Run run...


တစ်နေ့ မိန်းမဖြစ်သူက.မေးတယ်.. 



ယောက်ျား.. " ရှင့်ပိုက်ဆံအိတ်ထဲမှာ ဘာဖြစ်လို့ 

ကျမ ဓာတ်ပုံလေးက

" အမြဲ ထည့်ထားရတာလဲ ဟင်! . 

" ... ....



"အော်.. ဘာမှမဟုတ်ပါဘူး

" မိန်းမရယ် .......ငါ အခက်အခဲတွေ ကြုံလာရင် ...  



မင့်ပုံလေးကြည့်ပြီး အခက်အခဲတွေကို အလွယ်တကူ ကျော်လွှားနိုင်အောင်လို့ပေါ့ .. ! "



" ဟယ်... ကျမ က 

အဲဒီ လောက်တောင် အစွမ်း ထက်တာပဲလား..?? "



" အင်းပေါ့.. !!



"ဟုတ်မယ်.... 

" ဟုတ်မယ်....

(မိန်းမ ရှိခိုး သွားမကျိုး )... ဆိုတဲ့ စကားပုံလိုပေါ့ ..! 



ဒါနဲ့ ကျမ ဓာတ်ပုံကို

"ဘယ်လို သုံးရတာလဲ... ??



"အော်.. ဒီလိုပါ....''

အခက်အခဲဖြစ်တိုင်း 

ဒီဓာတ်ပုံလေးကို ထုတ်ကြည့်ပြီးတော့

စဉ်းစားလိုက်တယ်လေ.. 



အော်.. ငါ့နှယ်.. 

ဒီအခက်အခဲကြီးကို တောင် 

ယူထားနိုင်မှတော့ 

"ဒီထက် ခက်ခဲတာ ရှိပါ့ဦးမလားလို့ ဆိုပြီး... " 



" ဘာ...!. !!!!!



😉🙂😁 & 😊☺😝 & 😊😀😋



ကဲ!

ပြေးနိုင်မှလွတ်မှမို့ ပြေးပြီဗျို့. """""!!!!!      

Crd



Crd .. & Myo Hein !!!

Comments

Post a Comment

Popular posts from this blog

ချောတယ်လို့