တရားခံ..ဘယ်သူလဲ ဟေ့ ..!!
~~~~~~~~~~~~~~~~~
အသက် ၅၅ နှစ်ရောက်မှ..အသက် ၃၀
အရွယ်ကုမ္ပဏီစာရေးမလေးနှင့် ...အိမ်
ထောင်ပြုလိုက်သော ဘိုးတော်လူပျိုကြီး
သည် ...ဇနီးဖြစ်သူ ကိုယ်ဝန်ရှိလာသည်
ကိုသိလိုက်ရသောအခါ..အလွန်ဝမ်းသာ
သွားပြီး...
အိပ်ပျော်နေသောဇနီးသည်၏ဖုန်းကိုယူ
၍ ...သူမ၏ Contact List တွင်ရှိသူများ
အား ..."ငါ့မှာ ...ကိုယ်ဝန်ရှိနေပြီ" ဟု
Message ပို့လိုက်လေသည်။
ခဏအကြာတွင် ...ထိုသူများထံမှ ..
Message များ ပြန်ဝင်လာသည်။
*အမေ - "ဟဲ့ သမီး ...အရင်ဘဲနဲ့ ပြန်
ဆက်နေတာလား .."
*ညီမ - "စိတ်မညစ်ပါနဲ့ မမ..ယောင်္ကျား
နဲ့ရတယ်လို့သာ..ညာထားလိုက်.."
*ကျောင်းနေဘက် - "ဟိုတစ်ခါဖြစ်တာ..
ကြာပြီနော်..ငါ့ကိုတော့ ခေါင်းပုံမချနဲ့.."
*လုပ်ဖော်ကိုင်ဘက် - "ဟုတ်ပါ့မလား
ကွာ..နှစ်ပတ်ပဲ ရှိသေးတာ .."
*သူဋ္ဌေး - "မင်းတောင်းသလောက်ပေး
မယ်၊ ငါနဲ့ရတယ်ဆိုပြီး..လျှောက်မဖွနဲ့.."
*အိမ်နီးချင်း - "မနောက်ပါနဲ့..သဲရယ်
ကိုယ်သားကြောဖြတ်ထားတာ ကြာပြီ.."
*ဖောက်သည် - "မင်းယောင်္ကျားကို..
ကွာရှင်း လိုက်ပါလား၊ ငါတို့ ဒီကလေး
ကို မွေးကြမယ် .."
*ဆိုင်ကယ် ကယ်ရီ - "ငါ့ကို မစွပ်စွဲနဲ့
အဲဒီနေ့က နောက်တစ်ယောက်လည်း
ပါသေးတယ်.."
.
Oိာန်.... :) :) :)
.
Crd#
ဓားရိုး

Comments
Post a Comment