"အဖေ-"
*******
#ဟလို-သူငယ်ချင်း…
ပြောဗျာ-"
#Brakefast Time.
ဆုံချင်တယ်ကွာ။
"ငါရောက်တာ
မင်း ဘယ်လိုလုပ် သိ-?"
#Facebook.မှာ
မင်းပဲ တင်ထားပြီးတော့။
"အော် အေး-အဟေးဟေး-
ငါလည်း အခုပဲ သွားတော့မလို့။
အော်-ဒါနဲ့-
ငါ အဖေ့ကို ကျွေးမလို့ ခေါ်ထားတယ်-
ခေါ်လာလို့ဖြစ်မလား-?
#ဒါများကွာ-
မင်းအဖေပဲဟာ-
ဘာဖြစ်တာမှတ်လို့ ခေါ်လာခဲ့
ပြဿနာမရှိပါဘူး။
"စားဖွယ်စုံ လက်ဖက်ရည်ဆိုင်ကြီးရှေ့
ကားထိုးရပ်ပြီးတော့
ဆိုင်ထဲ ဝေ့ကြည့်လိုက်သည်-
ဆိုင်၏ ထောင့်စားပွဲမှာ
သူငယ်ချင်းက
ဆုံနေကျ နောက်သူငယ်ချင်း
တစ်ယောက်နဲ့အတူ
ကြိုရောက်နေပြီး-
ကျွန်တော့်ကိုမြင်တော့
လက်ထောင်ပြသည်-"
"အဖေ…လာ-"
ကားတံခါး ဖွင့်ပြီး
အဖေ့ကို
သူ့လက်မောင်းက ကိုင်ကာ
ဖေးမပြီး
ကားအပြင် ခေါ်လိုက်သည်။
အဖေသည် အညာသားပီပီ
ဖျင်ကြမ်းတိုက်ပုံနှင့်
ခေါင်းမှာ မျက်နှာသုတ်ပုဝါကို
ပေါင်းထားသည်။
လက်ထဲမှာ
ဖင်စီခံတွင် တံတွေးများအိနေပြီး
သွားနှင့်ကိုက်ထား၍ ပိပြားနေသော
တိုနံ့နံ့
"မလှသိန်း"ရွှေဘဲဆေးလိပ်တိုကို
ကိုင်ထားသည်။
ဒီဆေးလိပ်ကို ပစ်ခိုင်း၍မရမှန်း
သားဖြစ်သူ-
ကျွန်တော် ကောင်းစွာသိပါသည်-"
#လာလာ အဘ -
ဒီမှာထိုင်-
သူငယ်ချင်း
အဘကို ဘာကျွေးမှာလဲ
မေးလေကွာ-?"
"အဖေ့အကြိုက် ငါသိတယ်ကွ-
သမီး လာဦး…
ဟုတ်ကဲ့ ဦး။
ဦးမှာမယ်-
သေသေချာချာ ရေးမှတ်နော်-"
"လက်ဖက်ရည် ပေါ့ကျ-
ဝမ်းတိုင်ကီ အရင်ချ-
ပြီးတော့
"ပဲ-ဆိတ်စွပ်နဲ့ နံပြား တစ်ပွဲ-
"ဝက်ပေါက်စီ တစ်ပွဲ-
ကောက်ညှင်းငချိပ်နဲ့ အကြော်တစ်ပွဲ-
ငါးခြောက်ဖုတ် တစ်ပွဲ
"ဦးအတွက်က-
လက်ဖက်ရည် ချိုစိမ့်တစ်ခွက်နဲ့
အာလူးပူတီ-တစ်ပွဲ-"ဒါပဲ။
ဟုတ် ဦး
ခဏစောင့်ပါရှင့်။
"ပေါ့ကျတိုင်ကီ အရင်လုပ်ပေးနော်-"
"အဖေ
ဒါ သားရဲ့ သူငယ်ချင်းတွေပါ…
"အဖေ က
တစ်ချက်မော့ကြည့်ပြီး -
ပါးတစ်ဖက်တွန့်ကာ ပြုံးပြလိုက်သည်-
ပြီးတော့-
"မောင်တို့-မီးခြစ် ပါလား-?
