ဆရာမ စာအုပ်များကို လိုက်စစ်နေလေသည် ။

ငြိမ်းမောင် တစ်ယောက်ဇောချွေးပြန်ကာ မပါလာသောစာအုပ်ကို

အသဲအသန် ရှာနေ၏ ။


"ဖိုးထောင် ... မင်းစာအုပ်ပါလား "


"အေး ... ပါတယ် "


"တောက်စ် "


ငြိမ်းမောင် မကျေနပ်ပေ ။

ဘုရားပွဲတွင် နှစ်ယောက်လုံးအတူတူကဲခဲ့ကြပြီး မနက်မှ

ကျောင်းလာသူချင်းအတူတူ ဖိုးထောင်က စာအုပ်ပါ၏ ။

သူကမပါ ။


"ငြိမ်းမောင် စာအုပ်ဘယ်မလဲ "


"အခိုးခံလိုက်ရတယ် ဆရာမ "


"ဟေ "


ငြိမ်းမောင် မီးမွှေးလိုက်ပြီဖြစ်၏ ... ။

တစ်ခန်းလုံး မျက်ခုံးလှုပ်ကြသည် ... အမှုတွဲထဲ မည်သူပါမည်

ကိုမသိ ။


"စာအုပ်က ဘယ်မှာထားတာလဲ "


"လွယ်အိတ်ထဲမှာပဲဆရာမ "


"နင့်စာအုပ်က ဘာတန်ဖိုးကြီးလို့ အခိုးခံရမှာလဲ 

ကြားမကြားဖူးပေါင်တော် စာအုပ်ခိုးသတဲ့ "


"သား လက်ရေးလှလှလေးတွေကို ကြွေသွားတာနေမှာ

ဆရာမ "


"ဟမျ့ ... "


ယုံချင်စရာမရှိ ။

ငြိမ်းမောင် ရေးသည့်စာက နှစ်ရက်လောက်ကျော်သွားလျှင်

သူကိုယ်တိုင်ပင် ပြန်မဖတ်တတ်တော့လောက်အောင် ရှုပ်၏ ။

ထိုလက်ရေးက လှသည်လား ။


"ကဲ ... နင့်အတန်းထဲကကောင်တွေ 

လွယ်အိတ်ရှာကြည့်စမ်း "


"ဟုတ် "


ထွေထွေထူးထူး ရှာမနေတော့ပါ ။

ဖိုးထောင် လွယ်အိတ်ကိုဖမ်းကိုင်လိုက်၏ ။

အကြံသမားကိုး ... ။


"ဟရောင် ငါ့လွယ်အိတ်ဘာလုပ်တာလဲ "


"ရှာမယ်လေ ... ဆရာမ ရှာခိုင်းတာ "


"မင်း ... ပေါက်ကရမလုပ်နဲ့နော် "


"အေးပါ "


ဖိုးထောင်နှင့် အခြားသုံးယောက် အတန်းအပြင်ထွက်သွားကြ၏

စာအုပ်က ထွေထွေထူးထူးရှာစရာမလိုပေ ။ ဖိုးထောင် ရေးထားသည့်

စာအုပ်ရှိ၏ ။ လက်ရေးကလည်း ပဲပင်ပေါက်ချင်းမို့ သိပ်မကွာလှပေ 


"တွေ့ပြီဆရာမ ... "


စာအုပ်ကို ဆွဲကာ ... အတန်းရှေ့မှဆရာမဆီတန်းပြေး၏ ။

တကယ်ရေးထားသည်က ဖိုးထောင် ... ။


"ဘယ်သူ့အထဲကလဲ "


"ဖိုးထောင် ... "


"ဟွန်း ... လာစမ်းဖိုးထောင် "


တစ်တန်းလုံး ငြိမ်းကျသွားပြန်၏ ။

ကိုယ့်စာအုပ်နှင့်ကိုယ်ဖြစ်သော်လည်း သူ့အကြောင်းနှင့်

သူမို့ ဖိုးထောင် ပြန်မပြောရဲရှာပေ ။

စာအုပ်ကလည်း နာမည်ထိုးမထားမိလိုက် 


"ဖိုးထောင် ... ဒါ ငြိမ်းမောင်ဟာဆို "


