ခြေကြွခ

********
ယနေ့ လူနာများသဖြင့် ဒေါက်တာမှာ ဆေးခန်းပိတ်နောက်ကျသည်။
-
-
-
နာရီကြည့်လိုက်တော့ ည ၈ နာရီ ရှိပြီ။
-
သို့ရာတွင် သူ့အိမ်က ၁၀ မိနစ်
မောင်းလျှင် ရောက်သဖြင့်
-
သူက သူ့ကားရပ်ထားသော
နေရာသို့ ဖြည်းဖြည်းပင်
လျှောက်သွားလိုက်သည်။
-
"ဆရာ၊ ဆရာ"
-
ကားတံခါး ဖွင့်မည့်ဆဲဆဲတွင်
လူတစ်ယောက် အမောတကော
ရောက်လာပြီး ခေါ်သဖြင့်-
-
ထိုလူကို ဒေါက်တာက
ရပ်စောင့်လိုက်သည်။
-
ထိုသူ၏လက်ထဲတွင်
အိတ်တစ်လုံး ဆွဲထားသည်။
-
"ဘာကိစ္စလဲဗျ၊
ဆေးခန်း ပိတ်သွားပြီ"
-
"ဆရာ့ကို သင်္ဃန်းကျွန်းဘက်
ပင့်ရင် ခြေကြွခ ဘယ်လောက်
ယူလဲဆရာ" ဟု
ထိုသူက မေးလိုက်သည်။
-
"‌ထုံးစံအတိုင်းပါပဲ၊
ဆေးဖိုးမပါ ၇၀၀၀ ယူပါတယ်"
-
"ဒါဆို ကြွပေးပါဆရာ"
-
ပြောပြောဆိုဆို ကားပေါ်တက်
လာသဖြင့် ဒေါက်တာလည်း
ကားမောင်းထွက်လာသည်။
-
လမ်းတွင် - ထိုသူက
စကားတစ်ခွန်းမှ မပြောသဖြင့်
ဒေါက်တာက ကားကိုသာ
အာရုံစိုက်၍ မောင်းလာသည်။
-
‌"ရှေ့က စံပြစျေးလမ်းဆုံ
မှာပဲ ဆရာ၊ ရပြီဆရာ"
-
ဒေါက်တာက ကားရပ်ပေးတော့
ထိုသူက ပိုက်ဆံ ၇၀၀၀ ပေး၍
ကားပေါ်ကဆင်းသည်။
-
ဒေါက်တာက
"လူနာက ဘယ်မှာတုန်း" ဟု
မေးလိုက်သည်။
-
"လူနာ မရှိပါဘူးဆရာ၊
ဒီအချိန် တက္ကစီက ငှားမရ၊
ရတဲ့တစ်စီးကလည်း တစ်သောင်း
တောင်းနေတော့ ဆရာနဲ့ဆုံတာ အတော်ကံကောင်းသွားတယ်။
ကျေးဇူးပဲဆရာ"

🤪😄😂

#credit..to original uploader.

Comments

Popular posts from this blog

ချောတယ်လို့