ဆရာမ စာအုပ်များကို လိုက်စစ်နေလေသည် ။
ငြိမ်းမောင် တစ်ယောက်ဇောချွေးပြန်ကာ မပါလာသောစာအုပ်ကို
အသဲအသန် ရှာနေ၏ ။
"ဖိုးထောင် ... မင်းစာအုပ်ပါလား "
"အေး ... ပါတယ် "
"တောက်စ် "
ငြိမ်းမောင် မကျေနပ်ပေ ။
ဘုရားပွဲတွင် နှစ်ယောက်လုံးအတူတူကဲခဲ့ကြပြီး မနက်မှ
ကျောင်းလာသူချင်းအတူတူ ဖိုးထောင်က စာအုပ်ပါ၏ ။
သူကမပါ ။
"ငြိမ်းမောင် စာအုပ်ဘယ်မလဲ "
"အခိုးခံလိုက်ရတယ် ဆရာမ "
"ဟေ "
ငြိမ်းမောင် မီးမွှေးလိုက်ပြီဖြစ်၏ ... ။
တစ်ခန်းလုံး မျက်ခုံးလှုပ်ကြသည် ... အမှုတွဲထဲ မည်သူပါမည်
ကိုမသိ ။
"စာအုပ်က ဘယ်မှာထားတာလဲ "
"လွယ်အိတ်ထဲမှာပဲဆရာမ "
"နင့်စာအုပ်က ဘာတန်ဖိုးကြီးလို့ အခိုးခံရမှာလဲ
ကြားမကြားဖူးပေါင်တော် စာအုပ်ခိုးသတဲ့ "
"သား လက်ရေးလှလှလေးတွေကို ကြွေသွားတာနေမှာ
ဆရာမ "
"ဟမျ့ ... "
ယုံချင်စရာမရှိ ။
ငြိမ်းမောင် ရေးသည့်စာက နှစ်ရက်လောက်ကျော်သွားလျှင်
သူကိုယ်တိုင်ပင် ပြန်မဖတ်တတ်တော့လောက်အောင် ရှုပ်၏ ။
ထိုလက်ရေးက လှသည်လား ။
"ကဲ ... နင့်အတန်းထဲကကောင်တွေ
လွယ်အိတ်ရှာကြည့်စမ်း "
"ဟုတ် "
ထွေထွေထူးထူး ရှာမနေတော့ပါ ။
ဖိုးထောင် လွယ်အိတ်ကိုဖမ်းကိုင်လိုက်၏ ။
အကြံသမားကိုး ... ။
"ဟရောင် ငါ့လွယ်အိတ်ဘာလုပ်တာလဲ "
"ရှာမယ်လေ ... ဆရာမ ရှာခိုင်းတာ "
"မင်း ... ပေါက်ကရမလုပ်နဲ့နော် "
"အေးပါ "
ဖိုးထောင်နှင့် အခြားသုံးယောက် အတန်းအပြင်ထွက်သွားကြ၏
စာအုပ်က ထွေထွေထူးထူးရှာစရာမလိုပေ ။ ဖိုးထောင် ရေးထားသည့်
စာအုပ်ရှိ၏ ။ လက်ရေးကလည်း ပဲပင်ပေါက်ချင်းမို့ သိပ်မကွာလှပေ
"တွေ့ပြီဆရာမ ... "
စာအုပ်ကို ဆွဲကာ ... အတန်းရှေ့မှဆရာမဆီတန်းပြေး၏ ။
တကယ်ရေးထားသည်က ဖိုးထောင် ... ။
"ဘယ်သူ့အထဲကလဲ "
"ဖိုးထောင် ... "
"ဟွန်း ... လာစမ်းဖိုးထောင် "
တစ်တန်းလုံး ငြိမ်းကျသွားပြန်၏ ။
ကိုယ့်စာအုပ်နှင့်ကိုယ်ဖြစ်သော်လည်း သူ့အကြောင်းနှင့်
သူမို့ ဖိုးထောင် ပြန်မပြောရဲရှာပေ ။
စာအုပ်ကလည်း နာမည်ထိုးမထားမိလိုက်
"ဖိုးထောင် ... ဒါ ငြိမ်းမောင်ဟာဆို "
