တကယ်ပါ ဗျာ... !!!


ကိုယ် လက်ဖက်ရည်ဆိုင်ရှေ့ 
ဆိုင်ကယ်ရပ်ရုံပဲ ရှိသေးတယ်.....!!

""အကိုကြီးရယ် ကျနော့ကို 
ထမင်းဖိုးလေး သနားပါ"" ဆိုပြီး ကိုယ့်ပေါင်ကို အတင်းပုတ်ပြီး ပိုက်ဆံတောင်းနေတဲ့ 
သနားစရာခလေးလေး...!

၂ခါ ၃ခါလောက် ပုတ်ပီး တောင်းလို့မရတော့ အောက်မှာ ကျုံ့ကျုံ့လေးထိုင်ရင်း 
လက်အုပ်လေးချီပြီး.......

"အကိုကြီးရယ် သား ဘာမှမစားရသေးလို့ပါ" ဆိုပြီး မျက်နှာငယ်လေးနဲ့ ပြောနေတာမြင်တော့ 
စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်.....။

ပုံမှန်ဆိုရင်တော့ ကိုယ့်ကို လာထိပြီး 
တပူကျည်ကျည်တောင်းနေတဲ့ ခလေးမျိုးဆို 
အော်လွှတ်တတ်ပေမယ့်.. သူ့ပုံစံလေးကြည့်ရင်း ကိုယ်လည်း သနားသွားတာနဲ့...!!

"လာ" ဆိုပြီး ဆိုင်ထဲခေါ်
""ကြိုက်တာမှာကွာ"" ဆိုတော့
အရမ်းပျော်သွားတဲ့ပုံစံလေးက 
ခလေးလေးမျက်နှာမှာအတိုင်းသားမြင်ရတယ်...!!

သူ အားရပါးရ စားနေတာမြင်တော့ 
ကိုယ့်စိတ်ထဲလည်း ပီတိဖြစ်တာပေါ့........

""မင်းအသက် ဘယ်လောက်ရှိပြီလဲ""

"အမေကတော့ ရှစ်နှစ်လို့ ပြောတယ်"

"မင်းမှာ အဖေရော ရှိသေးလား"??

"အဖေက ရှိတယ်လို့တော့ ပြောတယ် 
တခါမှတော့ မမြင်ဖူးဘူး !""

မေးပြီးမှ စိတ်မကောင်းတောင်ဖြစ်သွားတယ်...။

"မင်း တစ်နေ့ကို ဘယ်လောက်ရလဲ?""

""တခါတလေ တစ်သောင်းလောက် ရတယ် အကို""

"". ဘာ"! တသောင်းလောက် ဟုပ်လားး! ?""

""တခါတလေကျတော့လည်း ၅ ထောင်ကျော်ကျော်လေးပဲ ရတယ်...အဲ့နေ့ဆို အမေက အရမ်းရိုက်တာ ညစာလည်း မကျွေးဘူး""

ဆိုးလိုက်တဲ့ ခလေးဘဝ မိဘတွေကလည်း ဒီအရွယ်လေးတွေကို ခိုင်းစားရက်တာကို အံ့ဩမဆုံးဘူး.....!!

""မင်းအခု ဘယ်လောက်ရပီလဲ""??

""ဒီနေ့တော့ အစောကြီးထဲက 
၆ ထောင်လောက် ရနေပီ အကို ""

တက်တက်ကြွကြွနဲ့ သူပြောတဲ့ပုံစံက သူ ဒီနေ့ 
အရိုက်မခံရတော့ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး....!!

"မင်း ကျောင်းမတက်ဘူးလား...?
ကျောင်းကော မတက်ချင်ဘူးလား ?? ""

""မတက်ချင်ဘူး အကို.....
အမေက ပြောတယ် ကျောင်းတက်ရင် ပိုက်ဆံမရဘူးတဲ့ ပြီးတော့ ထမင်းလည်း မစားရဘူးတဲ့""

ကဲ...! ဘယ်လောက်များ ဆိုးရွားလိုက်သလဲ...?!
ဖြူစင်တဲ့ ခလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ 
သူ့ ပြောတဲ့စကားဟာ 
အားလုံး အမှန်တရားပဲလေ....!!

တကယ်လည်း သူ့ပါတ်ဝန်းကျင်မှာ 
သူ့လို ခလေးတွေပဲ ရှိနေရင် 
သူ့အမေ ပြောတဲ့စကားဟာ အမှန်တရားလို့ 
သူယုံတာ မဆန်းပါဘူး....!!!

သူလည်း အားရပါးရ စားနေရင်း 
ကိုယ့်ဘက်ကို လှည့်ပြီး...!

""အကိုက ဘာမှ မစားဘူးလား?""

"ဟေ့အေး... မစားတော့ဘူး...!

"" ငါ့မှာ ပိုက်ဆံမပါဘူးကွ...!
ငါက ကွမ်း လာဝယ်တာ... 
ပိုက်ဆံ ၂ ရာပဲ ပါတယ်.......
မင်းဘာမှမစားရသေးဘူးဆိုလို့ဝယ်စားလို့ရအောင်ဆိုင်ထဲလိုက်ပို့တာ""

ခလေးလေး ကိုယ့်ကို ပါးစပ်အဟောင်းသားလေးနဲ့
ကြည့်နေတဲ့အချိန် ကိုယ်လည်း ထပြန်လာတယ်....!!

စိတ်မကောင်းလို့ ကွမ်းတောင် မဝယ်ဖြစ်ဘူး.....!

ကိုယ် ဆိုင်ကယ်စက်နှိုးနေတဲ့အချိန် ဆိုင်ထဲက 
ခလေးငိုသံအကျယ်ကြီး ကြားလိုက်ပေမယ့် 
စိတ်မကောင်းလို့ လှည့်မကြည့်ဘဲ .
မောင်းထွက်လာရင်း........

လမ်းတလျှောက်ခလေးလေးအတွက် 
ဆုတောင်းနေမိတော့တယ်.....!!!

ခလေးရယ်...!
မင်းဘဝလေး ရေလိုအေးလို့ 
ပန်းလိုလန်းဆန်းချမ်းမြေ့ပါစေ။ ။ ။

🙂 
 
😛

😜😝😛😂🤡
Credit #
Myo Hein !!!

Comments

Popular posts from this blog

ချောတယ်လို့