တစ်ခါတစ်ပါး၌ အပျိုကြီးမမ တစ်ယောက်သည် အောက်ပါအတိုင်း caption ထိုးကာ ဓာတ်ပုံ တင်လေ တော့၏
.
အခုအခံတေ ညလေးမလုပ်
လုပ်ရင်ညလေးမဟုတ်
အော်ရီဂျင်နယ် ကိတ်တာအဟုတ်
မကိတ်ရင် ညလေးမဟုတ်💋💋
.
အဆိုပါ ဓာတ်ပုံကို ကိုတုတ်ကြီးအမည်ရသော လူပျိုကြီးမြင်လေလျင် အောက်ပါအတိုင်းမန့်၏
.
အပိုချီးထုပ်တေကို အပိုကြီးမလုပ်နဲ့
နဂိုမရှိရုပ်ကို အစ်ကိုကြီးချုပ်အောင်
ဘယ်လိုကြီးလုပ်ပါစေ
ကိုရီးမလှုပ်🙄🙄
.
နဂိုကြီးချင်ရင် ထိုင်ထလုပ်
ဖိုတိုရှော့တာသိတယ်အဟုတ်
နင်ခန္ဓာကိုယ် မုန့်ဖက်ထုတ်
မသိရင်ငါမဟုတ်.🙄🙄
.
ထိုသို့ ကိုတုတ်ကြီး၏ မန့်ကိုမြင်သောအခါ အပျိုကြီးက ချက်ချင်းဆိုသလိုပင် angry reaction ပေးကာ အောက်ပါအတိုင်း ရီပလိုင်းပြန်၏
.
နွားပလာတာကျွေးသလို နင်လာလုပ်
အလှအပမသိတာ နွားသိုးအလုပ်
အပုပ်အသိုးကြီးကို သောက်ဖက်မလုပ်
ငှက်ပျောတုံးကိုသာ ရှင်သွားချုပ်
ဒါမှမဟုတ်လဲ ဖြတ်ဖောက်ချုပ်
ရှင်က နှာဗူးရုပ်😡😡
.
ထိုသို့ အပျိုကြီးက ရီပလိုင်းသောအခါတွင် ကိုတုတ်ကြီးက ဟဟ ပေး၏။ ထို့နောက် အနှီ သို့ ရီပလိုင်းပြန်၏
.
ထားပါတော့ငါ နှာဗူးရုပ်
မိန်းမဆိုရင် ငါအထူးမချုပ်
ရှာမှရှားတဲ့ ငါအထူးထုတ်
ရုပ်ရည်ရူပကာအဓိကမဟုတ်
ရှည်လျားတုတ်ပြီး မနေမနားလုပ်တဲ့
အနေအထားမစုတ်တဲ့ငါ ရွှေသားတစ်ဆုတ်😬😬😬
.
ထိုသို့ ကိုတုတ်ကြီး၏ ကိုယ်ရည်သွေးသော အနှောင့်အသွားမလွတ်သည့် မန့်ကို မြင်လျင် အပျိုကြီးက တောက်ခေါက် ၏။ angry ပေးကာ အောက်ပါအတိုင်းဘရီပလိုင်းပြန်လေ၏
.
.မိုက်ရိုင်းလိုက်တဲ့ ကာလနာစုတ်
နှမချင်းမစာနာ လူအရှုတ်ထုတ်
ရှည်လျားတုတ်တဲ့ နင့်ဟာကို
နင့်နှမကိုသာမနေမနား အုပ်😡😡
.
ထိုသို့အပျိုကြီး၏ ဆတ်ဆတ်ထိမခံ ရီပလိုင်းကိုမြင်လျင် ကိုတုတ်ကြီးက sad reaction ပေး၏။ မျည်ရည် ဖြိုင်ဖြိုင်ကျနေသော စတစ်ကာကိုမန့်ပြီးသော် အောက်ပါအတိုင်းရီပလိုင်းပြန်လေသည်
.
ကိုယ်ဆိုလိုတာ ဒါမျိုးမဟုတ်
အရပ်ရှည်တာသာ လိုရင်းအဟုတ်
တုတ်တယ်ဆိုတာ လက်မောင်းတစ်ဆုတ်
မနေမနားလုပ်တာ စီးပွားထုပ်
ဆိုလိုတာကရွှေသားအထုပ်
ညလေးထင်သလိုမဟုတ်.😭😭
.
လူပျိုကြီး၏ ပျာပျာသလဲမန့်ကိုတွေ့လျင် အပျိုကြီးအားနာသွားမိ၏။ ရှက်လည်းရှက်သွားပြန်၏။ ထို့ကြောင့်သူမသည် ချက်ချင်းဆိုသလိုပင် love reaction ပေးကာ အောက်ပါအတိုင်း တောင်းပန် လေတော့သည်.
.
ဒါဆိုရင်းလည်း ညလေးမလုပ်
ဘွာတေးဆောရီး ကိုရီးတုတ်
တောင်းပန်ပါတယ်အဟုတ်😳😳
.
ထိုသို့ အပျိုကြီးထံမှ ဂရုဏာသက်ခြင်းနှင့်မျက်နှာသာပေးခြင်းကို မြင်လျင် လူပျိုကြီးက love reaction ပြန်ပေးလိုက်ခါ အောက်ပါအတိုင်း messenger မှတဆင့် ပို့ပေးလိုက်လေသည်
.
ဒါမျိုးတွေကိုကော်ရီးမလုပ်
လုပ်ရင် ကော်ရီးမဟုတ်
ဓာတ်ပုံတင်တာ အပိုအလုပ်
ဝင်မန့်တော့လည်း သောက်ဖက်မလုပ်
ဒါကြောင့်ဒီလိုပြောကာချုပ်
ညလေးချစ်ဖို့ အလုပ်လုပ်
ကော်ရီးဗျူဟာထုတ်🤔🤔
.
ထိုအခါအပျိုကြီးရှက်ပြုံးပြုံး၏။ လူဆိုးကြီးဟု ရေရွတ်ပြီးလျင် အောက်ပါအတိုင်း ရီပလိုင်းလေသည်
.
ဒါဆိုအိမ်ကို လာသာချုပ်
အမေအဖေ အပိုင်သာကုတ်
ညလေးပြောသလို သေချာလုပ်ရင်
ဒီနှစ်သီတင်းကျွတ် မင်္ဂလာဟုတ်👨❤️💋👨👨❤️💋👨
.
အနှိယီရီပလိုင်းကိုတွေ့လျင် လူပျိုကြီးဝမ်းသာအားရ ထခုန်သော် ပုဆိုးကွင်းလုံးပုံလေသည်. ထနု့နောက်တွင်ကား ကိုတုတ်ကြီးသည် အောက်ပါအတိုင်း ရီပလိုင်းလိုက်လေတော့သည်
.
ဒါဆိုရင်းလည်း လူပျိုကြီးမလုပ်
လူပျိုကြီးဆို ကော်ရီးမဟုတ်
ညလေး ကိတ်တာ ယုံပြီအဟုတ်
ကော်ရီးရင်ဒေ တဒုတ်ဒုတ်
ကြွေတာတဖြုတ်ဖြုတ် 😍😍😍
Crd
(ဖြိုးသုတ)
ပေါက်တတ်ကရ ရေးတာကော်ရီးမလုပ်
ရေးရင် ကော်ရီးမဟုတ်
#Credit
ဟာသစာတိုများကိုဆက်လက်တင်ပေးနေမှာဖြစ်လို့
နေ့စဥ်ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်ဗျ
အူတက်ပြိ😂😂😂
ReplyDelete