"အဖေ့အိတ်ကပ်ထဲမှာ
သား ထည့်ပေးထားတယ်လေ-
အိတ်ကပ် ၃ခုစလုံးမှာ
ဂက်စ်မီးခြစ်တွေရှိတယ်လေ-"
အော်-အေးအေး-
အဖေ မေ့သွားလို့-
ပြောပြောတိုဆို-
မီးခြစ်တစ်လုံး ထုတ်ပြီး
ဆေးလိပ်တိုကို မီးညှိလိုက်သည်။
"ငါ့အဖေက-
ဆေးလိပ်ကို
( ၁၃ )နှစ်သားကတည်းက
သောက်တာကွ။
ခု အသက်( ၇၅ )နှစ်ရှိပြီလေ-
ဆေးလိပ်မီး အသေမခံဘူး-
ခု ကားစီးလာလို့
ခဏ မီးသေသွားတာ-"
"မှာထားတာတွေ ရပါပြီ ဦး-"
"အော်-အေးအေး-"
"စားပွဲထိုး လာချပေးသော
စားဖွယ်များကို
ကျွန်တော့်ရဲ့ဖခင်ကြီးရှေ့ ချပေးပြီး
"အဖေ စားလို့ရပြီ-
ဒါက ပဲဆိတ်စွပ်နဲ့ နံပြား-
ဒါက ဝက်ပေါက်စီနဲ့ ဆော့-
ဒါက ကောက်ညှင်းငချိပ်-အကြော်စုံနဲ့
ငါးခြောက်ဖုတ်ဆီစမ်း-
နောက်အဖေစားချင်တာ ပြောဦး -
သား မှာပေးမယ်-
လက်ဖက်ရည်ခွက်ကို ဒီမှာထားလိုက်မယ်-
ပြီးမှ ဆက်သောက်နော်-"
#သူငယ်ချင်း
အဘအတွက် မှာတာတွေက
များလှချည်လား-
အဘက အကုန်စားမှာလား-
မင်းဟာက-?
"ငါငယ်ငယ်ကလည်း
အဖေနဲ့ လက်ဖက်ရည်ဆိုင်သွားရင်
စားပွဲပေါ်မှာရှိတာအပြင်
ငါပြောသမျှ
ငါ့အဖေက အနှမြောမရှိ-
မတွန့်တိုဘဲ မှာပေးတာကွ-
မှာသမျှ ဘယ်လာစားနိုင်မှာလဲကွာ-
စားတာလည်း စား
ဆော့ပစ်တာလည်း ဆော့ပစ်ပေါ့-
"ခုဟာက ငါ့အလှည့်လေကွာ-"
"အဖေဟာ အညာသားပီပီ-
ကုလားထိုင်ပေါ် ခြေတစ်ဖက်တင်-
ဒူးထောင်ပြီး
စားပွဲပေါ်ရှိ စားစရာများကို
အားပါးတရ စားနေပါသည်။
ဆိတ်စွပ်ကို တရှူးရှူးဖြင့်
အသံထွက် သောက်ပြီး
ဆိတ်ရိုးကို အသံမြည်အောင်
စုတ်ယူ စားသောက်နေပါသည်။
လက်နှစ်ဖက်စလုံး ပေပွနေပြီး
ပါးစပ်တွင်ပေနေသော ပဲဟင်းရည်များကို
လက်ခုံဖြင့် သုတ်နေပါတော့သည်-"
"ကျွန်တော်လည်း
သူငယ်ချင်းများကို တစ်ချက်ရီပြပြီး
တစ်သျှူးဖြင့်
အဖေ့လက်နှင့် ပါးစပ်ကို
သန့်စင်ပေးလိုက်ပါသည်-"
နေစမ်းပါ သားရယ်-
အဖေ စားလို့ မပြီးသေးဘူး။
ပေါက်စီ ခြမ်းပြီး
ဟိုနီနီအရည်တွေ ထည့်ပေးဦးကွ။
"တဖြည်းဖြည်း-
ဆိုင်ထဲရှိ စားသောက်နေသူများက
ကျွန်တော်တို့သားအဖ ပြုမူနေပုံများကို
ဝိုင်းကြည့်နေကြပါသည်-"
သားရေ…
ကောက်ညှင်းပေါင်း ပေးပါဦး-?