"အွန့် ... ဟိုဟာလေ "


"ပြောစမ်းပါ ဒါငြိမ်းမောင် စာအုပ်လား "


"ဟုတ်တယ် ဆရာမ "


"ကျန်း ... သေနာလေး ... သူများပစ္စည်းခိုးစရာလား "


သူ့စာအုပ်ဟုသာ အပြောခံလိုက်ရသည်။

ငြိမ်းမောင် စိတ်မအေးနိုင်ပေ ။ ဖိုးထောင်တွင် အကြောင်းတစ်ခုခု

ရှိရမည် ။ သူလည်း မျက်ခုံးလုပ်၏ ။


"ဒီစာအုပ်ကလေးက ဘာတန်ဖိုးရှိလဲဟဲ့ "


"မလုပ် .. လုပ် "


ဆရာမက စာအုပ်ကိုခါနေသဖြင့် ဖိုးထောင်တားလိုက်ပါသည်။

သို့သော် မမီလိုက်ပါ စာရွက်များကြားမှ စက္ကခေါက်လေးတစ်ခု

ထွက်ကျလာလေ၏ ။


"ငစ် ... "


ငြိမ်းမောင်လန့်လေပြီ ။

နှစ်ယောက် ပေါင်းကာ ဘဝဆုံးနိုင်ဖွယ်ရှိ၏ ။ 


ဆရာမက ကျသွားသော စက္ကူခေါက်ကလေးအား ကောက်

ကြည့်လိုက်သည် ။


"မှန်းစမ်း အကြွေးစာရွက်လား "


သွားပြီ ။

ဖိုးထောင် နှလုံးခုန်သံက ပိုပိုမြန်လာ၏ ။

လူလည်ကျသည့် ငြိမ်းမောင်လည်း မျက်ဖြူလန်လေ၏ ။

စာအုပ်က သူ့စာအုပ်ဖြစ်နေပြီ မဟုတ်လား ။


"အမယ် ... စာလေးဟဲ့ 

နားထောင်ကြစမ်း ဆရာမဖတ်ပြမယ် "


"သိပ်ချစ်တယ် ... အမယ့် "


ဆရာမ ရွဲ့နေသည်ကို နှစ်ယောက်လုံးသိ၏ ။


"တစ်ခန်းလုံးဘယ်သူမှမမြင်လိုက်တဲ့ ထဘီကျွတ်ကျတဲ့

အခိုက်အတန့်ကို ပြန်လွမ်းတယ် ... 

ဟယ် ... ငြိမ်းမောင် နင်တော့နော်"


"အစားတွေ နင်းကန်စားပြီး ဝလာတာလေးလဲ 

ချစ်မိတယ် ... အို "


"ကိုယ့်ကိုယ်ဘယ်လောက်ပဲနာကျင်အောင်မင်းလုပ်လုပ်

ကြိတ်မှိတ်ခံမယ် ... အို ချစ်သော ... "


ဆရာမ ဖတ်သည့်အသံက ရပ်သွား၏ ။

တစ်ခန်းလုံး ကြောင်းအမ်းအမ်းနှင့် ... 


"ဟဲ့ နင့်စာကဆုံးပြီလား "


ငြိမ်းမောင် ဘာမှမသိ၍ ငြိမ်သာနေလိုက်သည် ။

စာက သူရေးသည်မှမဟုတ်တာ 

ရှေ့ဆုံးတန်းမှ ဇက်ဇက်ကြဲမ ထလာ၏ ။


"စာကမဆုံးသေးဘူးဆရာမ ... 

နောက်ဖက်မှာပါတယ် ... "


"ဆရာမမကြည့်တော့ဘူး သမီး ... 

ဘာတဲ့လဲ "


"အို ... ဆရာမလေးရယ်တဲ့ "


"ဘာ ... !!! "


နှစ်ယောက်သား အပြစ်ချင်းအလဲအလှယ်လုပ်ကာ အီစလန်ဝေအောင် အဆော်ခံလိုက်ရလေတော့သည်။

ကတောက်စ်!!!


#nnnt ငြိမ်းမောင်

Crd.

ချစ်ခြင်းအားဖြင့် Yin Tun Royal

Comments

Popular posts from this blog

ချောတယ်လို့