နယ် မသာ နဲ့ ရန်ကုန် မသာ ကွာခြားချက်😜
နယ်မသာ
*********
သေပြီးခါစတွင် အင်မတန်မှ မျက်နှာပွင့်သည်
အိမ်ခေါင်းရင်းတွင် ဝတ်ကောင်းစားလှများ ခြုံပြီး ဆန့်ဆန့်ကြီး လှဲနေရသည်
-
-
နဘေးနားတဝိုက်တွင် အမွှေးနံ့သာများ စွတ်ဖြန်းထားပြီး သူတော်စင်တစ်ယောက်အလား အမွှေးတိုင်များဖြင့် ပူဇော်ပသခံရသည်
ဝါးတီးကလည်း မပူရ။
-
သုံးရက်လုံး ကိုယ့်အလောင်းရှေ့စားပွဲတွင် ပါဆယ်ထုတ်ပြီးသားရှိနေ၏
-
လာသမျှ ဆွေမျိုးတို့က ကိုယ့်အလောင်းနံဘေးထိုင်ကာ
-
နောင်တမျက်ဝန်းတို့ဖြင့် ကိုယ်အသက်ရှင်စဉ်က ကောင်းကွက်များကိုသာ ရှာချီးမွမ်းကြသည်
-
(ရှင်တုန်းက ဘယ်လောက်မတည့်မတည့်ပေါ့)
-
မသာနှင့် အနီးတဝိုက်တွင် ဖဲဝိုင်းများလူစည်ကားနေပြီး ကိုယ့်နာမည် မကြာခဏ တ ကြသည်။
-
ဤကား နယ်မသာ။
-
-
-
ရန်ကုန်မသာ
************
အသက်ငင်ကတည်းက တိုက်ခန်းမြင့်လျင် မြင့်သလောက် မျက်နှာငယ်ရသည်
-
အောက်ကို ထမ်းချဖို့အရေး မသာရှင်များက သေလုမြောပါးအခြေအနေကတည်းက ဗျာများရသည်
-
နာကူမှလူများရောက်လာလျင် ကိုယ့်အိမ်မှကိုယ် ဆန့်ဆန့်ကြီး ခက်ခဲစွာ ဆင်းရသည်
-
ရန်ကုန်၏ ကားလမ်းပိတ်ဆို့မှုဒဏ်ကို ပက်လက်ကြီးခံစားရင် မြို့ပြင်သို့ တအိအိထွက်သွားရသည်
-
ဒီကြားထဲ လမ်းမကောင်းသည့်နေရာတွင် ချိုင့်ဆောင့်လျင် မသာစတိုင်လ်ပျက်သေး၏။
-
ရေခဲတိုက်ရောက်လျင် ချက်ချင်း
မဝင်ရသေး - - မှတ်ပုံတင်ရသည်။
-
မသာစစ်စစ်ဖြစ်ကြောင်းထောက်ခံစာ
တွေဘာတွေ ပြကြရသည်။
-
သုံးရက်တာ မသာတည်းခိုခ ညှိရသေးသည်။
-
ထိုအချိန်တစ်လျှောက် မသာခမျာ
ကားထဲမှာ ပူလောင်စွာ နေပေရော့။
-
ရေခဲတိုက်ဝင်ခွင့်ရသည်နှင့်
မသေခင်က ပါလာသည့် အဝတ်အစားအကုန်ချွတ်သဖြင့်
-
မိမွေးတိုင်းဖမွေးတိုင်း မသာလုံးတီး
စဖြစ်သည်။ သူလိုကိုယ်လို အေးစက်စက် သူစိမ်းမသာတွေအကြား မျက်နှာငယ်ရပြန်သည်
-
သို့သော် မျက်နှာကြာကြာငယ်ချိန်
မရ - - နံရံကပ်သံသေတ္တာထဲသို့ ငါးသတ်ေတ်ဘာငါးတစျကောငျလို
ထည့်ပိတ်ခံရပြန်သည်
-
အမွှေးနံသာမရှိ
ပိုးသတ်ဆေးသာ အဖြန်းခံရသည်
ဝါးတီး ဝေလာဝေး။
-
မသာနှင့်အနီးတဝိုက်တွင် သူလိုကိုယ်လို တိတ်ဆိတ်နေသောမသာများသာရှိသဖြင့် ပျင်းစရာကောင်းလှ၏။
-
အဝတ်အစားမရှိရတဲ့အထဲ
အအေးဒဏ်ကြောင့် ကြာလာလျင်
မသာပါ တိုဝင်သွားလောက်သည်။
-
ဤကား ရန်ကုန်မသာတည်း ။ ။
-
-
🤣🤣🤣
✎﹏ᶜʳᵉᵈⁱᵗ ᵗᵒ ᵒʳⁱᵍⁱⁿᵃˡ ᵘᵖˡᵒᵃᵈᵉʳ﹏♡︎
ⓟⓗⓨⓞⓛⓨⓝⓝ

Comments
Post a Comment