"အဖေသည် ကျွန်တော်ယူပေးသော
ကောက်ညှင်းပေါင်းများကို
ပန်းကန်အတွင်း စိစိပါအောင်နယ်ကာ
အလုံးများဖြစ်အောင် စုတ်လုံးလျှက်
ပန်းကန်အတွင်း စီနေပါသည်။
ထို့နောက် ကောက်ညှင်းလုံးကို
ပါးစပ်အတွင်း ထည့်ပြီး
ငါးခြောက်ဖတ်ကိုယူကာ ဝါးနေပါသည်။
ထိုအခိုက်
စောစောက ပေါက်စီ စားစဉ်
ဆော့က များသွားရာ-
စပ်ပြီး နှပ်များထွက်ကျလာရာ-
ကျွန်တော်က
တစ်သျှူးစဖြင့် သုတ်ကာ
သန့်စင်ပေးရပြန်ပါသည်-"
"ထို့နောက် အဖေသည်-
လက်ဖက်ရည်ကို သောက်ကာ
စားသောက်ခြင်းကို
လက်စသပ်လိုက်ပြီး
အိတ်ကပ်ထဲက သူ၏သောက်လက်စ
ဆေးလိပ်တိုကို ထုတ်ကာ
မီးညှိပြီး ဖွာရှိုက်လိုက်ပါသည်-"
စားပွဲပေါ်တွင်ကား
စားလက်စ အတိုအထွာများက
ပွစာကျဲလျှက်။
"သမီးရေ
ဒါတွေသိမ်းပြီး စားပွဲရှင်းပေးပါဦး-"
ဟုတ်ကဲ့ရှင့်-
"ကဲ သူငယ်ချင်းတို့-
အဖေ့ကိစ္စ ပြီးပြီ-
မင်းတို့ စားချင်တာ မှာကြ-"
သား…
အဖေ ဟိုဘက်က စတိုးဆိုင်သွားပြီး
လိုချင်တာလေးတွေ ဝယ်ချင်တယ်။
"ဟုတ်ကဲ့ အဖေ-
ရော့ရော့-
ဒါ အဖေ့ပိုက်ဆံအိတ်-
အထဲမှာ
ပိုက်ဆံ( ၅ )သောင်း ထည့်ထားတယ်။
လာ အဖေ
မောင်ထွန်းနဲ့ သွားလိုက်နော်-
သား ဒီမှာသူငယ်ချင်းတွေနဲ့
စကားပြောလိုက်ဦးမယ်-
"မောင်ထွန်း -မောင်ထွန်း
လာပါဦး-"
ဟုတ်ကဲ့ လာပြီအကို-
လာပါပြီ။
"အဖေ့ကို တွဲပြီး
စတိုးဆိုင် လိုက်ပို့လိုက်ပါဦး-
အဖေ လိုချင်တာ
ကြည့်ဝယ်ပေးလိုက်ကွာ-
အဖေ့ကို ဂရုစိုက်-
မလဲစေနဲ့နော်-"
ဟုတ်ကဲ့ပါ အကို-
"ကဲသူငယ်ချင်းတို့ -
ဆေားရီးကွာ-
ငါ အဖေကြီးကို ပြုစုနေရလို့
မင်းတို့နဲ့ စကားမပြောနိုင်ခဲ့ဘူး-
စားချင်တာမှာကွာ ငါကျွေးပါ့မယ်-"
#ဟင့်-ဟင့်-
"ဟာ -မြောင်းတကာကြီး
ဘာဖြစ်လို့လဲ-?
