဲမှခြေသံများထွက်သွားသံကြားရသည်။
ပုဇွန် ကောက်ညှင်းပေါင်းဘာများပါလိမ့်
ဆက်စပ်လို့မရချေ ။
ကျွန်တော်လည်းခြေသံ
မကြားအောင်တိတ်တိတ်လေးဖွလျှောက်ပြီး
ထွက်သွားသောကလေးနှစ်ယောက်နောက်
လိုက်လေသည်။
ကိုယ်ပါလာမှန်းသူတို့ကမသိကြ
ရွာထိပ်ကချောင်းလည်းရောက်ရော ကလေးနှစ်ယောက်ကသူတို့ပေါင်လောက်
မရောက်တရောက်ရေအနက်တွင်
ဘောင်းဘီလေးတွေချွ တ်သည်။
'အင် ဘာလုပ်ကြတာတုန်းဟ'
ခြု ံကွယ်ကနေချောင်းကြည့်နေရင်းမှ အဖြေကိုဘွင်းဘွင်းကြီးမြင်လေတော့သည်။
ဖင်လေးတွေကုန်းပြီးအီးပါနေခြင်းဖြစ်သည်။
သူတို့ဖင်ကအီး၂တုံးစီထွက်သွားတော့မှချက်ချင်းကိုယ်ကိုလှည့်ပြီးသူတို့ပါချလိုက်သောအီးတုံးကို
မမှိတ်မသုန်ကသိုဏ်းရှုနေကြသည် ။
၂မိနစ်လောက်ကြာသောအခါ အီးတုံးပတ်လည်တွင်ရေပလုံစီထနေသည်
ထိုအချိန်တွင် ကမြင်းမသားလေးနှစ်ကောင်က
ဆတ်ကနဲနဲ့အီးတုံးကိုလှမ်းကိုင်လိုက်သည်
သူတို့လက်ထဲတွင်ပါလာသည်မှာအီးတုံးမဟုတ် ……
ပုဇွန်ထုပ်များ ယက်ကန်ယက်ကန်နဲ့ နှုတ်ခမ်းမွှေးကျွတ်မတတ်ရုန်းနေကြသည်
သူတို့ပါလိုက်သောအီးတုံးများကိုပုဇွန်များကလာစားကြခြင်းဖြစ်ပေသည် အာ့အချိန် နှုတ်ခမ်းမွှေးကကောက်ဆွဲဖမ်း ခံလိုက်ရခြင်း
ဖြစ်သည်မနက်ကအားရပါးရစားခဲ့သည်များကို
ပြန်မြင်ယောင်ကာ လည်ချောင်းထဲမှာပျို့ ိတက်လာသည်ပုဇွန်ခေါင်းထဲတွင်ချေးတွေပဲရှိသည်ဆိုသည်မှာအလကားဟုတ်ဟန်မတူပေ
ကိုယ်လည်းအန်လို့အပြီးသူတို့လည်းလက်နှစ်ဖက်အပြည့်ပုဇွန်ရနေပြီကမ်းပေါ်ပြန်တက်လာကြသောအခါ
ကျွန်တော့ကိုမြင်သွားသည်
"ဟာ လေးလေး ဘာလုပ်နေတာလဲ" အိုးတိုးအန်တန်းနဲ့အကြီးကောင်က မေးသည်
"မင်းတို့ပုဇွန်ဖမ်းတာလိုက်ကြည့်တာ"
"ဟီးဟီး လေးလေး ညစာပုဇွန်စားဦးမလား"
နှုတ်သွက်သောအငယ်ကောင်ကပြန်မေးသည်။
"တော်ပြီ ဟေ့ကောင် မစားဘူး"
"ဟုတ်တယ် မစားနဲ့ လေးလေး ကျွန်တော်တို့တရွာလုံးမစားဘူး ဧည့်သည်တွေပဲကျွေးတာ"
"သေစမ်းဟဲ့ နန္ဒိယ"ဆိုပြီး
ကိုယ့်နဖူးကိုယ်ပဲပြန်ရိုက်လိုက်မိလေတော့သည်
:P
:P
Credit - Khin Mg Win

Comments
Post a Comment