ဦးမြဟာ ညတိုင်းသမီးငယ်လေးကို
အိပ်ရာဝင်ပုံပြောပြီးချော့သိပ်လေ့ရှိတယ်။
ပုံပြောပြီးရင် သမီးလေးက
ဘုရားရှိခိုး ဆုတောင်းပြီးမှ အိပ်တယ်။
တစ်ညတော့
သမီးလေးဘုရားရှိခိုးပြီး ဆုတောင်းတယ်။
"မေကြီးကျန်းမာပါစေ၊ ဖေကြီးကျန်းမာပါစေ၊
ဖွါးဖွါးကျန်းမာပါစေ၊ ဖိုးဖိုးရေ ဘိုင့် - ဘိုင်"
"သမီး ဘာလို့ ဖိုးဖိုးကျ ဘိုင့် ဘိုင် လို့ပြောတာလဲ ..."
"သိဘူးဖေကြီး သမီးစိတ်ထဲနှုတ်ဆက်ချင်လို့ .."
နောက်နေ့မနက်ကျ အဖိုးလုပ်သူ ဆုံးသွားတယ်။
ဦးမြ အံ့အားသင့်သွားပေမဲ့ တိုက်ဆိုင်မှု
လို့ပဲ ယူဆလိုက်တယ်။
နောက် ၅ လလောက်အကြာ
သမီးလေးဘုရားရှိခိုးပြီး ဆုတောင်းတဲ့အခါ
"မေကြီးကျန်းမာပါစေ၊ ဖေကြီးကျန်းမာပါစေ၊
ဖွါးဖွါးရေ ဘိုင့် - ဘိုင်" တဲ့။
နောက်နေ့ အဖွါးဆုံးသွားပြန်တယ်။
ဇနီးသည်စိတ်မကောင်းဖြစ်မှာစိုးလို့
ဘာမှမပြောပဲ ရေငုံနှုတ်ပိတ်နေလိုက်တယ်။
နောက် တစ်လကျော်လောက်အကြာမှာ
သမီးလေးဘုရားရှိခိုးပြီး ဆုတောင်းပြန်တာက
"မေကြီးကျန်းမာပါစေ၊ ဖေကြီးရေ ဘိုင့် - ဘိုင်" တဲ့။
ဦးမြ စိတ်တွေချောက်ခြားပြီး တစ်ညလုံးအိပ်မပျော်ဘူး။
နောက်နေ့မနက် ရုံးသွားတော့လည်း
သတိဝိရိယကြီးစွာနဲ့ ဂရုစိုက်သွားတယ်။
ရုံးမှာလည်း ရုံးခန်းအပြင်တောင် မထွက်ပဲနေတယ်။
ရုံးဆင်းချိန်မှာ အိမ်မပြန်ရဲလို့
မိန်းမကို အိုဗာတိုင်ရှိတယ် လို့ဖုန်းဆက်ပြီး
သန်းခေါင်ရောက်တဲ့အထိ ဘုရားစာပဲရွတ်နေလိုက်တယ်။
သန်းခေါင်ကျော်သွားမှ သက်မချ ပြုံးနိုင်ပြီး
အိမ်ပြန်လာခဲ့တယ်။
အိမ်ဝရောက်တာနဲ့ ဇနီးသည်က
"ကို - တစ်ခါမှ အိုဗာတိုင်မဆင်းဖူးဘူး နော်
ကျမ ကြောက်လွန်းလို့ မအိပ်ရဲတာနဲ့ စောင့်နေတာ..."
"အေးကွာ - ငါပြန်မပြောချင်ပါဘူး
ဒီနေ့ အချိန်ကလည်း ကုန်ခဲတယ်ကွာ
ရုံးမှာ စိတ်ပင်ပမ်းလိုက်တာ"
"ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်
ခေါင်းရင်းအိမ်က ခပ်ချောချော ဗလတောင့်တောင့်
မောင်မောင်မြင့် ဆုံးသွားလို့
ကျမ မအိပ်ရဲပဲ ကို့ကိုစောင့်နေတာ ..."
ဦးမြ ပါးစပ်အဟောင်းသားနဲ့
သူ့မိန်းမကို ငေးငေးငိုင်ငိုင်စူးစိုက်ကြည့်နေရင်း
သမီးလေး ညကဆုတောင်းခဲ့တဲ့
"#ဖေကြီးရေဘိုင့်_ဘိုင်"
ဆိုတာချည်းပဲ ပဲ့တင်ထပ်အောင် ကြားနေမိတော့တယ် ......
🤣🤣🤣🤣🤣
Crd
MHA

Comments
Post a Comment