#ကြိမ်ဒဏ်#


ထီပေါက်လို့ လင်မယားနှစ်ယောက်ဟာ ကမ္ဘာပတ်ကြတယ်။ ဒါပေမဲ့ မိန်းမရဲ့အမေက သူပါ လိုက်မယ်ဆိုပြီး ပါလာတယ်။ 


ယောက်ျားလုပ်သူက မခေါ်ချင်ပေမဲ့ မိန်းမကို လွန်ဆန်မရတာ့ ခေါ်ခဲ့ရတယ်။ ယောက္ခမကြီးက အင်မတန် ဇီဇာကြောင်ပြီး သူများအပြစ် တအားပြောတယ်။

.

ရောက်တဲ့နိုင်ငံတိုင်းမှာ အဲဒီနိုင်ငံရဲ့ အပြစ်တွေ လိုက်ပြောတယ်။ အစားအသောက် မကောင်းဘူး။ ရာသီဥတုမသာယာဘူး။ လူတွေက ရိုင်းတယ် စသဖြင့်ပေါ့။ နိုင်ငံတနိုင်ငံရောက်တော့ အဲဒီနိုင်ငံရဲ့ ဘုရင်ကို သွားဝေဖန်မိတော့ ကြားတဲ့လူတွေက ရဲသွားတိုင်တယ်။ ဒါနဲ့ သုံးယောက်လုံး အချုပ်ခံရတယ်။

.

အဲဒီနိုင်ငံဥပဒေအရ ဘုရင်ကို စော်ကားရင် ကြိမ်ဒဏ် အချက်ငါးဆယ် ပေးရမယ်လို့ ရှိတယ်။ ဒါပေမဲ့ ဘုရင်လုပ်သူက ခရီးသွားဧည့်သည်ကို ညှာတဲ့အနေနဲ့ ကြိမ်ဒဏ်သက်သာအောင် ခန္ဓာကိုယ်မှာ တခုခု ချည်ခွင့်ပေးတယ်။

.

မိန်းမ လုပ်သူက သူ့ရဲ့တင်ပါးမှာ ခေါင်းအုံးတလုံး ချည်ခွင့်ပြုဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ရိုက်တဲ့သူက ကျောရော၊ တင်ပါးရော ရိုက်တာ ဆိုတော့ တချို့ ရိုက်ချက်တွေ အတော်ခံရတယ်။ ယောက္ခမကြီးက သူ့သမီးကို ကြည့်ပြီး ခေါင်းအုံးနှစ်လုံးတောင်းတယ်။ တလုံးက ကျောမှာ၊ တလုံးက တင်ပါးမှာ ချည်ပေးဖို့ တောင်းဆိုတယ်။ သူကတော့ သက်သာသွားတယ်။

.

ယောက်ျားအလှည့်ရောက်တော့ ယောက်ျားက ဘုရင်ကြီးကို " ကျနော်ကို အပိုဆုတဆု တောင်းခွင့်ပြုပါ" လို့ပြောတယ်။ "ခွင့်ပြုနိုင်ရင် ပြုပါ့မယ်။ တောင်းပါ။" ဆိုတော့ "ကျနော်က ကျနော့်ယောက္ခမကို ဒီနိုင်ငံကို ခေါ်ခဲ့တဲ့အတွက် အပြစ်ပိုကြီးပါတယ်။ ဒါကြောင့် ကြိမ်ဒဏ် ငါးဆယ်အစား အချက်တရာ ပေးပါ" လို့ တောင်းတယ်။ ဘုရင်က အံ့ဩပြီး "အေးလေ။ လိုချင်ရင်တော့ ပေးပါတယ်။ သေချာရဲ့လား" လို့မေးတယ်။ ယောက်ျားက "သေချာပါတယ်" လို့ ဖြေတယ်။

.

"ဒါနဲ့ မောင်ရင့် ခန္ဓာကိုယ် မှာကော ဘာချည်ချင်သေးလဲ" လို့ ဘုရင်ကမေးတော့ ယောက်ျားက ပြုံးပြီး ဒီလိုဖြေတယ်။

.

.

.

.

.

.

.

.

.

.

.

"ကျနော့်ယောက္ခမကြီးပါ" 


😛😄😂

Crd


#credit

Comments

Popular posts from this blog

ချောတယ်လို့