ဒါမှကျော်ကြီး ကွ😁


“အမေ့...


ကျွန်တော်တို့ ဒီအိမ်ကြီးရောင်းလိုက်ရအောင်”


ရုတ်တရက်ပြောလိုက်တဲ့ကျော်ကြီးစကားကြောင့်..ဒေါ်သီတာတစ်ယောက် မွှေလက်စဟင်းအိုးပင် ဆက်မမွှေနိုင်ပဲ....


“ဟဲ့...ဘာလုပ်ဖို့ရောင်းမှာတုန်း..မင်းက ဘာစီးပွါးရေးများလုပ်ချင်လို့တုန်း”


“ဟင့်အင်း...ကျွန်တော် သိန်း၂၀၀၀လောက် အလှုအတန်းလုပ်ချင်လို့ပါ☺️”


“မြတ်စွာဘုရား..သိန်း၂၀၀၀လှုချင်လို့ဟုတ်လား”


“အွင်း”


“စေတနာ သဒ္ဒါတရားကောင်းလှချေလား..သာဓုပါတော်..ဒါနဲ့ ရုတ်တရက်ကြီး မင်းကဘာလို့အလှုအတန်းလုပ်ချင်သွားရတာတုန်း..ပြောစမ်းပါအုန်း”


“အမေ့အိမ်ရောင်းရင် အခုနေ သိန်း၆၀၀၀လောက်ရနိုင်တယ်လေ..အဲ့ထဲက သုဓမ္မမဏိဇောတဓရလိုမျိုး ဘွဲ့ရဖို့အတွက် သိန်း၂၀၀၀လှုမယ်...ကျန်တဲ့၄၀၀၀က ဘွဲ့ယူရင်ဝတ်ဖို့ ရွှေပုဆိုးချုပ်မယ်လေ”


“ဒါဆို အိမ်ရောင်းပြီး ငါတို့လင်မယားကဘယ်သွားနေရမှာတုန်းဟဲ့”


“နေစရာများပေါလို့ဘ..ပူမနေနဲ့..ဘယ်ဘိုးဘွားရိပ်သာကြိုက်သလဲသာပြော..အခုကတည်းက ကျွန်တော်စာရင်းပေးထားလိုက်မယ်”


“အယ်..အဲ့ဂလို”


“ဟုတ်...”


“နင်က ဘာဘွဲ့တွေညာဘွဲ့တွေရချင်တာပေါ့ဟုတ်လားကျော်ကြီး”


“အင်းပါဆို”


“လာ...ဒါဖြင့်ဘွဲ့ယူဖို့သွားကြစို့”


“ဟာ...တကယ်လားအမေ..မြေပွဲစားဆီ အိမ်သွားစပ်တော့မှာပေါ့..ဟုတ်လားအမေ”


“လာပါ...စကားမရှည်နဲ့ ငါနဲ့သာလိုက်ခဲ့...ဘွဲ့ရရင်ပြီးရောမို့လား”


သူ့အမေဆွဲခေါ်ရာနောက်ကို မငြင်းဝံ့ပဲကျော်ကြီးလိုက်ခဲ့ရသည်။


ခင်ဗျားတို့သွားရင်းလာရင်း...လမ်းကြုံရင် ဘုန်းကြီးကျောင်းကို ဝင်ပြီးအအေးလေးဘာလေးကပ်လိုက်ကြအုန်း...ကျော်ကြီးဘွဲ့နာမည်က 

ရှင်ပညာနဒ္ဒတဲ့...သူ့အမေက တစ်ဝါဆိုမှထွက်ရမယ်ဆိုလားဘဲ...😬😬😬


ကျော်ကြီးဘွဲ့ရသွားလေပြီ😂😂😂


Crd


ငိ့ငိ့😁😁😁

Comments

Popular posts from this blog

ချောတယ်လို့