တခါက အထက်အညာဒေသ ဘုန်းကြီးတပါးက အောက်ပြည်အောက်ရွာကို အလည်ရောက်လာရော
ဆွမ်းခံကြွရတဲ့အခါကျ လှေနဲ့သွားရတယ်
သူမရောက်ဘူးတဲ့ ဒေသဖြစ်နေတာမို့ အသစ်အဆန်းမမြင်ဘူးတာတွေကို လှေထိုးသမား ဒကာကြီးမေးရတာပေါ့
သွားနေရင်းနဲ့ ရေထဲကနေ အသီးတလုံးမျောပါလာတာတွေ့ရော ဘုန်းကြီးကလည်း မသိတော့
" ဒကာကြီး ဒါ ဘာသီးလဲ " မေးတာပေါ့
" လမုသီး ပါ ဘုရား " တဲ့
ဘုန်းကြီးလည်း မှတ်ထားလိုက်တယ် ဒါက လမုသီး ပဲဆိုပြီးတော့
နောက်ဆက်သွားနေရင်း ချုံပုတ်တွေလို အများကြီးတွေ့ပြန်ရော
မမြင်ဘူးတာနဲ့ပဲ
" ဒကာကြီး ဒါကို ဘာခေါ်လဲ " မေးတာပေါ့
" လမုတောပါ ဘုရား " ဆိုပြီးပြန်ဖြေရော
ဘုန်းကြီးလည်း ဒါ လမုတော လို့ မှတ်ထားလိုက်ပြန်ရော
နောက် ထပ်ပြီးတွေ့လိုက်ရတာက ရွံ့တွေလို မြေပြင်ကြီး
အဲဒါနဲ့ပဲ " ဒါကရောဘာလဲ ဒကာ " လို့ မေးလိုက်တယ်
" လဟာပြင် ပါ ဘုရား " လို့ ဖြေလိုက်တယ်
ဘုန်းကြီးလည်းစဉ်းစားတာပေါ့ အဲ့ခါကျ
အသီးကို " လမုသီး "
ချုံ / တောတွေကို " လမုတော "
ရွံ့ပြင်ကို " လဟာပြင် "
အောက်ပြည်အောက်ရွာက လူတွေက " လ " ကို အမြတ်တနိုးသုံးကြပုံပဲလို့ တွေးမိတာပေါ့
ဒါနဲ့ ဘုန်းကြီးလည်း ဆွမ်းဘုဉ်းပေးဖို့ လှေကမ်းကပ်ခါနီး
" ဟဲ့ ဒကာ ကမ်းကပ် ဆွမ်းဘုဉ်းပေးရအောင် " လို့ပြောမယ့်အစား
" လဟဲ့ လဒကာ လကမ်းကပ် လဆွမ်းဘုဉ်းပေးရအောင် " ဆိုပြီးပြောချလိုက်ရော
အဲ့မှာ လှေထိုးသမား ဒကာလည်း
" ဒီဘုန်းကြီး ရူးနေတာလားမသိဆိုပြီး " ထွက်သွားလေရော 😂
PP
Comments
Post a Comment