ဘာလို့ ငိုနေတာလဲကွာ-
မင်းကလဲ-?"
#ငါ…ဝမ်းနည်းလို့ပါကွာ-
#ငါလေ…
မင်းက မင်းအဖေကြီးကို
ဂရုတစိုက်နဲ့
ပြုစုနေတာ တွေ့ရတော့-
ငါ ငါ့အဖေအပေါ်
တာဝန်မကျေတာကို သတိရပြီး
စိတ်မကောင်းဖြစ်သွားလို့ပါကွာ-
ငါလေ-
ငါ့အဖေအတွက်-
လိုလေသေးမရှိ
ဖြည့်ဆည်းပေးထားခဲ့ပါတယ်။
ဒါပေမဲ့-
အဖေသုံးဖို့
သူ့အိတ်ထဲ
ငါ ငွေတစ်ခါမှ မထည့်ပေးမိခဲ့ဘူးကွာ။
#ခုနကတောင် ဒီလာခါနီး-
အဖေ ဆီးသွားဖို့ အိမ်သာသွားတာ-
လမ်းမှာတင် ထွက်ကျလို့
ငါ သန့်ရှင်းရေး လုပ်ရင်း
အဖေ့ကို ပြောခဲ့မိသေးတယ်ကွာ။
"အေးပါ သူငယ်ချင်းရာ-
တကယ်တော့…
ငါတို့အဖေတွေဟာ
သား သမီးတွေရဲ့မေတ္တာကို
အမေတွေလောက် မရကြရှာပါဘူး။
ခု ဇရာအရွယ်မှာ…
သား သမီးတွေရဲ့ မေတ္တာ
ကရုဏာ
အကြင်နာကို
သိပ်ကို လိုလား တောင့်တရှာတာ။
ဒါပေမဲ့…
ဖွင့်မပြောကြရှာပါဘူး။
ငါတို့က အလိုက်တသိနဲ့
ဖြည့်ဆည်းပေးကြမှ
ရကြရှာတာကွ။
#ဟင့် -ဟင့်-ငါ မှားတာ-
ငါ လိုတာ-
နောက်ကို
ငါ ဆင်ချင်တော့မယ်ကွာ။
"အေးပါ သူငယ်ချင်းရာ
ဝမ်းသာပါတယ်ကွာ-
အဖေကြီးကို
တတ်နိုင်သမျှ ဂရုစိုက်ပါ-"
#ကတိပေးပါတယ် သူငယ်ချင်းရာ။
ဟေ့…ကလေး-
ဦးတို့ဝိုင်း ရှင်းမယ်-
ကဲ သူငယ်ချင်း
မင်းကို ဂုဏ်ပြုတဲ့အနေနဲ့
ငါ ရှင်းမယ်ကွာ-
ဟေ့…သမီး လာပါဦး…
ဦး
ဒီဝိုင်းအတွက်ကို
စောစောက ထွက်သွားတဲ့
ဦးနဲ့ အန်တီက ရှင်းသွားပါပြီ။
အဖေ့ကို ဂရုစိုက်ဖို့
ပညာရလို့
ကျေးဇူးပြုသွားတာပါလို့
ပြောပေးပါတဲ့-"
"ဟေ"
ကြည့်စမ်း သူငယ်ချင်း-
မိဘကို ဂရုစိုက်တဲ့အကျိုးက
ချက်ချင်း ပြန်ရတာပါကလား-
သူငယ်ချင်း-"
#မူရင်း_Credit
မေတ္တာဖြင့်

Comments
Post a Comment