* ဆာလောင်နေပုံရတဲ့ လူတယောက်ဟာ မုန့်ဟင်းခါးဆိုင်ရှေ့ရောက်လာတယ်။


* ဆိုင်ရှင်ကိုတောင်းတောင်းပန်ပန်နဲ့ မုန့်ဟင်းခါးကို တပွဲမဟုတ်ဘဲ တဝက်ရောင်းပေးဘို့ပြောတယ်။


* ဆိုင်ရှင်လည်း ပွဲတဝက်ရောင်းပေးဘို့ သဘောတူလိုက်တယ်။ဒါပေမယ့် ထည့်ပေးတော့ တစ်ပွဲစာပါပဲ။


* မယုံနိူင်စွာနဲ့ တဝက်မှာတာနော်လို့ဆိုင်ရှင်ကို အသိပေးတယ်။ပန်ကန်ထဲမှာ အပြည့်နီးပါးပါပဲ။


* ထိုသူက အားရပါးရစားတယ်။အတော်ဆာ နေတာကို။စားပြီးတော့ ဆိုင်ရှင်က ဟင်းရည်ထည့်ပေးမယ်လုပ်တော့ မယူပါဘူး။အများကြီးထည့်ပေးထားလို့ အားနေနေပုံရတယ်။


* ဆိုင်ရှင်ကို ပွဲတဝက်စာပိုက်ဆံအကြွေအနွမ်းလေးတွေ ထုတ်ပေးပြီး ဆိုင်ထဲက ပြန်ထွက်သွားတယ်။


* ဒီအဖြစ်အပျက်ကို အစအဆုံးမြင်နေရတဲ့ ဆိုင်ထဲက ထိုင်းစား​နေသူတယောက်က ထိုသူဟာ တော်တော်ဆာနေပုံရောက်တယ်။သနားဘို့ကောင်းတယ် ပိုက်ဆံတောင်မယူသင့်ဘူး။သနားလို့ပါလို့ပြောတယ်။


* ဆိုင်ရှင်က ပြုံးပြီးပြန်ပြောလိုက်တယ်။


" တချို့လူ​တွ တကယ်လိုအပ်တာက အကူအညီပါ...သနားတာမဟုတ်ပါဘူး...''

Crd

Saya U Khin Zaw


via #WN

Comments

Popular posts from this blog

ချောတယ်လို့