သောက်ပေါတို့ တိုင်းပြည် 

~~~~~~~~~~~~~~~~


>>ရော့.. ဒီမှာပုလင်းတစ်လုံး အဲ့ဒီပုလင်းထဲကို ဆင်တစ်ကောင်ဖမ်းပြီးထည့်ခဲ့... ပြီးရင်ကျသင့်ငွေ တင်တောင်းလိုက်....

>>ဗျာ... ဆင်အကြီးကြီးကို ဒီပုလင်းအသေးလေးထဲ ဘယ်လိုထည့်လို့ရမှာလဲဗျာ...

>>တော်တော်အသုံးမကျတဲ့ကောင် ကြိုးစားကြည့်မယ်မရှိဘူး. နောက်ထပ်ဘာအလုပ်မှမပေးတော့ဘူး.. သွားတော့


နောက်တစ်ယောက်

>> မင်းကတော့ ပညာရှင်ဆိုတော့ ပုလင်းထဲကို ဆင်ဘယ်လိုထည့်ရမယ်ဆိုတာသိမှာပေါ့ ... ငါ့ကိုအဲ့ကိစ္စလေး မြန်မြန်လုပ်ပေးစမ်းကွာ ..မင်ရဲ့ပညာကြေးကိုလည်း ကျသလောက်ယူသွား....

>> ဒီလိုပါဗျ သီအိုရီအရ အထည့်ခံရမယ်ပစ္စည်းဟာ ထည့်မယ့်ပစ္စည်းထက်ကြီးရမှာဖြစ်သလို... ထည့်မယ့်ပစ္စည်းရဲ့ အလေးချိန်ကိုလည်းခံနိုင်မယ့် ကြံ့ခိုင်မှုမျိုးရှိရပါမယ် ပြီးတော့....

>> အာ အဲ့ဒါတွေမသိချင်ဘူး မင်းလုပ်နိုင်လား မလုပ်နိုင်ဘူးလားပဲပြော....

>> သီအိုရီအရ မဖြစ်နိုင်လို့ပါခင်ဗျ

>> တော်ပြီး မင်းမလုပ်နိုင်လည်း လုပ်နိုင်တဲ့သူပဲခိုင်းမယ်... အလကားကောင် သူအသုံးမကျတာကို သီအိုရီကြောင့် ဘာကြောင့်နဲ့လွှဲချတယ်......


နောက်တစ်ယောက်..

>> မင်းကရော ဘာအလုပ်လုပ်လဲ...

>> ကျွန်တော်လား အကုန်လုပ်ပါတယ်ဗျ ဘာဖြစ်ဖြစ်ခိုင်းပါ ဖြစ်အောင်လုပ်ပေးပါ့မယ်ဗျ...

>> အေး ကြိုက်သွားပြီ ဒီလိုလူမျိုးကို ငါက ရှာနေတာ....

>> ဒီလိုကွာ ဒီပုလင်းအသေးလေးထဲကို ဆင်တစ်ကောင်ဖမ်းပြီးထည့်ချင်တာကွ....ရမလား...

>> ဟုတ် ရတော့ ရမှာပါ ..သိပ်တော့မလွယ်လောက်ဖူး.. ဒါပေမယ့် ဖြစ်အောင်ကြိုးစားပြီးလုပ်ပေးပါ့မယ်.... 


အချိန်တော့နည်းနည်းပေးပါဗျ ... ပြီးတော့ ပိုက်ဆံလည်း နည်းနည်းတော့ကုန်မယ်နော် .. 

>> အာ ရတယ် အချိန်လည်းယူ သိပ်တော့မကြာစေနဲ့ ပိုက်ဆံကတော့ မင်းလိုသလောက်တင်ပြီး အရစ်ကျထုတ်လိုက်ကွာ.....

>> ခုလောလောဆယ်တော့ ကြိုငွေလေးထုတ်သွားလိုက်ပါ့မယ်....


>> ဟေ့မင်းအလုပ်အဆင်ပြေလား ဘယ်အခြေအနေရောက်ပြီလဲ...

>> အခု ဆင်တော့ဖမ်းမိထားပါပြီ နောက်နှစ်ရက်လောက်ဆို လိုအပ်တာ ပြင်ဆင်ပြီး ပုလင်းထဲစထည့်ပါမယ်.... ခုပိုက်ဆံလိုလို့လာထုတ်တာပါ...

