အလုပ်တွေ မအောင်မြင်တဲ့လုပ်ငန်းရှင်သူဌေး က
တဖက်လုပ်ငန်းရှင်သူဌေး ကို မေးပါသတဲ့ ??!!!
"ဒီမှာ ခင်များတို့ လုပ်ငန်းတွေ အောင်မြင်ရခြင်း အဓိကအကြောင်းအရင်းကဘာများဖြစ်မလဲ
ပြောပြလို့ရရင် ပြောပြပါလား"???
"သြော် ပြောပြလို့ရပါတယ်"
တဘက်သို့တချက်လှည့်လိုက်ပြီး
သူ့လူတယောက်ကို မေးလိုက်တယ် ?!?!
"ဒီမှာ
ခင်ဗျားဟာ ခင်ဗျားမိန်းမ မဟုတ်တဲ့
မိန်းမတယောက်ရဲ့ ရင်ခွင်ထဲမှာ အိပ်ခဲ့ တယ်၊
အဲဒီမိန်းမရဲ့ ယောက်ကျားကလဲ အဲလိုအိပ်တာကိုသဘောကျတယ် ၊ခင်များလဲသဘောကျတယ် ၊
ခင်များမိန်းမကလဲအပြစ်မမြင်ဘူးဆိုရင်
အဲဒီမိန်းမကဘယ်သူဖြစ်မလဲ"??
"ကျွန်တော့်အမေပါဆရာ "!!
"ဟုပ်ပါတယ်
အဲသလိုဖြတ်ထိုးဉာဏ်ကောင်းရမယ် ဒိုးဒိုးဒေါက်ဒေါက်ပြန်ဖြေနိုင်ရမယ် ဒီလိုအရည်အချင်းရှိတဲ့သူတွေနဲ့ ဖွဲ့စည်းထားလို့ကျုပ်တို့
လုပ်ငန်းတွေ အောင်မြင်တာ အဲဒါအဖြေဘဲ👍👍"
အဲ့ဒီနောက်တော့
မအောင်မြင်တဲ့လုပ်ငန်းရှင်သူဌေးဟာ
သူ့လူတွေ အခြေအနေကိုသိချင်တဲ့အတွက်
ဉာဏ်စမ်းမေးခွန်းကိုမေးကြည့်လိုက်တယ်။
" မေးခွန်းတခုမေးမယ်၊
ကိုယ့်မိန်းမ မဟုတ်တဲ့ မိန်းမတယောက်ရဲ့
ရင်ခွင်ထဲမှာ အိပ်ခဲ့တယ်၊ အဲဒီမိန်းမရဲ့ ယောက်ကျားကလဲ အဲလိုအိပ်တာကို သဘောကျတယ် ၊၊
ကိုယ့်မိန်းမကလဲ အပြစ်မမြင်ဘူးဆိုရင်
အဲဒီမိန်းမကဘယ်သူဖြစ်မလဲ" ???
တယောက်မျက်နှာ တယောက်ကြည့်ကာ
သူ့လူ တွေ ဘယ်သူ့မှမဖြေနိုင် ။
စုပေါင်းအဖြေရှာကြတယ်။အဖြေကားမရ။
အချိန်အတော်ကြာမှ စုပေါင်းအဖြေရှာပြီး
တယောက်က ထဖြေတယ် !!
" အဲဒါကျွန်တော့်အမေ ပါ သူဌေး " !!! 😁😁"
လုပ်ငန်းရှင်သူဌေး
လွန်စွာစိတ်ညစ်အားငယ်သွားတယ်။
လွန်စွာတုံးတယ် အလွန်းတယ် ထိုင်းတယ် ဟူ၍
သူ့လူများအား
သနားဂရုဏာဒေါသဖြစ်လျှက် 😥😥
"မဟုတ်ဘူးကွ မင်းတို့ဖြေတာ
တက်တက်စင်အောင်မှားတယ် ၊
တကယ့်အဖြေမှန်က
ဟိုကုမ္ပဏီ ကဝန်ထမ်းတယောက်ရဲ့ အမေပဲကွ !!
ငါ့ကိုသူတို့ကိုယ်တိုင်
အသေအချာပြောလိုက်တာ😏😏 😟😞😂"!!!!!
တိန်!!!!!
#credit :::!
ပြင်ဆင်တင်ပြအပ်ပါ၏ !!!
Myo Hein. !!!

Comments
Post a Comment