"အွန့် ... ဟိုဟာလေ "
"ပြောစမ်းပါ ဒါငြိမ်းမောင် စာအုပ်လား "
"ဟုတ်တယ် ဆရာမ "
"ကျန်း ... သေနာလေး ... သူများပစ္စည်းခိုးစရာလား "
သူ့စာအုပ်ဟုသာ အပြောခံလိုက်ရသည်။
ငြိမ်းမောင် စိတ်မအေးနိုင်ပေ ။ ဖိုးထောင်တွင် အကြောင်းတစ်ခုခု
ရှိရမည် ။ သူလည်း မျက်ခုံးလုပ်၏ ။
"ဒီစာအုပ်ကလေးက ဘာတန်ဖိုးရှိလဲဟဲ့ "
"မလုပ် .. လုပ် "
ဆရာမက စာအုပ်ကိုခါနေသဖြင့် ဖိုးထောင်တားလိုက်ပါသည်။
သို့သော် မမီလိုက်ပါ စာရွက်များကြားမှ စက္ကခေါက်လေးတစ်ခု
ထွက်ကျလာလေ၏ ။
"ငစ် ... "
ငြိမ်းမောင်လန့်လေပြီ ။
နှစ်ယောက် ပေါင်းကာ ဘဝဆုံးနိုင်ဖွယ်ရှိ၏ ။
ဆရာမက ကျသွားသော စက္ကူခေါက်ကလေးအား ကောက်
ကြည့်လိုက်သည် ။
"မှန်းစမ်း အကြွေးစာရွက်လား "
သွားပြီ ။
ဖိုးထောင် နှလုံးခုန်သံက ပိုပိုမြန်လာ၏ ။
လူလည်ကျသည့် ငြိမ်းမောင်လည်း မျက်ဖြူလန်လေ၏ ။
စာအုပ်က သူ့စာအုပ်ဖြစ်နေပြီ မဟုတ်လား ။
"အမယ် ... စာလေးဟဲ့
နားထောင်ကြစမ်း ဆရာမဖတ်ပြမယ် "
"သိပ်ချစ်တယ် ... အမယ့် "
ဆရာမ ရွဲ့နေသည်ကို နှစ်ယောက်လုံးသိ၏ ။
"တစ်ခန်းလုံးဘယ်သူမှမမြင်လိုက်တဲ့ ထဘီကျွတ်ကျတဲ့
အခိုက်အတန့်ကို ပြန်လွမ်းတယ် ...
ဟယ် ... ငြိမ်းမောင် နင်တော့နော်"
"အစားတွေ နင်းကန်စားပြီး ဝလာတာလေးလဲ
ချစ်မိတယ် ... အို "
"ကိုယ့်ကိုယ်ဘယ်လောက်ပဲနာကျင်အောင်မင်းလုပ်လုပ်
ကြိတ်မှိတ်ခံမယ် ... အို ချစ်သော ... "
ဆရာမ ဖတ်သည့်အသံက ရပ်သွား၏ ။
တစ်ခန်းလုံး ကြောင်းအမ်းအမ်းနှင့် ...
"ဟဲ့ နင့်စာကဆုံးပြီလား "
ငြိမ်းမောင် ဘာမှမသိ၍ ငြိမ်သာနေလိုက်သည် ။
စာက သူရေးသည်မှမဟုတ်တာ
ရှေ့ဆုံးတန်းမှ ဇက်ဇက်ကြဲမ ထလာ၏ ။
"စာကမဆုံးသေးဘူးဆရာမ ...
နောက်ဖက်မှာပါတယ် ... "
"ဆရာမမကြည့်တော့ဘူး သမီး ...
ဘာတဲ့လဲ "
"အို ... ဆရာမလေးရယ်တဲ့ "
"ဘာ ... !!! "
နှစ်ယောက်သား အပြစ်ချင်းအလဲအလှယ်လုပ်ကာ အီစလန်ဝေအောင် အဆော်ခံလိုက်ရလေတော့သည်။
ကတောက်စ်!!!
#nnnt ငြိမ်းမောင်
Crd.
ချစ်ခြင်းအားဖြင့် Yin Tun Royal

Comments
Post a Comment