>> အေးအေးလိုတာယူသွား မြန်မြန်တော့လုပ်...


>> ဟေ့မင်းလာတာနဲ့အတော်ပဲ ပြောပါအုန်းကွ လုပ်ငန်းအခြေအနေလေး ငါလည်း လူကြီးကိုပြန်ပြောရမှာကွ

>> အဆင်ပြေပါတယ် ခေါင်းနဲ့ရှေ့ခြေနှစ်ချောင်းတော့ ဝင်သွားပါပြီ ဆက်လုပ်ဖို့ အသုံးလိုလို့ ပိုက်ဆံလာထုတ်တာပါ..

>> ဟုတ်လား တော်တော်နီးစပ်နေပြီပဲ ဆက်လုပ်ဆက်လုပ် ပိုက်ဆံလည်းယူသွား ငါလည်း သတင်းကောင်းလေးသွားပြောလိုက်အုံးမယ်....


>> ဟေ့ရပြီလား ဘယ်မှာလဲ....

>> ရတော့ပါမယ်ဗျ ခုတစ်ကိုယ်လုံး ထည့်ပြီးပါပြီဗျ အမြှီးလေးပဲကျန်ပါတော့တယ် နောက်၅ရက်လောက်ဆို လာပေးပါ့မယ်ဗျ ... ခုတော့ အသုံးလိုနေတာလေး

>> ဟေ့ဟေ့ သူ့ကိုလိုတဲ့ပိုက်ဆံထုတ်ပေးလိုက်ကြ....


>> ဟေ့ မင်းပြောတော့ ၅ရက်လောက်ကြာအုန်းမယ်ဆို ဘယ်လိုဖြစ်လို့....

>> ဟုတ်ပါတယ်ဗျာ ကျွန်တော်တို့အဖွဲ့လည်း နေ့မအိပ် ညမအိပ်ကြိုးစားပြီး လုပ်ကြပါတယ်ဗျာ .... ခုဟာက တော်တော်လေးလဲပြီးနေပါပြီ တကိုယ်လုံးလည်းထည့်လို့ရနေပြီ.. အမြှီးလေးကျန်တော့မှ အတင်းထည့်လိုက်တာ ပုလင်းနဲ့မဆိုသလောက်လေးကြပ်ပြီး ကွဲသွားတယ်ဗျာ.... ကျွန်တော် ထပ်ကြိုးစားပေးရမလား....

>> အင်းတော်ပါပြီကွာ မင်းလည်းကြိုးစားတာပဲ ခုဟာက ရခါနီးမှ အဆင်မပြေဖြစ်သွားတာကိုး ထားလိုက်ပါတော့...

>> ဟုတ်ကဲ့ပါဗျ နောက်လိုတာရှိလည်းခိုင်းပါ....

>> အေးအေး ငါလည်းလူကြီးတွေကိုသွားပြီးတင်ပြလိုက်အုံးမယ် မင်းကိုလည်းနောက်မှ ဆုပေးအုန်းမယ်.....


အဲ့သလိုနဲ့ ......

ဆင်ပြောင်ကြီး အမြှီးမှတစ်တဲ့အကြောင်း လူကြီးတွေအကြားမှာ စွန့်စားခန်းကြီးတစ်ခုလို ပြောစမှတ်ဖြစ်နေတာပေါ့.... ဆင်ကြီးကိုပုလင်းထဲထည့်ခိုင်းသူကတော့ရာထူးတွေတက်ပြီး ဆင်ကြီးကိုပုလငိးထဲထည့်ပေးတဲ့သူကတော့ ဂုဏ်ပြုခံရပြီ နောက်လုပ်ငန်းတွေလည်း ထပ်လုပ်ခွင့်ရသွားတာပေါ့.... ဒါပါပဲ..


ခင်ဗျားတို့ကိုပြောပြရတာလည်း မောလိုက်တာဗျာ ... မအားရတဲ့ကြားထဲ... ကျွန်တော်လား??? .. မအားသေးဘူးလေဗျာ ... ဆင်လိုက်ဖမ်းရအုန်းမယ်.... 😀

Crd


Credit Hseng Mong

Via.Soelamin

Comments

Popular posts from this blog

ချောတယ်လို့